/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, March 21, 2012

.

မန္တလေး ဗုဒ္ဓမြတ်စွယ်တော် ဆင်ဖြူ တော် ဥယျာဉ် စီမံကိန်း ဆောင်ရွက်

မန္တလေးမြို့ အဝင် ရန်ကုန်မန္တလေး ကားလမ်းမကြီး၏ အရှေ့ဘက်ရှိ ဗုဒ္ဓမြတ်စွယ်တော် ရတနာ ဆင်ဖြူနှစ်စီးကို ထားရှိရန် အတွက် ဆင်ဖြူတော် ဥယျာဉ် စီမံကိန်းကို ဗုဒ္ဓ မြတ်စွယ်တော် ဧရိယာအဝင်း အတွင်း မတ်လ ပထမပတ်မှစ၍ စတင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ရတနာ ဆင်ဖြူတော်ဥယျာဉ် စီမံကိန်းတွင် ၇၂ ပေပတ်လည် ကျယ်ဝန်းသော ဆင်ဖြူတော် ဆောင် ၁ ဒသမ ၅ မိုင် ရှည်လျား သော ဆင်ဖြူတော်လျှောက်လမ်း၊ အချင်းဝက် ၁၈ ပေ၊ အနက် ၁၀ ပေရှိ ဆင်ဖြူတော် ရေချိုးကန်နှင့်၂၄ ပေပတ်လည်ကျယ်ဝန်းသော ဆင်ဖြူတော် ဆေးရုံတို့ပါဝင်ပြီး ဗုဒ္ဓမြတ်စွယ်တော်စေတီ၏ တောင် ဘက်တွင် ဆောက်လုပ်လျက်ရှိ နေရာ အရာထမ်းနေအိမ်နှင့် အမှု ထမ်း နေအိမ်များလည်း ပါဝင် ကြောင်း သိရှိရသည်။

ဘုရားဖူး ပို့ဆောင်ရေး လုပ်ငန်းမှ ဦးကျော်ကျော်"မန္တလေးကိုဆင်ဖြူတော် ရောက်မယ်ဆိုတာ ပြောနေသံကြားရတာကြာပြီ၊ မန္တ လေးမှာ ဆင်ဖြူတော် ရှိတာ ကောင်းတာပေါ့။ တစ်ချို့ဆိုရင် ဆင်ဖြူ တော်ကိုမမြင်ဘူးသေးတဲ့ သူတွေရှိ နေတယ်၊ အခုဆိုရင် နယ်ဘက်က ဘုရားဖူးတွေ မန္တလေးလာရင် ဆင်ဖြူတော် မြင်ရတော့မှာပါ" ဟု ဆိုသည်။

မန်းမောင်မောင်






မူရင်းလင့်က ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။