/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, January 8, 2014

.

ဖွဲ့စည်းပုံပြင်ရန်အတွက် လူကြီးတွေသာမကဘဲ ကလေးတွေပါ အလံမြှောက်ပြီး ထောက်ခံဖို့ ဒေါ်အောင်ဆန်းစုကြည်ဆို



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်၏ ချင်းပြည်နယ်ခရီးစဉ်အဖြစ် တီးတိန်သို့ ရောက်ရှိလာကာ ဇန်နဝါရီ ၇ရက် ညနေ ၄နာရီ ၅၀ခန့်တွင် တီးတိန် ဘောလုံးကွင်း၌ အခြေခံ ဥပဒေပြင်ဆင်ရေးဆိုင်ရာ လူထုဟောပြော ပွဲကို ကျင်းပခဲ့သည်။ အဆိုပါ ဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ၁၇မိနစ်ကြာ ဟောပြော ခဲ့သည်။


ထိုသို့ ဟောပြောရာတွင်ရခိုင်တိုင်းရင်းသားများအရေးတွင် နှုတ်ဆိတ်နေခဲ့သော ဒေါ်အောင်ဆန်းစုကြည် သည် ပထမဆုံးအကြိမ်အဖြစ် တိုင်းရင်းသားကိစ္စနှင့် ပတ်သက်ပြီး စတင်ပြောဆိုခဲ့သည်။

"လက်ရှိဖြစ်ပေါ်နေသော တိုင်းရင်းသားအရေးနှင့် ပတ်သက်ပြီး ကွဲပြားခြားနားမှုတွေက စိတ်ဝမ်းကွဲစရာ ဖြစ်ဖို့မဟုတ်ဘူး။ မတူကွဲပြားတာမှုဆိုတာက ပိုပြီး ပြည့်စုံစေတယ်။ မတူကွဲပြားမှုဟာ ကျွန်မတို့အတွက် အကျိုးဖြစ်အောင် သုံးတတ်ဖို့လိုတယ်။'ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ထို့အပြင် ချင်းပြည်နယ်ကိုလာရာတွင် မပြောင်းလဲသည့် အရာတစ်ခုက ကြိုဆိုသည့် လူများတွင် ကလေး တွေများတာဖြစ်ပြီး ဖွဲ့စည်းပုံပြင်ဆင်ရန် ထောက်ခံမည်ဆိုပါက လူကြီးတွေတင်မကဘဲ အဆိုပါ ကလေးတွေ ကပါ အလံလေးများကို မြှောက်ပြီး ထောက်ခံနိုင်ကြောင်း ပြောဆိုသွားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အသိဥာဏ်ရင့်ကျက်မှုနှင့် စဉ်းစားတွေးခေါ်မှု နုနယ်နေသေးသော ကလေးများ အပေါ် တွင် ထိုသို့ မဲဆွယ်ပြောဆိုခဲ့ခြင်းသည် မလုပ်သင့်ကြောင်း။ ဘာမှမသိသေးသော ကလေးများထက် လူကြီးများ၏ ထောက်ခံမှုဖြင့်သာအခြေခံဥပဒေပြင်ဆင်ရေးကြိုးစားသင့်ကြောင်း ဆွေးနွေးပွဲတက်ရောက် လာသော ကလေးမိဘတစ်ဦးက ဆိုသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် ဘောလုံးကွင်းတွင် ပြုလုပ်သော ဟောပြောပွဲမတိုင် မီတီးတိန် မြို့နယ် ဇိုနွမ်ဇမ်ကျေးရွာရှိ ဆရာတော် ရှင်ဆန္ဒာဓိက၏ မူလွန်ကျောင်းဆောင်ဖွင့်ပွဲအခမ်းအနားတွင် ဆရာ/ ဆရာမများအနေနဲ့ကျောင်းသားတွေကို နိုင်ငံရေးကို ကြောက်လန့်စေအောင် မလုပ်ဖို့ ပြောကြား သွားကြောင်း သိရှိရသည်။

ထိုပြောဆိုချက်အပေါ် အဆိုပါကျောင်းတွင် တာဝန်ကျနေသော ဆရာမတစ်ဦးက-

"ကျမတို့အနေနဲ့ ကလေးတွေကို နိုင်ငံရေးကိုကြောက်အောင်လည်း မလုပ်ပါဘူး။ လုပ်လာအောင်လည်း မသင်ပေးပါဘူး။ ဘာလို့ဆိုတော့ ဒီကလေးတွေက အရွယ်က မူလွန်အရွယ်တွေလေ။ အသက်အရမ်းငယ်တဲ့ ကလေးတွေကိုနိုင်ငံရေးအကြောင်း ပြောလည်း သူတို့နားလည်မှာမဟုတ်ဘူး။ ဒီအရွယ်မှာ ပညာသင်ဖို့သာ အဓိကပဲ။ ပညာတတ်တွေ ဖြစ်လာမှနောင်တချိန်နိုင်ငံရေးနယ်ပယ်မှာ စဉ်းစားတွေးခေါ်တတ်တဲ့ လူတွေ ဖြစ်လာပါလိမ့်မယ်။ ကျမတို့ကတော့ ကလေးတွေကို ပညာတတ်ဖြစ်အောင်ပဲ သင်ပေးပါတယ်။ အန်တီစုကို လေးစားပါတယ်။ ဒါပေမဲ့ အသက်အရမ်းငယ်လွန်းတဲ့ ကလေးတွေကိုနိုင်ငံရေးလုပ်လာဖို့ တွန်းအားပေးတာ ကိုတော့ မဖြစ်သင့်ဘူးလို့ မြင်ပါတယ်" ဟု ပြောဆိုသွားခဲ့သည်။                                                      

ဒေါ်အောင်ဆန်းစုကြည်၏ ချင်းပြည်နယ်ခရီးစဉ်ကို ချင်းပြည်နယ်ရှိ NLD ပါတီဝင်များအပါအ၀င် ဒေသခံ ပြည်သူအချို့ကလာရောက်ကြိုဆိုခဲ့သည်။ ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီ ၈ ရက် နံနက်ပိုင်းတွင် ဖလမ်းမြို့သို့ထွက်ခွာမည်ဖြစ်ပြီး ဖလမ်းတွင် လူထုတွေ့ဆုံပွဲပြုလုပ်ပြီး ထိုမှတဆင့် ဟားခါး တွင် ညအိပ်နားမည်ဖြစ်သည်။


ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဆုပေါင်းမြောက်များစွာရယူထားသူဖြစ်သော်လည်း ကိုယ်ဂုဏ်သိက္ခာကို မထောက်ထားနိုင်တော့ဘဲ လူကြီးတွေကိုအသုံးချယုံမက ယခုတော့ ဘာမျှမသိနားမလည်သည့် ကလေး တွေကိုပါ ဆွဲထည့်လာပြီး နိုင်ငံရေးအမြတ်ထုတ်မှုမှာ အလွန်ရွံရှာဖွယ်ဖြစ်ကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။

မျိုးထက်(ဖလမ်း)

1 comment:

  1. ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဆုပေါင်းမြောက်များစွာရယူထားသူဖြစ်သော်လည်း ကိုယ်ဂုဏ်သိက္ခာကို မထောက်ထားနိုင်တော့ဘဲ လူကြီးတွေကိုအသုံးချယုံမက ယခုတော့ ဘာမျှမသိနားမလည်သည့် ကလေး တွေကိုပါ ဆွဲထည့်လာပြီး နိုင်ငံရေးအမြတ်ထုတ်မှုမှာ အလွန်ရွံရှာဖွယ်ဖြစ်ကြောင်း ဝေဖန်မှုများလည်း ရှိနေသည်-ဆိုတာ အမှန်ပါပဲ..အဲဒီ ဒေါ်စုကြည်ဆိုတဲ့ ဖာမကြီးနဲ့အဖွဲ့ ကျနော်တို့နယ်ဘက်ကို မဲဆွယ်ဘို့ရန် ရောက်လာပါက ဂျင်ကလိနဲ့ ပစ်လို့ ခွေးအုပ်နဲ့လိုက်ပြိးတော့ကို မောင်းထုတ်ပစ်ပါမယ်..

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။