Phthalates လို့ခေါ်တဲ့ ဓာတု အဆိပ်တစ်မျိုးက လေသန့်ဆေးဗူး ( Air Fresher) တော်တော်များများမှာ ပါဝင်ပါတယ်။ ယင်း ဓာတ်ဟာ ကျန်းမာရေး အတွက် ဆိုးကျိုးရလဒ်များကို ဖြစ်ပေါ်စေတယ်လို့ လေ့လာ တွေ့ရှိပြီးနောက် နိုင်ငံကြီးများမှာ တားမြစ်ပိတ်ပင် လာကြောင်း သိရပါတယ်။
Air Fresher ဗူးထုတ်လုပ်ရာမှာ ယင်း Phthalates လို့ခေါ်တဲ့ ဓာတ် တစ်မျိုးကို မပါဝင်စေဖို့ ဖြစ်ပါတယ်။ သို့ပေမယ့် အများစုဟာ ပါဝင် နေဆဲ ဖြစ်ပါတယ်။
ဆိုးကျိုးများ
မွေးကင်းစကလေးနဲ့ ကလေးငယ်များ ရှိတဲ့ အိမ်များမှာ လုံးဝ အသုံးမပြု သင့်ပါဘူးလို့ ဆိုထားပါတယ်။ ပြီးတော့ ယင်းဆေးဟာ အမျိုးသမီး ဖြစ်ဖြစ်၊ အမျိုးသား ဖြစ်ဖြစ် ရှူရှိုက်မိရင် မျိုးပွားနိုင်မယ့် ဟိုမုန်းတွေကို သေစေပါတယ်။ ပြီးတော့ ယင်းအနံ့ကို နေ့စဉ် ရှူရှိုက်နေရမှုဟာ အမှိုက်ပုံဟောင်း တစ်နေရာက အနံ့ကို ရှူရှိုက်လို့ရတဲ့ ရောဂါပမာဏနဲ့ မတိမ်းမယိမ်းပဲလို့ ဆိုပါတယ်
ဒါကြောင့် အမေရိကန်မှာ ၂၀၀၉ ခုနှစ်ကစလို့ လေသန့်ဆေဗူးတိုင်းမှာ Phthalate ဓာတ်များ ဖယ်ထုတ် စေပြီး အခြားသော ဖွံ့ဖြိုးဆဲ နိုင်ငံများမှာတော့ ဓာတုအဆိပ်ကြွယ်ဝတဲ့ Air Fresher ဗူးများ အသုံးပြုနေဆဲ ဖြစ် ကြောင်း သိရပါတယ်။
Credit : International news for Myanmar

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။