/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, March 6, 2014

.

NLD တရားစွဲမည်ဆိုပါက ရင်ဆိုင်သွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ တုံ့ပြန်



NLD ပါတီမှ တရားစွဲမည်ဆိုပါက တရားဥပဒေ အတိုင်းသာ ပြန်လည်ဖြေရှင်းသွားမည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက မတ် ၄ ရက်တွင် The Daily Eleven သတင်းစာ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။


"သူတို့က ကျွန်တော့်ကို တရားစွဲမယ်ဆိုတော့ ဘာပုဒ်မနဲ့စွဲမှာလဲ။ ကျွန်တော်တို့ကို ကြံ့ဖွတ်ဆိုပြီး ပစ်စလက်ခတ်ပြောတုန်းက ကျွန်တော်တို့ ဘာမှ မပြောခဲ့ပါဘူး။ လွတ်လပ်စွာ သဘောကွဲလွဲခွင့်ရှိတယ်။ တရားစွဲခဲ့ရင်လည်း တရားဥပဒေအတိုင်း ပြန်လည် ရင်ဆိုင်သွားမှာပါ။ သူတို့က ကျွန်တော်တို့ကို နှိပ်ကွပ်ခဲ့တာများပါတယ်။ ဖော်မပြနိုင်လောက် အောင်များတယ်။ စစ်အာဏာရှင်ရဲ့တပည့်တွေဆို တာမျိုးပေါ့။ ကျွန်တော်တို့ကို စွပ်စွဲခဲ့တာတွေကို အစဆွဲ မထုတ်ချင်လို့။ ဆွဲထုတ်ရင် အများကြီးရှိပါတယ်"ဟု ဦးလှဆွေက ပြောကြားသည်။

Hot News ဂျာနယ်မှာပြောတာက NLD မှာ ဒေါ်အောင်ဆန်းစုကြည်လောက် ကျန်တဲ့သူတွေက အသုံး မကျဘူးလို့ ပြောလိုက်တာပါ။ ရေးတဲ့သူက ဒေါ်အောင်ဆန်းစုကြည်ကလွဲရင် ကျန်တဲ့သူတွေ ဘယ်သူမှ အသုံးမကျဘူးလို့ ရေးလိုက်တာ။ ရေးတဲ့သူကို ဘာမှတော့မပြောချင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အသုံးကျတယ်လို့ဆိုလိုတာပါ

လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို တရားစွဲမည်ဆိုပါက လွှတ်တော်ဥက္ကဋ္ဌ ခွင့်ပြုရမည်ဖြစ်ကြောင်း၊ တပ်မ တော်ကို ပြည်သူ့ချဉ်ဖတ်ဟု အန်ကယ်ဦးတင်ဦးပြောခဲ့သည်ကို အသရေဖျက်မှုဖြင့် တရားစွဲ၍ရကြောင်း ၎င်းက ပြောကြားသည်။

"ကျွန်တော် Hot News ဂျာနယ်မှာပြောတာက NLD မှာ ဒေါ်အောင်ဆန်းစုကြည်လောက် ကျန်တဲ့သူ တွေက အသုံးမကျဘူးလို့ ပြောလိုက်တာပါ။ ရေးတဲ့သူက ဒေါ်အောင်ဆန်းစုကြည်ကလွဲရင် ကျန်တဲ့သူတွေ ဘယ်သူမှ အသုံးမကျဘူးလို့ ရေးလိုက်တာ။ ရေးတဲ့သူကို ဘာမှတော့မပြောချင်ပါဘူး။ ဒေါ်အောင်ဆန်း စုကြည်ကတော့ အသုံးကျတယ်လို့ဆိုလိုတာပါ။ ကျန်တဲ့သူတွေက ကမ္ဘာကတောင်အသိမှတ်ပြုထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တစ်တန်းတည်း အသုံးကျတယ်လို့ အပြောခံချင်တာလား။ ဒေါ်အောင်ဆန်း စုကြည်မှာ ဆုတွေအများကြီးရထားတယ်။ သူတို့တွေ ဘာဆုရဖူးလို့လဲ။ ဆရာနဲ့ တစ်တန်းတည်း မဖြစ်ချင်ပါနဲ့။ ဆရာက ဆရာ။ တပည့်က တပည့်ပါပဲ။ ကျွန်တော်ကိုယ်တိုင်ကလည်း ဒေါ်အောင်ဆန်း စုကြည်နဲ့ ယှဉ်လို့မရပါဘူး။ ဦးဝင်းထိန်က ကျွန်တော့်အစ်ကိုကြီးပါပဲ။ သူကတရားစွဲမယ်ဆိုတော့ အမှန် ပြောလို့ နာတာလားလို့ ပြန်မေးချင်တယ်ဗျာ" ဟု ဦးလှဆွေကဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မိတ္ထီလာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်အား မေးမြန်းခဲ့သော်လည်း အဖွဲ့ချုပ်မှ ဦးဝင်းမြင့်အားမေးမြန်းရန် ပြောကြား သည့်အတွက် ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား မေးမြန်းခဲ့သော်လည်း ကာယကံရှင်ကိုသာ မေးမြန်းရန် ပြန်လည်ဖြေကြားခဲ့သည်။

EMG

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။