/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, November 19, 2013

.

KIA မှာ ကလေးစစ်သားတွေ ရှိနေသေးကြောင်း ဂွမ်မော် ၀န်ခံ



နိုဝင်ဘာလ ၁၈ ရက်နေ့၊ ညနေ ၃ နာရီရန်ကုန်မြို့ ၊ Business Alliance Hotel ဟိုတယ်မှာ KIA ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကသတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပါတယ်။


ကျမအနေနဲ့ မေးခွန်း ၃ ခွန်းမေးခွင့်ရခဲ့ပါတယ်။

အစိုးရနဲ့ KIA တိုက်ပွဲတွေ မရပ်တန့်သေးတာက အကျိုးအမြတ်ရှိနေတဲ့အတွက် ဆိုတဲ့ ဝေဖန် သံတွေ ရှိပါတယ်။ အဲဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

`တိုက်ပွဲတွေကတော့ ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူး၊ ပြည်တွင်းမှာ ဖြစ်တဲ့ တိုက်ပွဲဖြစ်တဲ့အတွက် ပြည်တွင်းကလူတွေအတွက် အကျိုးအမြတ်မထွက်ပါဘူး`လို့ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က သတင်းစာရှင်းလင်းပွဲမှာ ဖြေပါတယ်။

ဒုတိယ မေးခွန်းကတော့ KIAရဲ့ ပန်းတိုင်က ဘာလဲဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။

` လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် တိုင်းရင်းသားတန်းတူညီမျှမှု မရှိခဲ့သောကြောင့်တိုင်းရင်းသား အဖွဲ့ အသီးက တော်လှန်ရေးတွေ ပေါ်ပေါက်လာတော့ အဲတော့ ခုထိပြောရတာကတော့ စစ်မှန်တဲ့ Federal ပြည်ထောင်စုကို တည်ဆောက်ဖို့နဲ့ တန်းတူညီမျှမှု ရဖို့ဖြစ်ပါတယ်၊ အဲဒါကတော့ ကျနော်တို့ရဲ့ ပန်းတိုင် လို့ ပြောရင်လည်း ရပါတယ်`

တတိယမေးခွန်းကတော့ ကလေးစစ်သားတွေ ရှိနေတဲ့ အပေါ်မှာ ဘယ်လိုမြင်ပါသလဲ ဆိုတဲ့ မေးခွန်းပါ။

“ကလေးဆိုတာကတော့ စစ်သားအနေနဲ့ မဖြစ်သင့်တာ မရှိသင့်တာ အမှန်ပါ။ ဒါကို စစ်တပ်တိုင်းကလည်း တာဝန်ရှိသူတိုင်းက ကြပ်ကြပ်မတ်မတ်ဆောင်ရွက်နေပါတယ်၊ ဒါပေမဲ့လည်း ကလေးစစ်သား အများအပြားရှိနေဆဲဖြစ်ပါတယ်။ ဒါကို ဆက်ပြီး လုပ်ရမဲ့ လုပ်ငန်းအနေနဲ့ KIA ထဲမှာလည်း ဒီလိုပဲ ညွှန်ကြားထားပါတယ်`

ကျေးဇူးတင်ပါတယ်။

မိတ်ဆွေများအားလုံးကို လေးစားချစ်ခင်လျက်ပါ၊
ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေရှင်။
မေသင်္ကြန်ဟိန်(မြစ်မခ)

1 comment:

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။