/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, November 25, 2013

.

SEA Game အားကစား ပရိသတ်များသို့ ကြိုတင်အသိပေး မေတ္တာရပ်ခံ



(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများအနက်မှ ဖွင့်ပွဲ/ ပိတ်ပွဲ အခမ်းအနားနှင့် အမျိုးသား/ အမျိုးသမီး ဘောလုံး ပွဲစဉ်များအတွက် လက်မှတ်များ ကြိုတင်ရောင်းချပေးမည်ဖြစ်ရာ ဖွင့်ပွဲ/ ပိတ်ပွဲ လက်မှတ်များနှင့် ဘောလုံးပွဲ လက်မှတ်များ ဝယ်ယူ ရရှိထားပြီးသူများကိုသာ ကွင်းအတွင်း ဝင်ရောက်ခွင့်ပြုမည် ဖြစ် သည်။

ဘောလုံးပွဲစဉ်များတွင် လက်မှတ်ဝယ်ယူထားခြင်း မရှိသူများအား ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)နှင့် အာရှဘောလုံးအဖွဲ့ချုပ် (AFC)တို့၏ စည်းမျဉ်းသတ်မှတ်ချက်များအရ ထိုင်ခုံမဲ့ ဝင်ရောက်ကြည့်ရှု ခွင့် မရှိ (မရှိ)သဖြင့် ထိုင်ခုံနေရာ သတ်မှတ်ချက်အတိုင်း လက်မှတ် ရရှိပြီးသူများကိုသာ ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း အားကစားဝန်ကြီး ဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့က ကြိုတင်အသိပေး မေတ္တာရပ်ခံထားကြောင်း ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၃ ရက်နေ့ ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။