/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, December 11, 2013

.

ကော့မှူးနှင့် ပဲခူးမြို့တွင် ကျင်းပမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုသဘောထား ရယူပွဲ၌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမည်

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့တွင် ပြုလုပ်မည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ လူထုသဘောထား ရယူပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း သိရသည်။


ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုသဘောထား ရယူပွဲကို ဒီဇင်ဘာ ၁၄ ရက်တွင် ကော့မှူးမြို့နယ် အဖျောက်ကျေးရွာ ဘောလုံးကွင်း၌ ပြုလုပ်မည်ဖြစ်ပြီး၊ ပဲခူးမြို့တွင် ဒီဇင်ဘာ ၁၅ ရက်၌ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၁၈ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် လူထုသဘောထား ရယူပွဲတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ပထမဆုံးအကြိမ် လူထုအား မိန့်ခွန်းပြောကြားခဲ့ပြီး ၎င်း ၏ မဲဆန္ဒနယ်မြေဖြစ်သော ကော့မှူးမြို့နယ်တွင် ဒုတိယအကြိမ် မိန့်ခွန်းပြောကြားခြင်း ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်လည် ရေးဆွဲရေးအတွက် လူထုသဘောထား ရယူပွဲများကို အောက်တိုဘာ ၁၂ ရက်မှစ၍ ပြု လုပ်ခဲ့ရာ ၈၀ ရာခိုင်နှုန်းကျော်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ထောက်ခံခဲ့သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် လူထုသဘောထား ရယူပွဲများကို ဒီဇင်ဘာ ၃၀ ရက်ထိ ပြုလုပ် သွားမည်ဖြစ်ပြီး ရရှိလာသော ပြည်သူ့သဘောထားများကို ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော် ပူးပေါင်းကော်မတီသို့ မတင်ပြမီ သမ္မတ၊ လွှတ်တော်၊ တပ်မတော်နှင့် လေးပွင့် ဆိုင် တွေ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံစာ ပေးပို့ထားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ် ၁၀၉ ဦး ပါဝင်သော ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းထားပြီး ယင်းကော်မတီမှ လေ့လာတွေ့ရှိချက်များကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃၁ ရက် မတိုင်မီ လွှတ်တော်သို့ တင် သွင်းရမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။