/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, June 26, 2012

.

ယူကေတွင် ပြဿနာဖြစ်ပွားခဲ့သော ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်မှ နောက်ဆက်တွဲ များ

ဇာဂနာ - တိုနေ့ အခမ်းအနား အစီအစဉ်ကျင်းပနေစဉ် ကျွန်တော်တို့ မျော်လင့်မထားမိသော စင်မြင့် အခြေအနေ အစီအစဉ်အတွင်း အချိန်ကိုက်စီစဉ်ထားမှုထဲမှ လွဲချော်မှုများကြောင့် ထိုနေ့ အခမ်းအနား အစီအစဉ်တွင် ကြိုတင်စီစဉ်ထားသည့် အရေးအကြီးဆုံး အစီအစဉ် တခုဖြစ်သည့် ယူကေနိုင်ငံတွင် သီတင်းသုံးနေကြသော ရဟန်းတော်များမှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အန္တရာယ် ကင်းရှင်းကာ နိုင်ငံအကျိုးကို ဆထက်တပိုး သည်ပိုး ထမ်းဆောင်အောင်မြင်ပါမည့် အကြောင်း ဆုမွန်ကောင်းများ ပို့သမည့်အပြင် လန်ဒန်မြို့ သာသနာရံသီ ဆရာတော်ဦးဥတ္တရမှ ယူကေနိုင်ငံရောက် မိသားစုအားလုံး၏ကိုယ်စား ကြိုဆိုနှုတ်ဆက်စကား ပြောကြားမည့် အစီအစဉ်ကို ထည့်သွင်းကြေညာရန် ပျက်ကွက်ခဲ့ပါသည်။

ထိုသို့ပျက်ကွက်ခဲ့သည့် ကိစ္စအတွက် ဘာသာရေးရှူဒေါင့်မှ လည်းကောင်း၊ နိုင်ငံရေးရှုဒေါင့်မှ လည်းကောင်း မတင့်မတယ် ဖြစ်ခဲ့ရခြင်းအပေါ်တွင် လည်းကောင်း သံဃာတော်များနှင့် ဒကာ၊ ဒကာမများ စိတ်နှလုံး မချမ်းမမြေ့ ဖြစ်ခဲ့ရခြင်း အပေါ်တွင်လည်းကောင်း ခွင့်လွတ်ပေးပါရန် ရိုသေစွာဖြင့် ၀န်ချ တောင်းပန်အပ်ပါသည် ဘုရား။

Ko Kaung Myat - ဖြစ်မြောက်ရေး ကော်မတီဆိုတာရှိမှမရှိပဲ။ မင်းတို.က တောင်းပန်တာ တောင် လိမ်တာပါနေပြန်ပြီ။ ဂုဏ်သိက္ခာရှိစွာ ဦးဆောင်မှုပြုနိုင်အောင် ငါကိုယ်တိုင် အစည်း အဝေး မှာ ဖြစ်မြောက်ရေး ကော်မတီဖွဲ.ဖို. တင်ပြခဲ့တာပဲ။ မင်းတို. လုပ်ချင်တာ လုပ်ခွင့် ရအောင် ဖြစ်မြောင်ရေး ကော်မတီတွေပါတွေလုပ်မနေပါနဲ. ဆိုပြီး ပယ်ချခဲ့ကြတာမလား။ အစည်းဝေး မှတ်တမ်းတွေရှိတယ် လိမ်ဖို. မကြိုး စားကြနဲ.။ အားလုံး ဂုဏ်သိက္ခာ ရှိစွာလုပ်ကြရင် ကောင်းမယ်။

Ko Kaung Myat -



ဇာဂနာ ကတော့ ထိန်လင်းအိမ်မှာ အကျယ်ချုပ်ကျနေတာပဲ။ ထိန်လင်းပြော သမျှလျှောက်လုပ်ပြီး မြန်မာပြည်ကို အဆဲခံပြီးပြန်ရတော့မယ်။ USA ခရီးစဉ် နဲ. တခြားစီဖြစ်သွားပြီ။

Dassk London - ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပွဲအတွက် လက်မှတ်ဖိုး ပေးချေထားသောသူများကို ငွေပြန်အမ်းမှုများ ပြုလုပ်နေပြီး ... ငွေပေးခဲ့သူ အတော်များများကို ယနေ့တွင် သက်ဆိုင်ရာ ဘဏ်များထဲသို့ ပြန်လည်ထည့်ပေးခဲ့ပြီး ဖြစ်ပါသည်။ (ယနေ့သည် တနင်္ဂနွေနေ့ ဖြစ်သောကြောင့် ဘဏ်စာရင်းသို့ ငွေရောက်ရှိခြင်း နှေးနိုင်ပါသဖြင့် မရောက်ရှိသူများ တနင်္လာနေ့အထိ စောင့်ကြည့်ပေးပါရန် မေတ္တာ ရပ်ခံအပ်ပါသည်။) တနင်္လာနေ့မှ မရလျှင် .. ငွေ မရရှိသေးကြောင်း ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။

သို့သော် အချို့သော ဘဏ်အကောင့် မပေးရသေးသူများ၏ ငွေအချို့ ပြန်အမ်းရန် ကျန်ရှိနေပါသေးသည်။ ထိုကြောင့် အမြန်ဆုံး ဆက်သွယ်၍ ဘဏ်အကောင့်များကို text message ရထားသော ဖုန်းနံပါတ်သို့ လည်းကောင်း၊ dassklondonevent@gmail.com သို့ လည်းကောင်း ဆက်သွယ် ပေးပို့နိုင်ပါသည်။

ငွေပြန်အမ်းဖို့ လက်ခံရယူရန် ကျန်ရှိနေသော သူများမှာ

၁။ Ma Thinzar Min
၂။ Yamin Myo Nyunt
၃။ Ms Hla Win Myat

တို့ ဖြစ်ကြပါသည်။

အထက်ပါ ပုဂ္ဂိုလ်များ အမြန်ဆက်သွယ်ကြပါရန် အကြောင်းကြားအပ်ပါသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။