/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, February 20, 2014

.

ပြိုင်ကားအုပ်စုဖြင့် အငှားယာဉ်မောင်းအား ရိုက်နှက်ထိုးကြိတ်ပြီး အငှားယာဉ်အား ဖျက်ဆီးခဲ့သည့် အမှုမှပြိုင်ကားတစ်စီး သိမ်းဆည်းရမိ



၁၆.၂.၂၀၁၄ရက်နေ့ ၀၁၁၅အချိန် ကိုသက် ဇော်ဝင်း မောင်းနှင်သည့် ၈က/၈၂၇၄ အငှား ယာဉ်အား ပြိုင်ကားများမှ ကျော်တက်ပိတ်ရပ်ကာ ယာဉ်ပေါ်ပါ ယာဉ်မောင်းနှင့် ခရီးသည် ကိုအင်ထိတ်ကြန့် တို့အား ရိုက်နှက်ထိုးကြိတ်ပြီး အငှား ယာဉ်အား ထုရိုက်ခဲ့သဖြင့် လှိုင်မြို့မရဲစခန်း(ပ)၇၂/၂၀၁၄၊ ပုဒ်မ ၄၄၀/၄၂၇/၃၂၅/၁၁၄ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူများနှင့် ပြိုင်ကားများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ ပါသည်။

အမှုမှ အလိုရှိသည့် ပြိုင်ကားများအနက် ၉ဂ/၇၄၁၄ Nissan Fairlady အဖြူရောင်ပြိုင်ကားအား ၁၉.၂.၂၀၁၄ ရက်နေ့ ၀၂၅၀အချိန်တွင် မရမ်းကုန်းမြို့နယ်၊ (၆)ရပ်ကွက်၊ တော်ဝင်ချယ်ရီအိမ်ရာမှ သိမ်းဆည်း ရမိပြီး ပြစ်မှုကျူးလွန်သူဟု မသင်္ကာသူ ဇာနည်ထက်ဝေ၊ ကိုကိုနိုင်တို့မှာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရှိရသဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ချိတ်ဆက် ပြီး တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

Yangon Police

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။