/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, April 3, 2014

.

မစ္စတာ နမ်ဘီးယား KIOနဲ့ လိုင်ဇာမှာ သွားရောက်ဆွေးနွေး


Photo: မစ္စတာ နမ်ဘီးယား KIOနဲ့ လိုင်ဇာမှာ သွားရောက်ဆွေးနွေး
Thursday, April 3, 2014

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် Mr.Vijay Nambiar ဟာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်အခြေစိုက်တဲ့ လိုင်ဇာမြို့မှာ ကေအိုင်အို ဗဟိုကော်မတီဝင်တွေနဲ့ ဒီနေ့ သွားရောက်တွေ့ဆုံပြီး အပစ်အခတ်ရပ်စဲရေးကိစ္စနဲ့ ပတ် သက်ပြီး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ကိစ္စတွေမှာ ဖြစ်နိုင်တဲ့အခန်းကဏ္ဍကနေ ယုံကြည်မှုတည်ဆောက်တဲ့ အနေနဲ့ တွေ့ဆုံဆွေးနွေးကြမှာဖြစ်တယ်လို့ ခရီးစဉ်ကို လိုက်ပါသွား တဲ့ မြစ်ကြီး နားမြို့အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ဦးဆန်းအောင်က ပြောပါတယ်။

"မစ္စတာ နမ်ဘီးယားက KIO ဗဟိုကော်မတီဝင်တွေနဲ့ တွေ့မှာပါ၊ ငြိမ်းချမ်းရေးဖြစ်စဉ် အတွက် သူတို့ပါဝင်ခဲ့တယ်ဆိုတော့ ငြိမ်းချမ်းရေးကိစ္စပဲ ဆွေးနွေးကြမှာပါ၊ NCCT အစည်းအဝေးအမှီ ဖြစ်နိုင်တဲ့အခန်းကဏ္ဍနဲ့ ယုံကြည်မှုတည်ဆောက်ပေးတဲ့အနေနဲ့ လာရောက်တာပါ"

ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့က မစ္စတာ နမ်ဘီးယားဟာ လိုင်ဇာမြို့ကိုသွားဖို့ စီစဉ်ထားပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မနေ့ကမှ သွားရောက်နိုင်တာလို့ သိရပါတယ်။

မစ္စတာ နမ်ဘီးယားဟာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေမှာ ကုလသမဂ္ဂရဲ့ လေ့လာသူ ကိုယ်စားလှယ်အဖြစ် တက်ရောက်နေသူ ဖြစ်ပါတယ်။

အခု လိုင်ဇာခရီးစဉ်ဟာ သူ့ရဲ့ဒုတိယမြောက်ခရီးစဉ်ဖြစ်ပြီး ၂၀၁၃ခုနှစ် သြဂုတ်လကုန်ပိုင်းတုန်းက ပထမဆုံးအကြိမ်အဖြစ် သွားရောက်ခဲ့ပါတယ်။

Credit To:RFA

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် Mr.Vijay Nambiar ဟာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်အခြေစိုက်တဲ့ လိုင်ဇာမြို့မှာ ကေအိုင်အို ဗဟိုကော်မတီ ၀င်တွေ နဲ့ ဒီနေ့ သွားရောက် တွေ့ဆုံပြီး အပစ်အခတ်ရပ်စဲရေးကိစ္စနဲ့ ပတ် သက်ပြီး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။


ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ကိစ္စတွေမှာ ဖြစ်နိုင်တဲ့အခန်းကဏ္ဍကနေ ယုံကြည်မှုတည်ဆောက်တဲ့ အနေနဲ့ တွေ့ဆုံဆွေးနွေးကြမှာဖြစ်တယ်လို့ ခရီးစဉ်ကို လိုက်ပါသွား တဲ့ မြစ်ကြီး နားမြို့အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ဦးဆန်းအောင်က ပြောပါတယ်။

"မစ္စတာ နမ်ဘီးယားက KIO ဗဟိုကော်မတီဝင်တွေနဲ့ တွေ့မှာပါ၊ ငြိမ်းချမ်းရေးဖြစ်စဉ် အတွက် သူတို့ ပါဝင်ခဲ့ တယ်ဆိုတော့ ငြိမ်းချမ်းရေးကိစ္စပဲ ဆွေးနွေးကြမှာပါ၊ NCCT အစည်းအဝေးအမှီ ဖြစ်နိုင်တဲ့ အခန်းကဏ္ဍနဲ့ ယုံကြည်မှုတည်ဆောက်ပေးတဲ့အနေနဲ့ လာရောက်တာပါ"

ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့က မစ္စတာ နမ်ဘီးယားဟာ လိုင်ဇာမြို့ကိုသွားဖို့ စီစဉ်ထားပေမဲ့ အကြောင်း အမျိုးမျိုးကြောင့် မနေ့ကမှ သွားရောက်နိုင်တာလို့ သိရပါတယ်။

မစ္စတာ နမ်ဘီးယားဟာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေမှာ ကုလသမဂ္ဂရဲ့ လေ့လာသူ ကိုယ်စားလှယ်အဖြစ် တက်ရောက်နေသူ ဖြစ်ပါတယ်။

အခု လိုင်ဇာခရီးစဉ်ဟာ သူ့ရဲ့ဒုတိယမြောက်ခရီးစဉ်ဖြစ်ပြီး ၂၀၁၃ခုနှစ် သြဂုတ်လကုန်ပိုင်းတုန်းက ပထမ ဆုံး အကြိမ်အဖြစ် သွားရောက်ခဲ့ပါတယ်။

Credit To:RFA

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။