/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, August 30, 2012

.

အာအက်ဖ်အေရေဒီယိုမြန်မာပိုင်းသတင်းဌာန အယ်ဒီတာကျင့်ဝတ်မညီသူတဦးအား အရေးယူခြင်းမရှိ

မိမိလက်အောက်မှာအမှုထမ်းနေသူအိမ်ထောင်ရှင်ဝန်ထမ်းအမျိုးသမီးနှစ်ဦးနှင့်လူမှုရေးဖောက်ပြန် သည်ဟုသတင်းထွက်ပေါ်နေသည့် အမေရိကန်နိုင်ငံဝါရှင်တန်အခြေစိုက်အာအက်ဖ်အေမြန်မာပိုင်း ဌာန အယ်ဒီတာဦးခင်မောင်စိုးအားသက်ဆိုင်ရာကယနေ့အထိအရေးယူမူမရှိသေးကြောင်း စုံစမ်းသိရှိရသည်။

လွန်ခဲ့သောသတင်းပတ်ကအာအက်အေ၀ိုင်းတော်သူ ဒေါ်ခင်ခင်အိနှင့်အယ်ဒီတာဦးခင်မောင်စိုးတို့၏ တယ်လီဖုံးမှတဆင့် ၎င်းတို့အတွင်းရေးများအချီအချပြောဆိုသည်ဟုယုံကြည်ရလောက်သည့်လှို့ဝှက် အသံဖိုင်နှစ်ခု ပြင်ပအင်တာနက်မီဒီယာလောကသို့ပေါက်ထွက်လာရာမှအစပြုပြီးအဆိုပါဋ္ဌာနအယ်ဒီတာ ဦးခင်မောင်စိုးနှင့်ဒေါ်ခင်ခင်အိအပြင် ဒေါ်သင်းသီရိတို့၏ လူမှုရေးဖောက်ပြန်မှုများပေါ်ထွက်လာခြင်းဖြစ်သည်။

အာအက်ဖ်အေနှင့်နီးစပ်သည့်သတင်းရပ်ကွက်၏အဆိုအရ လတ်တလောအချိန်အထိကာယကံရှင် အယ်ဒီတာနှင့်ဝန်ထမ်း များအပေါ် အရေးယူခြင်းမရှိသေးသော်လည်းဋ္ဌာနတွင်းစုံစမ်းစစ်ဆေးမှုများကိုမူ ဆောင်ရွက်နေသည်ဟုယူဆရကြောင်းသိရသည်။

အဆိုပါလေ့လာစုံစမ်းမှု၌အာအက်အေ မြန်မာပိုင်းဋ္ဌာနမှမဟုတ်သည့်အထက်လူကြီးများပါဝင်နိုင်သလို၊ ရုံးတွင်းလှို့ဝှက်ချက်များပြင်ပသို့ပေါက်ကြားခဲ့သည့်ဖြစ်စဉ်ကိုအဓိက ဦးစားပေးစစ်ဆေးနေသည်ဟုယူ ဆရကြောင်းလည်းအဆိုပါအာအက်အေနှင့် နီးစပ်သည့်သတင်းရပ်ကွက်အဆိုအရသိရသည်။

ယခုကိစ္စနှင့်ပတ်သက်၍၀ါရှင်တန်ဒီစီအခြေစိုက်အာအက်ဖ်အေမြန်မာပိုင်းဌာနသို့ ဆက်သွယ်မေးမြန်းကြည့် သောအခါထိုဋ္ဌာနမှအမည်မဖော်လိုသည့်အယ်ဒီတာတဦးက ယင်းကိစ္စရပ်များနှင့်ပတ်သက်၍မိမိတို့သတင်းဋ္ဌာ နမှမည်သူတဦးတယောက်မှပြောဆိုဖြေကြားခွင့်မရှိကြောင်း၊သို့သော်အရေးယူစုံစမ်းမှုများလုပ်ကောင်းလုပ် နိုင်ကြောင်း၊မိမိတို့အနေနှင့်ဤကိစ္စတစုံတရာမှမသိရှိသလို၊ထင်မြင်ချက်လည်းမပေးနိုင်ကြောင်း တုန့်ပြန်ဖြေကြားခဲ့သည်။

လွန်ခဲ့သောသတင်းပတ်ကပြင်ပသို့ပျံ့နှံ့ခဲ့သည့်အသံဖိုင်နှစ်ခုစလုံးတွင်ဒေါ်ခင်ခင်အိ၏အသံ တခုသာကြားရပြီး တဖက်မှအယ်ဒီတာဦးခင်မောင်စိုး၏အသံကိုသဲကွဲစွာမကြားရပါ။ သို့သော် အဆိုပါအသံဖိုင်ကိုသေချာလေ့လာ နားထောင်ပါက တဖက်အသံရှင်မှာဦးခင်မောင်စိုးဖြစ်နိုင်သလို၊သူတို့နှစ်ဦး၏ချစ်မှုရေးရာနှင့်ပတ်သက်သည့် မကြေနပ်ချက်များ၊ဖြေရှင်းချက်များ၊ပါဝင်နေပါသည်။အဆိုပါအသံဖိုင်အရအယ်ဒီတာဦးခင်မောင်စိုးသည်သူ၏ လက်အောက်ငယ်သားနှစ်ဦးဖြစ်သည့်အာအက်အေ၀ိုင်းတော်သားဒေါ်ခင်ခင်အိနှင့်ဒေါ်သင်းသီိရိတို့နှင့်ချစ်မှုရေး ရာငြိစွန်းမှုများရှိသလို၊သုံးပွင့်ဆိုင်မကြေလည်မှုများ လည်းရှိနေကြောင်းသိနိုင်သည်။

စိတ်ဝင်စားဘွယ်ကောင်းသည့်အချက်များတွင်ရုံးတွင်းလျှို့ဝှက်ချက်အသံဖိုင် ပြင်ပပေါက်ကြားမှုလည်းပါဝင်သည်။ အာအက်အေမြန်မာပိုင်းသတင်းဋ္ဌာနမှတစုံတယောက်မှမပို့ဘဲဤအသံဖိုင်များပြင်ပရောက်နိုင်မည်မဟုတ်ပါ။ အကဲခတ်သုံးသပ်သူတို့အဆိုအရ၊ဤအသံဖိုင်ပေါက်ကြားမှုတွင်ဦးခင်မောင်စိုးတို့သုံးပွင့်ဆိုင်ချစ်မှုရေးရာ သို့မဟုတ်အခြားအလုပ်ကိစ္စနှင့်ဖြစ်စေ အလိုမကျသူဝိုင်းတော်သားတဦးဦးကအသံဖိုင်မှတ်တမ်းကိုကူးယူဖြန့်ချိခြင်း၊သို့မဟုတ်ဒေါ်ခင်ခင်အိအလုပ်စားပွဲမှ တိတ်တဆိတ်အသံဖမ်းဖြန့်ချိခြင်း၊သို့မဟုတ်ကာရကံရှင်ဒေါ်ခင်ခင်အိကိုယ်တိုင်လည်းအသံဖိုင်သို့မဟုတ်အသံဖမ်း၍ဖြန့်ခြင်း ၊သို့မဟုတ်ပြင်ပမှတယ်လီဖုံးလိုင်းကှိုတဆင့်ခိုးယူအသံကူးခြင်းစသည်တို့ဖြစ်စေ၊အခြားနည်းလမ်းတမျိုးမျိုးနှင့်ဖြစ်စေဆောင် ရွက်ဟန်တူကြောင်းခန့်မှန်းပြောဆိုမှုများလည်းရှိနေသည်။

သို့သော်ယခုကိစ္စသည်အသံဖိုင်မည်သို့သောနည်းနှင့်အပြင်ရောက်သည်မှာအရေးကြီးသလို၊ မီဒီယာသတင်းဋ္ဌာနကြီးတခု ၏အကြီးအကဲအယ်ဒီတာတယောက်မှသတင်းသမား ကျင့်ဝတ်နှင့်မလျော်ညီသည့်၊လူမှုဖောက်ပြန်မှု၊အဂတိလိုက်စားမှု၊ အကျင့်ပျက်စာရိတ္တခြစားမှုတို့ကလည်းအထူးအရေးပါလှသည်။

ရန်ကုန်မြို့အခြေစိုက်သတင်းဂျာနယ်တခုမှဝါရင့်အယ်ဒီတာတဦးက “ကျနော်ကအယ်ဒီတာကိုခင်မောင်စိုးနဲ့လည်း ရင်းနှီးပါတယ်၊ပုဂ္ဂိုလ်ရေးအရဘာမှမပြောလိုပါဘူး၊ ဒါပေမဲ့အထက်လူကြီးတယောက်စောင့်စည်းရမဲ့ကျင့်ဝတ်တွေတော့ ရှိရပါ့မယ်၊အာအက်အေဆိုတာ မြန်မာပြည်သူတွေတလေးတစားနားဆင်နေတဲ့မီဒီယာတခုပါ။

ပိုဆိုးတာက ဦးဝင်းတင်လို၊ရဟန်းရှင်လူတွေကလေးစားတဲ့နိုင်ငံရေးသမားကြီးတွေ၊ နိုဘယ်လ်ငြိမ်းရေးဆုရှင်လည်းဖြစ်၊ပြည်သူတွေလေး စားတဲ့ခေါင်းဆောင်လည်းဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်လိုပုဂ္ဂိုလ်တွေနဲ့လည်းကိုခင်မောင်စိုးကအင်တာဗျူးအစီအစဉ်တွေ လုပ်ပြီးလွှင့်နေတာဗျ။ဒီတော့ အဲဒီခေါင်းဆောင်တွေကို အားနာထောက်ထားဘို့ကောင်းပါတယ်၊ သူတို့ဂုဏ်သိက္ခာလည်း ရှိသေးတာကိုး၊ကျနော်တို့စာနယ်ဇင်းလောကထဲမှာတောင်ဒီကိစ္စတွေဆွေးနွေးဖြစ်ပါတယ်၊ဦးခင်မောင်စိုးအစီအစဉ်တွေကို လူပြောင်းပြီးလုပ်သင့်ပြီဗျ” ဦးခင်မောင်စိုးစီစဉ်သည့်၊ဦးဝင်းတင်၏ခေတ်ဝန်ကိုထမ်း၍ခေတ်လမ်းကိုလျှောက်ခြင်း၊ ဦးဝင်တင်နှင့်စကားပြောခြင်းအပြင်၊ဒေါ်အောင်ဆန်းစုကြည်နှင့်အစီအစဉ်တခုဖြစ်သည့် “ဒီမိုကရေစီခရီးကြမ်းနှင့်ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်တို့သည်ပရိဿတ် နှစ်ခြိုက်သည့်အစီအစဉ်များလည်းဖြစ်သည်၊သို့သော်ဒေါ်အောင်ဆန်းစုကြည်နှင့် အင်တာဗျူးအမေး အဖြေ၌ဦးခင်မောင်စိုး၏“အမ..အမ..ဟုသုံးနှုံးခေါ်ဝေါ်ခြင်းအပေါ် အများကဝေဖန်ထောက်ပြသည်များရှိခဲ့သည်။

လတ်တလော၌အာအက်ဖ်အေရုံးချုပ်တွင်ဝန်ထမ်းအားလုံးယခင်ကအတိုင်းပုံမှန် အလုပ်များလုပ်နေသကဲ့သို့ကာယ ကံရှင်များမှာလည်းပိုနေမြဲကျားနေမြဲအတိုင်း အဆက်အဆံမပျက်ရှိနေသည်ဟုစုံစမ်းသိရှိရသည်။

အယ်ဒီတာဦးခင်မောင်စိုးသည်မြန်မာပိုင်းဋ္ဌာနအကြီးအကဲညွှန်ကြားရေးမှုးဒေါ်ငြိမ်းရွှေနှင့် ရင်းနှီးသူဖြစ်သလို၊အထူးအလေးပေး အားကိုးယုံကြည်မှုခံရသူဟုလည်းသတင်းထွက် နေသူဖြစ်သည်။

“အာအက်ဖ်အေမှာကိုခင်မောင်စိုးကအတော်သြဇာကြီးတယ်လို့ကျနော်တို့သိရတယ်၊ သူနဲ့ပိုင်ရင်၊တည့်အောင်ပေါင်းနိုင်ရင်၊ သူဘာပြောပြောသီးညီးခံနိုင်ရင်ရာထူးတောင်တက်နိုင်တယ်လို့ကြားဖူးတယ်။သူကလည်းဋ္ဌာနမှုးဒေါ်ငြိမ်းရွှေကိုအတော်သြဇာ လွှမ်းတယ် ကြားတယ်၊သူနဲ့တည့်တဲ့ဒေါ်ခင်ခင်အိတို့၊ဦးဝင်းနိုင်တို့ကိုအရေးကြီးတဲ့NLDတို့၊ပြည်သူ့ လွှတ်တော်သတင်းတို့ကို လိုက်ခိုင်းပြီးသူကိုအာခံသူတွေဆိုရင် လုပ်ပိုင်ခွင့်မပေးတာတို့၊ နှိမ့်ချဆက်ဆံတာတို့လုပ်တယ်လို့တောင်ကြားတာပဲ”ဟု အမည်မဖော်လိုသည့် ဂျာနယ်အယ်ဒီတာတဦးကဆိုသည်။

ပြင်ပသို့ပေါက်ကြားသည့်အသံဖိုင်အမှတ်နှစ်၌ဒေါ်ခင်ခင်အိက ဦးခင်မောင်စိုးအားဋ္ဌာနမှုး ဒေါ်ငြိမ်းရွှေနှင့်ပတ်သက်၍မည်သို့ မည်ပုံချည်းကပ်သင့်ကြောင်းအကြံပေးခဲ့သည့်နည်းတူ၊ သူမ၏အသံလွှင့်အစီအစဉ်နှင့်ပတ်သက်၍အလေးပေးဆောင်ရွက် ရန်တိုက်တွန်းသည့် အချက်များကဒေါ်ခင်ခင်အိသည်ဦးခင်မောင်စိုးအပေါ်သြဇာသက်ရောက်မှုရှိသည်ကို ပြသနေပါသည်။

အမည်မဖော်လိုသည့်အာအက်ဖ်အေ၀န်ထမ်းဟောင်းတဦးက“အရင်ဋ္ဌာနမှုးဦးစိုးသင်း လက်ထက်ကလည်းအာအက်ဖ် အေ၀န်ထမ်းတွေကြားမသင့်မြတ်မှုတွေနဲ့၊ အထက်လူကြီးတွေအထိတိုင်တာ၊တောတာတွေရှိခဲ့တာပါဘဲ၊ဒါပေမဲ့ဒီတခါတော့အတော့ ကိုအခြေအနေဆိုးပုံရတယ်၊ဋ္ဌာနတွင်းလျှို့ဝှက်လုံခြုံရေးနည်းစနစ်ပေါက်ကြားမှုရော၊ တရားမျှတမှုမရှိတဲ့အထက်အောက် ဆက်ဆံရေးတွေနဲ့အဂတိလိုက်စားမှု၊မျက်နှာလိုက်မှု တွေရောထွေးနေတဲ့၊အုပ်ချုပ်ရေးဖရိုဖရဲဖြစ်တာတွေရှိနေတယ်၊ ဟုတ်မဟုတ်တော့မသိဘူး ဦးခင်မောင်စိုးရဲ့ကိစ္စတင်မက၊ဋ္ဌာနတွင်းအကြီးအကဲတွေရဲ့ဆက်ဆံရေးတွေကိုပါဝန်ထမ်းတွေ လက်မှတ်ထိုးပြီးအထက်လူကြီးတွေကိုတိုင်တဲ့အထိတောင်ဖြစ်တယ်လို့ကြားတယ်”ဟုဆိုသည်။

“ဒီကိစ္စအမြန်ဆုံးစုံစမ်းအရေးယူမှုမရှိရင်အခြေအနေကပိုဆိုးသွားလိမ့်မယ် အာအက်ဖ်အေနဲ့ဋ္ဌာနအကြီးအကဲတွေရဲ့ဂုဏ်သိက္ခာပါကျဆင်းနိုင်တယ်။ နောက်ဆက်တွဲပြဿနာအများကြီးဖြစ်လာနိုင်တယ်”ဟုအဆိုပါ အာအက်ဖ်အေ၀န်ထမ်းဟောင်းကမှတ်ချက်ချပြောဆိုပါသည်။

FNG

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။