ကချင်ပြည်နယ် ဖားကန့် ဒေသရှိ ကျောက်မျက်ကုမ္ပဏီများကို KIA တပ်ရင်း(၆)ကနေ
မေလ(၁)ရက်နေ့ ၂၀၁၂ မှစပြီ ဆက်ကြေးတောင်းခံတဲ့ စာများပေးပို့ ထားကြောင်းသိရပါတယ်။
KIA မှ တောင်းခံထားတဲ့ ဆက်ကြေးနှုန်းထားများမှာ --
၁။ ၆ ဘီး - ငါးရံခေါင်း(ဒမ်ထရပ်) = 1,500,000
၂။ ၁၀ ဘီးကား = 800,000
၃။ ၁၂ ဘီးကား = 1,000,000
၎။ Back Hole အား ၂၀၀ နှင့် ၃၀၀ ကြား = 1,000,000
၅။ Back Hole အား ၃၀၀ နှင့် ၅၀၀ ကြား = 1,000,000
၆။ Back Hole အား ၅၀၀ အထက် = 2,000,000
၇။ ကျင်းသား (တစ်ယောက်) = 2000
၈။ ကျောက်စိမ်းလုပ်ကွက် အခွန် = 5,000,000
၉။ ယူဒါ+Dozer = 200,000
၁၀။ ပါဂျဲရို+ဖိုးဝှီး+ထပ်ကား = 300,000
၁၁။ လုပ်ပိုင်ခွင့် = 3,000,000
စတဲ့ နှုန်းထားများသတ်တောင်းခံထားတာဖြစ်ပါတယ်။
အစိုးရနဲ့ KIA ငြိမ်းချမ်းရေးမလုပ်ခင်တုန်းကလည်း ဖားကန့် ဒေသရှိ စီးပွါးရေးလုပ်ငန်း
အားလုံးကနေ KIA က ဆက်ကြေးကောက်ခံခဲ့ဖူးပါတယ်။ အခုအစိုးရနဲ့ ငြိမ်းရေးပျက်ပျယ်
သွားပြီး တိုက်ပွဲပြန်ဖြစ်ပွါးလာချိန်မှာ KIA က ဆက်ကြေးပြန်ကောက်လာတာဖြစ်ပါတယ်။
ကျောက်မျက်လုပ်ငန်းတွေအပြင် လောင်းကစားဝိုင်းများနဲ့ တခြားစီးပွါးရေးလုပ်ငန်း
များကိုလည်း ဆက်ကြေးတောင်ခံစာပို့ ထားကြောင်း ဖားကန့် ဒေသခံတွေဆီကနေ
Myanmar News Now မှ စုံစမ်းသိရှိရပါတယ်။
မူရင်းသတင်းက ဒီမှာပါ။
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။