/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, May 29, 2014

.

ဥပဒေ မလိုက်နာသည့် NLD ပါတီ ပိတ်ပင်ခြင်း ခံရနိုင် ဟု ဆို



ရွေးကောက်ပွဲကော်မရှင်က သတိပေးချက် ထုတ်ပြန် ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေအကြံပေး ဦးကိုနီက ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ရာ ပါတီပိတ်သိမ်း သည် အထိ အရေးယူခြင်း ခံရနိုင်ကြောင်း သိရှိရသည်။


NLD ပါတီ၏ ဥပဒေအထောက်အကူပြုကော်မတီဝင်၊ ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေအကြံပေး ဦးကိုနီက ရွေးကောက်ပွဲကော်မရှင်သည် အခြေခံဥပဒေနှင့် မညီ ဟု ပြောနေသော်လည်း တရားဝင် ပြောနိုင်သည်မှာ အခြေခံဥပဒေခုံရုံးသာ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင်မှ ခုံရုံးသို့ ပေးပို့၍ ဆုံးဖြတ်ချက် ရယူသင့် ကြောင်း၊ ကျန်သည့် နိုင်ငံရေးပါတီ ဥပဒေ၊ လွှတ်တော် ဥပဒေများကို ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဂရု စိုက်ရန် မလိုကြောင်း၊ ယင်းဥပဒေများ မှာ ဒေါ်အောင် ဆန်း စုကြည် ကဲ့ သို့ ခေါင်းဆောင်မျိုးကို တားဆီးနိုင်ခြင်း မရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် လုပ်သမျှ ဥပဒေနှင့် ညီညီ မညီညီ ဂရုမစိုက်ကြောင်း၊ ပြည်သူလူထု ထောက်ခံနေလျှင် ပြီးပြီ ဖြစ်ကြောင်း တုံ့ပြန် ပြောကြားခဲ့သည်။

NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးက လည်း ဒေါ်အောင်ဆန်းစုကြည် သည် မည်သည့်ဥပဒေကိုမျှ အရေးစိုက်ရန် မလိုကြောင်း၊ မတရားဘူး ထင်လျှင် လိုက်နာစရာမလိုကြောင်း၊ လူထုလမ်းပေါ်ထွက်လာလျှင် အုပ်ချုပ်ရေးယန္တရားများ ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း၊ မိမိတို့ပါတီအနေဖြင့် အနောက်နိုင်ငံများမှ စီးပွားရေးပိတ်ဆို့မှုများ ချက်ချင်း ပြုလပ်ရန် ကြိုတင်ပြောကြားထားပြီး ဖြစ်ကြောင်း၊ ဒီမိုကရေစီ ရရှိရန်သာ အရေးကြီးကြောင်း၊ ဒီမိုကရေစီရရှိရန် ပြည်သူများ ငတ်ပြတ်ခံသင့်က ခံရမည် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နောက်ကြောင်းပြန်လှည့်ရန် ၀န်မလေးကြောင်း ပြောကြားခဲ့သည်။

'ကျောင်းသား ခေါင်းဆောင်ဟောင်းတချို့က အခြေခံဥပ ဒေကိုလွှတ်တော်ထဲမှာပြင်နိုင်ဖို့ လုပ်ကိုလုပ် ရမယ်။ မရရင် အခြားနည်းနဲ့သွားမယ်။ အဲ ဒီမှာမပြင်ဘူး။ မရဘူးဆိုရင် တိုင်းပြည်ဟာ အကျပ်အတည်း ဖြစ်မယ်။ သွေးချောင်းစီး မယ်။ နောက်ထပ် ရှစ်လေးလုံးတစ်ခုကို မျှော် လင့်တယ်။ ဖန်တီးမယ်ဆိုတဲ့ သဘောကို အ တိအလင်းပြောတာ ကြားလာရတဲ့အခါ ရှေ့ နိုင်ငံရေးအလားအလာအတွက် လွှတ်တော် ကိုယ်စားလှယ်ဖြစ်ပြီး နိုင်ငံရေးပါတီတစ်ခု ကို တာဝန်ယူနေသူဖြစ်တဲ့အတွက် ခုလိုပြန် လည်ရှင်းလင်းဖို့ လို့အပ်တယ်'' ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားခဲ့သည်။

ထို့ပြင် အခြေခံဥပဒေကို ကာ ကွယ်ပါမည်ဟု ကတိသစ္စာပြုထားသူများ အနေဖြင့် လွှတ်တော်တွင်းမှ ပြင် ဆင်မှသာ မိမိတို့၏ ကတိသစ္စာကို တည်နိုင်မည်ဖြစ် ပြီး ဥပဒေကို ကျောခိုင်းရာမရောက်ကြောင်း၊ ပါတီအနေဖြင့် အမျိုးသားပြန်လည် သင့်မြတ် ရေးလမ်းကြောင်း မှတစ်ဆင့် နိုင်ငံရေးပါတီ များ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် တပ် မတော်တို့ကြား နားလည်မှုရှိရှိ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကို ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးသိန်းညွန့်က ပြောသည်။

ယင်းက ''ပြင်ဆင်ရေးလုပ်သူ တွေအနေနဲ့ သတ္တိရှိရှိလုပ်ဖို့၊ ပြောဖို့လိုတယ်။ ဗွီအိုအေမှာ ပြောခဲ့တဲ့အတိုင်း တိုင်းပြည်ကို သွေးချောင်းစီးအောင် တကယ်လုပ်မှာလား။ ဒါ တကယ်လုပ်မယ်ဆိုရင်လဲ သူ့ရဲ့ နိုင်ငံ ရေးသတ္တိကို ချီးကျူးရမယ်။ ကျွန်တော်တို့နဲ့ မတူပေမယ့် သတ္တိရှိတယ်လို့ ချီးကျူးရမယ်။ ဒါမှမဟုတ်ဘဲနဲ့ တိုင်းပြည်ကို နိုင်ငံရေးမီးရှူး မီးပန်းတွေ လွှတ်ပြီးတော့ လက်တွေ့မှာ တိုင်းပြည်လဲဆုံးရှုံး လူထုလဲနစ်နာ အထူးသ ဖြင့် နိုင်ငံရေးကို ယုံကြည်ချက်ရှိတဲ့ လူငယ် တွေ တောထဲတောင် ထဲ ရောက်သွားနိုင် တယ်''ဟု ဦးသိန်းညွန့်က ဆိုသည်။

From:ပြည်သူ့အာဏာ

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။