/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, June 27, 2014

.

မန္တလေးတိုင်းအစိုးရဖွဲ့  ဝဘ်ဆိုက်စာမျက်နှာ စတင်လွှင့်တင်

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လှုပ်ရှားဆောင်ရွက်ချက်များကို ဖော်ပြမည့် ၀ဘ်ဆိုက်စာမျက်နှာကို ဇွန်လကုန်မှ စတင် လွှင့်တင်သွားမည်ဟု မန္တလေးတိုင်း ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်သန်းထွန်းက ပြောသည်။

“၀န်ကြီးဌာနအသီးသီးက ၀န်ကြီးကိုယ်တိုင် တာဝန်ယူပေးထားတဲ့ သတင်းတွေကို ဒီဝဘ်ဆိုက်မှာ တင်ပေးမှာဖြစ်ပါတယ်၊ အကြံပြုလွှာကဏ္ဍ ထည့်သွင်းပေးမှာဖြစ်ပါတယ်၊ တိုင်ကြားနိုင်တဲ့ ကဏ္ဍကိုတော့ ထည့်ဖို့တော့မရှိသေးပါဘူး” ဟု ဦးကျော်သန်းထွန်းက ပြောသည်။

လွှင့်တင်မည့် ၀ဘ်ဆိုက်အတွက် လတ်တလောအခြေအနေတွင် သတင်းများနှင့် အကြောင်းအချက်အလက်များမှာ အချိန်နှင့်တပြေးညီ လုပ်ဆောင်ပေးနိုင်ခြင်း မရှိသေးကြောင်း၊ အချိန်နှင့်တပြေးညီလုပ် ဆောင်နိုင်ရန်အတွက် အလုပ်လုပ်နိုင်မည့် သူများအား ခေါ်ယူထားကြောင်း၊ ဇွန် ၁၈ရက်က စတင်ကာ ကနဦးအနေဖြင့် ဖွင့်လှစ်ထားရှိပြီးဖြစ်သည်။

ဝဘ်ဆိုက်လိပ်စာမှာ www.mdyregion.gov.mm ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြည်သူ့အကျိုးပြု ဆောင်ရွက်ချက်များ၊ သတင်းများ၊ ကြေညာချက်များကို အချိန်နှင့်တပြေးညီ သွားနိုင်ရန်လုပ် ဆောင်ခြင်းဖြစ်ကြောင်း၊ ၀န်ကြီးဌာနအလိုက် ဌာနအသီးသီးမှ သတင်းအချက်အလက်များကို သက်ဆိုင်ရာ ၀န်ကြီးများက တည်းဖြတ်ခြင်းကို တာဝန်ယူမည်ဖြစ်သည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။