/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, June 26, 2012

.

ကိုသူရ(ခ)ဇာဂနာ၊ ဗစ်ကီိဘိုးမန်း၏ယောက်ျားပန်းချီထိန်လင်း၊ဦးဝင်းနိုင်(အန်လယ်ဒီ-အယ်အေ-ယူကေဥက္ကဌ)၊ ကိုအောင်(၈၈)တို့၏ ပူးပေါင်းလုပ်ကြံမှု

"ကိုသူရ(ခ)ဇာဂနာ၊ ဗစ်ကီိဘိုးမန်း၏ ယောက်ျားပန်းချီထိန်လင်း၊ ဦးဝင်းနိုင်(အန်လယ်ဒီ-အယ်အေ-ယူ ကေဥက္ကဌ)၊ကိုအောင်(၈၈)တို့၏ ယူကေနိုင်ငံတွင် ထေရဝါဒ သက်ကြီးဝါကြီး သိက္ခာရဆရာတော်ကြီးများ နှင့် မြန်မာနိုင်ငံသူနိုင်ငံသား တိုင်းရင်းသား ညီအကိုမောင်နှမများအား အရှက်သိက္ခာကျစေရန် ပိပိရိရိ ပူးပေါင်းလုပ်ကြံမှုကြီး"

၂၀၁၂ ခုနှစ် ဇွန်လ ၂၂ ရက်နေ့တွင် ယူကေနိုင်ငံတွင် မြန်မာ့ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုကြိုဆိုပွဲကြီးကို ယူကေနိုင်ငံ ဆောက်ဘန့်ခ် စန်တာရှိ ကမ္ဘာကျော် "Royal Festival Hall" ကြီးတွင် ကျင်းပခဲ့ကြပါသည်။ အပေါ်ယံကြောမှကြည့်လျှင် အလွန်အောင်မြင်သော ကြိုဆိုပွဲကြီးအဖြစ် မြင်ရပါလိမ့်မည်။

သို့ပါသော်လည်း အတွင်းကို စိုက်စိုက်ကြည့်လိုက်ပါက ယူကေနိုင်ငံတွင် နေထိုင်လျှက်ရှိပြီး တရားတော်များကို ဟောကြားပေးနေသည့် အပြစ်မဲ့ ထေရဝါဒ သက်ကြီးဝါကြီး သိက္ခာရဆရာတော်ကြီးများနှင့် ယူကေနိုင်ငံအပါအဝင် နိုင်ငံပေါင်းစုံ၊ ရပ်ဝေးရပ်နီးမှ လာကြသူများအားလုံးကို အရှက်သိက္ခာကျစေရန် အထက်ပါ လေးဦး ဦးဆောင်၍ အကွက်ကျကျ၊ ပိပိရိရိ ပူးပေါင်းကြံစည် လုပ်ကြံမှုကြီး ဖြစ်ကြောင်းကို ထမင်းစား၍ ကြီးသူတိုင်း တွေးတောနားလည် မျက်ဝါးထင်ထင် တွေ့မြင်နိုင်သည့် ပွဲကြီးတခုဖြစ်ကြောင်းကို သမိုင်းတင်စွာ သိရှိခဲ့လိုက်ကြပါသည်။

ပထမဦးစွာ ကြားသိရသော သတင်းများ၊ ဖေ့ဘုတ်နှင့်တကွ အင်တာနက်လိုင်းများအားလုံးတွင် ကျော်ကြားနေသော သတင်းများအ၇ လက်မှတ်ရောင်းကြမည်ဟုကြေငြာပြီးမှ မရောင်းတော့ပါဖြစ်ခဲ့ကြသည်။ ထို့နောက် တီရှပ်များ၊ ရင်ထိုးတံဆိပ်များ၊ အလံများအပါအဝင် အမျိုးမျိုးသော ရောင်းစရာများကို ရောင်းချ၍ ရန်ပုံငွေရှာမည်၊ ဒေါ်အောင်ဆန်းစုကြည်ကို လှူကြမည်ဟု ပြောဆိုသံများထွက်လာကြပြန်သည်။

၎င်းနောက် အိုင်ယာလန်နိုင်ငံမှလာမည့် ဒေါ်အောင်ဆန်းစုကြည်ကို လေဆိပ်တွင်ကြိုဆိုကြမည်၊ ပါလီမန်ထဲတွင်မြန်မာများ သွားရောက် နားထောင် နိုင်ရန်စီစဉ်လျှောက်ထားပေးမည်ဟု ပန်းပဲတန်းမြို့နယ် အမတ်ဟောင်း ဦးမောင်မောင်အောင်အပါအဝင် အထက်ပါ ဆရာကြီး လေးဦးမှ လူ၅၀ခန့်တက်ရောက်သော အစည်းအဝေးတွင်အတိအလင်း ကြော်ငြာခဲ့သည်ကို မြန်မာပြည်သူပြည်သားများ အဆင့်ဆင့်ကြားသိခဲ့ကြသည်။သက်သေများအပြည့်အစုံရှိကြသည်။

တကယ့်တကယ်မှာတော့ လေဆိပ်သွားကြိုသူများလဲ ညသန်းကောင်အထိအိပ်ရေးပျက်ပြီးမတွေ့ခဲ့ကြရပါ။ ထို့နောက် ၁၉ရက်နေ့၊ ဇွန်လ ၂၀၁၂ တွင် ဗီဒီယို များပေါ်ထွက်လာပြီး အထက်ပါဆရာကြီးများက တိုင်းရင်းသားအစုံအလင်မပါဝင်ပဲ၊ ခရီးပန်းလာသည့် ဒေါ်အောင်ဆန်းစုကြည်ကို သူမတည်းခိုရာ ဟိုတယ်၌ မနက်အစောကြီး သွားရောက်၍ စိတ်အနှောက်အယှက်ဖြစ်စေမည့် မေးခွန်းများ မေးထားတာကို ၄င်း ဗွီဒီယိုတွင်တွေ့မြငိနိုင်ခဲ့ကြပါသည်။

ထို့နောက် ထိုနေ့မှာပဲ လန်ဒန် စီးပွားရေးတက္ကသိုလ်တွင်လည်း ကိုအောင်(၈၈) ကနောက်ကွယ်မှ နေကာ၊ အမေရိကန်နှင့် ယူကေတွင် ဒီမိုကရေစီတိုက်ပွဲသစ္စာဖောက် နာမည်ဆိုးနှင့် ကျော်ကြားနေသူ၊ ကိုယ့်နာမည်ကျော်ကြားရေးသာ အထူးဆောင်ရွက်နေသူ မောင်ဇာနည်တို့ ဒေါ်အောင်ဆန်းစုကြည်ကို ဒုက္ခပေးသော မေးခွန်းများကိုသာမေးမြန်းခဲ့သည်ကို ဗွီဒီယိုများတွင် ထပ်မံပါရှိလာခဲ့ပါသည်။

ထို့နောက် အောက်စဖို့ ခရီးစဉ်တွင် အထက်ပါဆရာကြီးများပျောက်နေပါသည်။ ၂၁ရက်နေ့ ဇွန်လ ၂၀၁၂ နေ့တွင် ထွက်ပေါ်လာသော သတင်းများ၊ ဗွီဒီယိုများအရ မြန်မာနိုင်ငံ၊ ဒီမိုကရေစီရရှိရေးကို စွမ်းစွမ်းတမံ၊ ကိုယ်အား ဥာဏ်အား၊ လူအား စိတ်အား၊ သားပြစ်သမီးပြစ်၊ အိုးပြစ် အိမ်ပြစ်၊ စေတနာ မေတ္တာအပြည့်အဝနှင့် ပြုလုပ်နေသော မြန်မာနိုင်ငံသားအများစုမှာ ဗြိတိန်နိုင်ငံ၊ ပါလီမန်မှ ကျင်းပပေးသော ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပွဲတွင် မတွေ့ရပါပဲ၊ မိမိအကျိုးအမြတ်နှင့် လူတစု၏ အကျိုးအမြတ်ကိုသာ အထူးအလေးထားလုပ်ဆောင်နေသော အဖွဲ့အစည်း၏ လစာစားဝန်ထမ်းများ နှင့် အထက်ပါဆရာကြီးများထဲမှ အချို့ကို တွေ့ရှိခဲ့ကြရပါသည်။

၂၂ ရက် ဇွန်လ ၂၀၁၂ တွင် မြန်မာနိုင်ငံသူနိုင်ငံသားတိုင်းရင်းသားအများစုနှင့် ဖိတ်ကြားထားသော ယူကေရှိ သက်ကြီးဝါကြီး ထေရဝါဒ သိက္ခာရ ဆရာတော်ကြီးများ အထူးစောင့်စားနေသော နေ့ထူးနေ့မြတ်ကြီးကို ရောက်လာခဲ့ပါပြီ။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်အား လေးလေးစားစား ကြိုဆို ဂုဏ်ပြုချင်ကြသော၊ တနည်းအားဖြင့် မတွေ့ရတာ အနည်းဆုံး ၂၄နှစ်ကျော် ကြာမြင့်ပြီဖြစ်သော မြန်မာပြည်ချစ်သူ၊ မြန်မာနိုင်ငံသူ ဒေါ်အောင်ဆန်းစုကြည်ကို အားရပါးရ တွေ့ဆုံကြရန် အမျှော်လင့်ကြီး မျှော်လင့်ခဲ့ကြသော ပွဲတော်ကြီးဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းကူညီနေကြသော မြန်မာနိုင်ငံသူနိုင်ငံသား၊ တိုင်းရင်းသားတိုင်းရင်းသူညီအကိုမောင်နှမများ အစုံအညီ သက်သေတည်ပြီ့း့သမိုင်းဝင်နေ့တနေ့အဖြစ် ဂုဏ်ယူမှတ်တမ်းတင်ဖွယ်နေ့တနေ့ဖြစ်အောင် ကျင်းပပြု လုပ် ပေးနိုင်ရန် မျှော်လင့်စောင့်စားနေကြသောနေ့တနေ့လည်း ဖြစ်ခဲ့ပါသည်။

လက်မှတ်မရောင်းရတော့သဖြင့် အထွေထွေကုန်ကျစရိတ်များရှိနေပါသည်ဟု တရားဝင် အစည်းအဝေးများတွင် အထက်ပါ ဆရာကြီးများဦးဆောင်၍ ဖွင့်ဟခဲ့ပါသောကြောင့် သဒ္ဒါတရားပြည့်ဝသော မြန်မာပြည်သူပြည်သားအများစုမှ အလှူငွေများကိုလည်း လူအများရှေ့တွင် ထည့်ဝင်ခဲ့ကြသည်ဟု သိရှိခဲ့ကြရပါသည်။ ထို ၂၂ ရက် ဇွန်လ ၂၀၁၂ ခုနှစ်၊ မနက်ပိုင်းတွင် "Royal Festival Hall" ရှေ့တွင်ကြွရောက် လာကြသော ဗြိတိန်နိုင်ငံသားများ၊ မြန်မာနိုင်ငံ သူနိုင်ငံသားများ၊ ဗြိတိန်နိုင်ငံတွင် နေထိုင်သီတင်း သုံး၍ မြန်မာနိုင်ငံသူနိုင်ငံသား တိုင်းရင်းသူတိုင်းရင်းသား ညီအကို မောင်နှမများကိုသာမက၊ ဗြိန်တိန်နိုင်ငံသားများအပါအဝင် အခြားသော နိုင်ငံခြားသားများကိုပါ နိဗ္ဗာန်ရောက်ကြောင်းတရားများကို စေတနာရှေ့ထား၍ ဟောကြားပေးနေသော ထေရဝါရ သိက္ခာတော်ရ သက်ကြီးဝါကြီး ဆရာတော်ကြီးများကို၊ ထိုနေ့ ကျင်းပမည့် အခမ်းအနားအစီအစဉ် စာရွက်ကို စံနစ်တကျ ၄င်း ခန်းမမှ ဝန်ထမ်းများက အယောက်ထိုင်းကို ဝေပေးခဲ့ကြပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်းကြိုတင်၍ အစီအစဉ်ကို ဖတ်ထားပြီးပြီဟုသိရှိခဲ့ရပါသည်။ ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန်နိုင်ငံရှိ ဆရာတော်ကြီးများကို ရှေ့ဆုံးတန်းတွင် ဂါဝရပြုထားရှိပါရန် မှာကြားပြီးဖြစ်ကြောင်း ကြားသိခဲ့ကြပါသည်။

အခမ်းအနားအစီအစဉ်များအရ မနက်၁၀ နာရီမှ ၁၀နာရီခွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်သည် "Prospect Burma" အဖွဲ့နှင့် ဆွေးနွှေးပွဲ ကျင်းပနေချိန်တွင် အထက်ခေါင်းစဉ်ပါ ဆရာကြီး ဇာဂနာ နှင့် ဆရာကြီး ထိန်လင်းတို့မှ ပရိသာတ်ကို အဖွင့်ကြိုဆိုမည်။ ထို့နောက် ၄င်းတို့စီစဉ်ထားသည့်အတိုင်း ဦးသီရိမောင်မောင် ဆိုင်းအဖွဲ့မှ ဒေါ်မာမာအေးနှင့် ပူးတွဲ၍ ဖျော်ဖြေမည်။ ထို့နောက် လူငယ်လေး ဇာနီကိုကိုမှ မြန်မာအမျိုးသမီးပျိုလေးများနှင့် ကပြမည်။ ထို့နောက်... ထို့နောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှုထုံးတမ်းစဉ်လာ အရ အလွန့်အလွန်အရေးအကြီးဆုံးကဏ္ဍဖြစ်သော၊ ထို့နည်းတူစွာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင်မြန်မာနိုင်ငံသူနိုင်ငံသား တိုင်းရင်းသားတိုင်းရင်းသူ ညီအကိုမောင်နှမများ၊ ဗြိတိန်နိုင်ငံရှိ ထေရဝါရ သိက္ခာရ ဆရာတော်ကြီးများ၊ အထူးယုံကြည် လွှဲအပ်ထားသော အဓိက အရေးအကြီးဆုံးအစီအစဉ်ဖြစ် သည့်၊ မြန်မာနိုင်ငံတော်ကြီးနှင့် တကွ ဒေါ်အောင်ဆန်းစုကြည်အပြင် မြန်မာနိုင်ငံသူ နိုင်ငံသားများ၊ တိုင်းရင်းသားညီအကို မောင်နှမများအားလုံး ရင်ဆိုင်နေရသော ဘေးအန္တရယ်အသွယ်သွယ်နှင့် အထွေထွေကျန်းမာရေးများ အထူးကောင်းမွန်ပါစေရန်၊ မြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်ပါစေရန် ဗြိတိန်နိုင်ငံရှိ ထေရဝါရ သက်ကြီးဝါကြီး သိက္ခာရ ဆရာတော်ကြီးများအားလုံး ဆုမွန်ကောင်းတောင်းပေးမည့် မင်္ဂလာဆုတောင်းရွတ်ဆိုပွဲ အစီအစဉ် ဖြစ်ပါသည်။

သို့ပါသော်လည်း ထိုအစီအစဉ်ပြုလုပ်ရမည့် အချိန်တွင် မတ်တပ်ရပ်လိုက်သော မြောင်းမြဆရာတော်ကြီး၊ ဆရာတော်ဦးဥတ္တရကို မျက်လုံးချင်းဆုံ၍ လျှပ်တပျက်စိုက်ကြည့်လိုက်သော အထက်ပါဆရာကြီးနှစ်ဦးလည်းဖြစ်၊ အခမ်းအနားတာဝန်ကိုလည်း ယူထားသူ ဇာဂနာ နှင့် ပန်းချီထိန်လင်းတို့သည် တရားဝင် လက်ကမ်းအစီအစဉ်စာရွက်ဝေထားသော အစီအစဉ်ပါ အရေးအကြီးဆုံး ထိုကဏ္ဍ ကို မျက်နှာပြောင်ပြောင် ကျော်ချသွားခဲ့သည်။ အင်္ဂလိပ်ဘာသာဖြင့် ဝေထားသော အစီအစဉ်စာရွက် ဖြစ်သည့်အပြင် ဤဗြိတိန်နိုင်ငံတွင် အစီအစဉ် စာရွက်ဝေပေးထားလျှင် ဤအစီအစဉ်အတိုင်းစံနစ်တကျသာ တိတိကျကျအောင်မြင်အောင် ပြုလုပ်လေ့ရှိသဖြင့် ဗြိတိန်နိုင်ငံသားများအပါအဝင် ဖိတ်ကြားထားသော၊ ကြွရောက်လာသော အခြားလာအားပေးသော နိုင်ငံခြားသားများမှာ အံ့သြတကြီးဖြစ်ခဲ့ကြသည်။

အထိကရဖိတ်ကြားထားသော ဆရာတော်ဘုရားကြီးများနှင့် မေတ္တာဆုတောင်းပွဲကို မျှော်လင့်စောင့်စားနေကြသော မြန်မာနိုင်ငံသူနိုင်ငံသား တိုင်းရင်းသူတိုင်းရင်းသား ညီအကိုမောင်နှမများမှာ ဆိုဖွယ်ရာစကားမရှိ၊ အလွန်အရှက်ရ သိက္ခာကျပြီး၊ ဆရာတော်ဘုရားကြီးများပြန်ထိုင်ချတာ တွေ့မြင်ခဲ့ကြရပြီး၊ ၄င်း အခမ်းအနားမှူး နှစ်ယောက် နှင့် အထက်ခေါင်းစဉ်ပါ ဆရာကြီး လေးယောက်၏ ပိပိရိရိ သီတင်းပတ်ပေါင်းများစွာ၊ အတူတကွ ပူးပေါင်းကြံစည်ခဲ့ကြသည့် ဆရာတော်ဘုရားကြီးများကိုသာမက၊ ကြွရောက်လာသောမင်းပရိသာတ် ၂၅၀၀၊ မြန်မာနိုင်ငံသူနိုင်ငံသားတိုင်းရင်းသား ညီအကိုမောင်နှမများ အများစုကို၊ အရှက်မဲ့စွာ နောက်ကျော ဒါး နှင့် နက်နက်ထိုးလိုက်သည့် အဖြစ်ကို မျက်ဝါးထင်ထင်၊ သမိုင်းဝင်၊ သက်သေများစွာနှင့်တကွ တွ့မြင်လိုက်ရသော နေ့တနေ့ ဖြစ်ပါသည်။

၎င်းအပြင် ဆရာကြီးဇာဂနာသည် အခြားသော မျက်လှည့်များကိုလည်း မျက်နှာပြောင်ပြောင် စင်မြင့်ပေါ်မှာ ပရိသာတ်ကို ပြသွားခဲ့ သေးသည်။ ကိုအောင်(၈၈)ကလည်း အလုပ်အထူးကြိုးစားပေးနေသယောင်ယောင်နှင့် ဟိုပြေးဒီပြေးဖြင့် ရံပုံငွေပစ္စည်းများ ရောင်းချ၍ အမြတ်ရရှိရေးကို ၄င်းနှင့်ပါတနာများဖြစ်သောသူများနှင့် ကြိုးစားပန်းစားရောင်းစားရေးကို လုပ်နေသည်ကို မျက်လုံးရှိသူတိုင်း မြင်ခဲ့ကြရသလို၊ ဤဇတ်လမ်းအစအဆုံးမှာ သူကဆရာကြီးတဆူအဖြစ် ပါဝင်ခဲ့သူကို လူတိုင်းသိရှိခဲ့ကြပါသည်။

၎င်းတို့ကတော့ထင်မည်။ သူတို့၏ ပိပိရိရိ လုပ်ကြံမှုကြီး အထူးအောင်မြင်သည်ဟု။ သူတို့မသိလိုက်သည်ကား(သို့) သူတို့ ဂရုလည်းမစိုက်သလို သိလည်းမသိလိုသော အချက်မှာကား ဆရာတော်ဘုရားကြီးများနှင့် အနယ်နယ်အရပ်ရပ်မှ ကြိုးစားပမ်းစား၊ အလုပ်ဖျက်၊ ကျောင်းဖျက် လာရောက်ခဲ့ကြသော၊ ဗြိတိန်နိုင်ငံတွင်အနေကြာပြီဖြစ်သော ဆရာဝန်ကြီးများမိသားစုများ၊ ကျောင်းသားလူငယ်ပညာတတ်များ၊ အခြားသော အထွေထွေ မေတ္တာတရားကြီးမားသူများ အားလုံးနှင့်တကွ အချို့သော ထို ဆရာတော်ကြီးများကို ကိုးကွယ်နေသည့်၊ ထေရဝါရတရားကို ၄င်းဘုန်းကြီးကျောင်းအသီးသီးတွင်း တရားသွားအားထုတ်နေကြသော နိုင်ငံခြားသား ပရိတ်သာတ်များပါ ပါးစပ်မှ ထုတ်မေးသည်အထိ၊ အဘယ့်ကြောင့်တိုင်းသိပြည်သိ ကြော်ငြာထားသော ထိုနေ့၏ အရေးအပါဆုံး မြန်မာ့ရိုးရာ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ မင်္ဂလာဆုတောင်းပွဲအစီအစဉ် သိသိသာသာကျော်ချသွားခဲ့ရသနည်းဟု ဖြစ်ခဲ့ကြရပါသည်။

ကဲ ဤလုပ်ကြံမှုကြီးအတွက် မည်သူတာဝန်ခံသနည်း။ ရှေ့ရှောက် ၄င်းတို့နှင့် မည်သူက အလုပ်ဆက်၍ လက်တွဲပြီး လုပ်ချင်ပါဦးမည်နည်း။ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချခဲ့သလို၊ နိုင်ငံကျော် ထေရဝါရ သိက္ခာရ ဆရာတော်ကြီးများကိုလည်းအသုံးချ၍ ပွဲလုပ်ပြီး နောက်ကျော ဓါး နှင့်ထိုးသော သစ္စာမဲ့ပွဲကြီးကို လုပ်နေကြဖြစ်သော ကိုအောင်(၈၈) နှင့် ထိန်လင်း၊ ဦးဝင်းနိုင်ကတော့ ဗြိတိန်တွင်နေထိုင်သူတိုင်းသိပြီးသားမို့ထားပါတော့၊ ဗြိတိန်နိုင်ငံအထိရောက်အောင်လာ၍ ပူးပေါင်း လုပ်ကြံခဲ့သော ဇာဂနာ ၏မျက်နှာကို ပွဲလာသူအများစုမှာ ကြည့်တောင်မကြည့်ချင်တော့ပါဟုတရားဝင်ပြောကြားခဲ့ကြောင်း ဝေမျှလိုက်ရပါသည်။ အသေးစိတ်သိလိုသူများ ထိုနေ့ပွဲကို တရားဝင်တက်ရောက်ခဲ့သူ ၂၅၀၀ ကိုသာဆက်သွယ်ကြည့်ကြပါတော့ဟု ပြောပါရစေတော့။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။