လူကြီး(၁)။ ။မောင်ရင် အဲ့သည့်ကားကို ချက်ခြင်း ပြင်!
. . .
ဝပ်ရှော့ဆရာ။ ။ဘယ်အပိုင်းက ပျက်နေတာလဲ ဆရာ
အခုလဲ ကားကသွားနေတာပဲဥစ္စာ
ဘက်ထရီလား
ရှော့ဘားလား
မော်တာလား
အလိုင်းမင်းလား
ဝါယာရိန်းလား
အင်ဂျင်လား
လားလားလား???
. . .
လူကြီး(၁)။ ။အဲ့ဒါတော့ ငါလဲမသိဘူးကွ
ဘာပဲပြောပြော
အဲ့လိုသွားနေတာကို ငါမကြိုက်ဘူးကွာ
ချက်ခြင်း ပြင်ကွာ ချက်ခြင်းပြင် ဒါပဲ
. . .
လူကြီး(၂)။ ။ကြာပါတယ်ကွာ
တစ်စင်းလုံး မူလီတလုံးမကျန် အစကနေပြန်ဖြုတ်
ပြန်ဆင်ကြမယ်
. . .
လူကြီး(၁)။ ။အဲ့လိုလုပ်လို့ မရဘူးလေဗျာ
ပြင်ရုံဆိုရပါပြီ
တစစီပြန်ဖြုတ်ပြီးရင် ခင်ဗျားကြီးက ပြန်ဆင် တတ်လို့လား
မရဘူးဗျာ
ပြင်ရုံပဲပြင် ချက်ခြင်းပြင်
. . .
လူကြီး(၂)။ ။မရဘူးကွာ ချက်ခြင်းဖြုတ်
တစစီဖြုတ်
. . .
လူကြီး(၁)။ ။ချက်ခြင်းပြင်
လူကြီး(၂)။ ။ချက်ခြင်းဖြုတ်
လူကြီး(၁)။ ။ချက်ခြင်းပြင်
လူကြီး(၂)။ ။ချက်ခြင်းဖြုတ်
လူကြီး(၁)။ ။ချက်ခြင်းပြင်
လူကြီး(၂)။ ။ချက်ခြင်းဖြုတ်
. . .
ဝပ်ရှော့ဆရာ။ ။ကဲကဲ
တော်ကြပါတော့ တော်ကြပါတော့
ခင်ဗျားတို့အရင် ညှိလိုက်ဦး
သေချာတော့မှ ကျုပ်ကိုလာပြော
ပြင်ရမလား ဖြုတ်ရမလား
ဘယ်အပိုင်းကို ဘာလုပ်ရမယ်ဆိုတာကို
သေချာပြော ဟုတ်ပြီ လား
ဒီမှာ အလုပ်ဆက်လုပ်လိုက်ဦးမယ်
ကားက သံချေးတွေခွာရဦးမယ်ဗျာ
ကြွ ကြွ
(ဘယ်အာဏာရှင်သေလို့ ဝင်စားတဲ့လူတွေလဲ မသိပါဘူးဗျာ)
ကိုဆေး
အာဏာရှင်ကမည်သူနည်း? ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ဖို့ လွှတ်တော်ထဲမှာ အရင်ဆုံးဘယ်အဖွဲ့အစည်းက စတင်ပြတာလဲ?
ReplyDeleteဟုတ်တယ်ဘယ်သူစ ပြေားတာလဲဆိုတာကျုပ်တို့လူငယ်တွေတောင် သိတယ်မြန်မာပြည် ရဲ့နိုင် ငံခြားရင်းနီးမျှုတ်နှံမှု့တွေပိတ်ပင်နေတာဘယ်သူလဲဆိုတာကျုပ်ငအ တောင် သိပြီ
ReplyDelete