/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, July 4, 2012

.

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်များ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်ငါးရပ် ထုတ်ပြန်

မြန်မာနိုင်ငံရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်များ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်ငါးရပ် ထုတ်ပြန်လိုက်ပြီဖြစ်ကာ အထက်ဖော်ပြပါ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်း မရှိပါက ဟိုတယ်တာဝန်ခံ(GM) များအား အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကာ ဟိုတယ်လုပ်ငန်းဆောင်ရွက်ခွင့် သက်တမ်းတိုးမြှင့်ရေး ကိစ္စရပ်များကို ဆောင်ရွက်ပေးတော့မည် မဟုတ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ပြောကြားသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်များ အခန်းခဈေးနှုန်း တည်ငြိမ်မှုရှိစေရေး၊ အခန်းခနှုန်းထားများ အိမ်နီးချင်းနိုင်ငံများ အပါအဝင် အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းကြီးမြင့်မှု မရှိစေရေး၊ ဟိုတယ်များနှင့် ခရီးသွားလုပ်ငန်း ကုမ္ပဏီများကြား အခန်းများ ဘွတ်ကင်ရရှိရေးနှင့် ပတ်သက်၍ ကန်ထရိုက်ကိစ္စရပ်များကို ဖြေရှင်းပေးရေး၊ ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော နိုင်ငံခြားခရီးသည် ဝင်ရောက်မှု လွယ်ကူစေရေး လုပ်ငန်းစဉ် လေးရပ်အပေါ်တွင် အကောင်အထည်ဖော်နိုင်ရေးတို့ ရည်ရွယ်၍ ယင်းသို့ ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ဟိုတယ်အခန်းခတွေ အရမ်းမြင့်နေတာကို သိပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့လဲ ဝန်ကြီးဌာနအနေနဲ့ အထူးစစ်ဆေးရေးအဖွဲ့တွေ ဖွဲ့ပြီးတော့ ဟိုတယ်တွေမှာ ရာနှုန်းပြည့် အခန်းရရှိမှုရှိ မရှိ၊ ကြိုတင်အခန်းဝယ်ယူမှု စတာတွေ စစ်ဆေးတာ ဘယ်ဟိုတယ်မှ ဒီလိုရာနှုန်းပြည့် ရတာမျိုးတွေ မရှိခဲ့ဘူးဆိုတာ တွေ့ရတယ်။ ဒါကြောင့် ဒီလိုမျိုးတွေ မဖြစ်ရအောင် ဆောင်ရွက်လိုက်တာ ဖြစ်ပါတယ်” ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်တာဝန်ခံများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်များ လိုက်နာဆောင်ရွက်ရမည့် အချက်များမှာ အခြေခံအဆင့်ရှိသော(Standard Room) အခန်းခနှုန်းထားများ အမေရိကန်ဒေါ်လာ ၁၅၀ ထက်မပိုရန်၊ အခန်းခနှုန်းထားများသည် ကျိုးကြောင်းဆီလျော်မှုရှိရန်နှင့် ပတ်ဝန်းကျင်နိုင်ငံများ အထူးသဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းကြီးမြင့်မှုမရှိစေရန်၊ ဟိုတယ်အခန်းခ ကြိုတင်ဝယ်ယူပြီးသော သို့မဟုတ် နှဟ်ဖက်သဘောတူညီချက်ဖြင့် စပေါ်တင်ဝယ်ယူထားသော အခန်းခနှုန်းထားများ ပြောင်းလဲမှုမရှိစေရန်၊ ကြိုတင်ဝယ်ယူထားခြင်း သို့မဟုတ် စပေါ်တင်ဝယ်ယူခြင်းမျိုး မရှိပါက အဆိုပါဟိုတယ်များနှင့် ခရီးသွားလုပ်ငန်း ကုမ္ပဏီများသည် နှစ်ဦးနှစ်ဖက် သဘောတူညီမှုဖြင့်သာ ဆောင်ရွက်ရန်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်များနှင့် ခရီးသွားလုပ်ငန်း ကုမ္ပဏီအကြား သဘောတူညီမှု သို့မဟုတ် ကန်ထရိုက်ပြုလုပ်ခြင်းတို့ကို စာချုပ်ချုပ်ပြီးနောက် ဝန်ကြီးဌာန၌ မှတ်ပုံတင်ထားရှိရန်၊ တစ်ဖက်ဖက်မှ ဖောက်ဖျက်ပါက ဝန်ကြီးဌာနသို့ တင်ပြ၍ အဆုံးအဖြတ်ခံယူရန် ပါရှိကြောင်း သိရသည်။

အဆိုပါ ညွှန်ကြားချက်များကို ဖောက်ဖျက်ပါက အရေးယူဆောင်ရွက်မည့် အခြေအနေ ခုနှစ်ရပ်ရှိသည့်အနက် ဝန်ကြီးဌာနမှ ဟိုတယ် GM များ၏ ဗီဇာသက်တမ်း တိုးမည့်ကိစ္စများကို ထောက်ခံချက်ပေးမည် မဟုတ်ကြောင်း၊ ဝန်ကြီးဌာနနှင့် ဟိုတယ်များကြား သဘောတူ ချုပ်ဆိုထားသော BOT စာချုပ်အရ ဟိုတယ်လုပ်ငန်း ဆောင်ရွက်ခွင့်သက်တမ်း တိုးမြှင့်ရေး ပြန်လည်စဉ်းစား သုံးသပ်သွားမည်ဖြစ်ကြောင်း၊ ဟိုတယ်များနှင့် ခရီးသွားလုပ်ငန်း ကုမ္ပဏီများအကြား အခန်းဝယ်ယူခြင်းနှင့် ပတ်သက်၍ စာချုပ်ချုပ်ဆိုရာတွင် နှုန်းထားငှားရမ်းမည့်ကာလ၊ အခန်းအရေအတွက်တို့ကို ထည့်သွင်းဖော်ပြရန်၊ ဖောက်ဖျက်မှုရှိပါက ဖောက်ဖျက်သူဘက်မှ သတ်မှတ်ထားသော ငွေပမာဏအတိုင်း ပေးလျော်ရန် ထုတ်ပြန်ကြေညာထားကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။