/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, November 19, 2013

.

ပြည်သူချစ်တဲ့ တပ်မတော်ဖြစ်အောင် ဒေါ်အောင်ဆန်းစုကြည် ကြိုးပမ်း



လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ကျွန်မတို့ နိုင်ငံရဲ့ ရေရှည် တိုးတက်ရေး ရေရှည် တည်ငြိမ် အေးချမ်းရေး အတွက် မသင့်တော်ဘူး ဆိုတာကို ရှင်းပြသွားပြီး ဖြစ်ပါတယ်။ ဘာ့ကြောင့် မသင့် တော်သလဲ ၊ ရှေ့နောက် မညီတာဖြစ်လို့ ပြည်သူ တွေရဲ့ အခြေခံ အခွင့်အရေးတွေကို မကာကွယ် နိုင်တာ ဖြစ်လို့ စသဖြင့် .... ဒီတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ဆိုရင် ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တပ်မတော်ကြားမှာ စိတ်ဝမ်းကွဲအောင် တိုက်ပေး နေတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိပါတယ် ။ အဲဒါတွေကို ကျွန်မတို့ကနေပြီးတော့ ရှင်းရှင်းလင်းလင်း မြင်ရမယ် ။


အခြေခံဥပဒေ ပြင်ဆင်မှ နိုင်ငံရဲ့ အနာဂတ်က လှပမှာပါ။ လူတစ်ယောက်က နိုင်ငံကို ဘယ်လောက် ချစ်တယ် ကောင်းစားစေချင်တယ် ပြောပြော အခြေခံဥပဒေ ပြင်ဆင်ဖို့ လုပ်ဆောင်တာနဲ့ ဆုံးဖြတ်ရမယ်။ အခြေခံဥပဒေကို ပြင်ဆင်လိုသူမှ တိုင်းပြည်ကို ချစ်တယ်လို့ ပြောလို့ရမယ်။ ကိုယ်ရနေတဲ့ အခွင့် အရေးတွေ ဆုံးရှုံးသွားမှာ စိုးလို့ ပြည်သူအတွက် မဖြစ်မနေ ပြင်ရမဲ့ အခြေခံဥပဒေကို မပြင်ဆင်လိုဘူးလို့ ပြောတဲ့ ဘယ်ပုဂ္ဂိုလ် အဖွဲ့အစည်းဖြစ်နေနေ တိုင်းပြည်ကို မချစ်လို့ပဲ။

အခြေခံဥပဒေ မပြင်ဆင်လိုပါဘူးလို့ ပေါ်တင်ပြောတဲ့သူကို မကြောက်ရဘူး။ သူ့ကို နားလည်အောင် ရှင်းပြလို့ ရတယ်။ ပြည်သူကို စေတနာထားပါတယ် တိုင်းပြည်ကို ကောင်းစားစေချင် ပါတယ်လို့ ပြုံးပြုံးနဲ့ပြောပြီး တစ်ကယ်တန်း အခြေခံဥပဒေ ပြင်ရမယ်ဆိုတော့မှ ကိုယ်ကျိုးစီးပွါး ထိခိုက်မှာစိုးလို့ အရေးမပါတဲ့ အချက်တွေကိုပဲ ဟန်ဆောင် ပြင်ပေးမဲ့သူကို ကြောက်ရမှာ ဖြစ်တယ်။

ကျ မ တို့ ကို နား မ လည် ဘဲ ထောက် ခံတာ ကို မ လို အပ် ဘူး။ကျ မ တို့ ကို နား လည် ပြီး ထောက် ခံဖို့  လို အပ် တယ်။ ပြုံးပြုံးလေးနဲ့  လူထုထောက်ခံပွဲကို ထောက်ခံတာသိပ်ကြောက်စရာကောင်းတယ်။

အခြေခံဥပဒေ ပြင်ချင်တယ် ဆိုတာက တပ်မတော်ရဲ့ အခွင့်အရေးကို လျော့နည်းစေချင်လို့ မဟုတ်ဘူး။ ဂုဏ်သိက္ခာရှိသော တပ်မတော်l ပြည်သူက လေးစားချစ်ခင်တဲ့ တပ်မတော် ဖြစ်စေချင်လို့ပါ။ ပြည်သူက အားပေး ထောက်ခံမယ်ဆိုရင် တပ်မတော် ယိမ်းယိုင်စရာ အကြောင်းမရှိပါဘူး။ တိုင်းပြည်အင်အား ရှိမှတော့ တပ်မတော်လည်း အင်အားရှိလာမှာပေါ့။

တကယ်ဘဲတိုင်းပြည်အပေါ်စေတနာထားပါလားဆိုတာ ကို့ ယ်ဟာကိုဘဲစဉ်းစားရမယ်။ ဘယ်လောက်အထိ စွန့် လွှတ်မလဲဆိုတာ ပြန်စဉ်းစားကြရမယ် ဘယ်သူတွေက ဖွဲ့ စည်းပုံအခြေခံ ဥပဒေကို ဘယ်သူတွေ လုပ်နေတယ်ဆိုတာ သိကြပါလိမ့်မယ်။

အခြေခံဥပဒေ ပြင်ချင်တယ် ဆိုတာက တပ်မတော်ရဲ့ အခွင့်အရေးကို လျော့နည်းစေချင်လို့ မဟုတ်ဘူး။ ဂုဏ်သိက္ခာရှိသော တပ်မတော်l ပြည်သူက လေးစားချစ်ခင်တဲ့ တပ်မတော် ဖြစ်စေချင်လို့ပါ။ ပြည်သူက အားပေး ထောက်ခံမယ်ဆိုရင် တပ်မတော် ယိမ်းယိုင်စရာ အကြောင်းမရှိပါဘူး။ တိုင်းပြည် အင်အားရှိမှ တော့ တပ်မတော်လည်း အင်အားရှိလာမှာပေါ့။

ဖွဲ့ စည်း ပုံ အ ခြေ ခံ ဥ ပ ဒေ ဟာဝန် ထမ်း တိုင်း ကျောင်း သား တိုင်း နဲ့လည်း သက် ဆိုင် ပါ ကြောင်းဒီ လို ပွဲ မျိုး တက် ရောက် သည် ဖြစ် စေ မ တက် ရောက် သည် ဖြစ် စေ မိ မိ တာဝန် ကင်း တယ် မ ဆိုင် ဘူး လို့ မ ထင်ပါ နဲ့ ဖွဲ့ စည်း ပုံ အ ခြေ ခံ ဥ ပ ဒေဆို တာ အား လုံး နဲ့ သက် ဆိုင် ပါ ကြောင်း ပြည် သူ ကို အ မှာ စ ကား ပါး လိုက် ပါတယ်။

တပ်မတော်သားတစ်ယောက်ရဲ့ မိခင်တစ်ဦးရဲ့ရင်ဖွင့်သံဟာ အမေစုနဲ့ တက်ရောက်လာတဲ့ ပရိသတ်ကြီး အားလုံးဝမ်းနည်းစိတ်မကောင်းဖြစ်သွားစေပါတယ် တပ်မတော်သားတစ်ယောက်ရဲ့မိခင်ဖြစ်ရတာ ဂုဏ်ယူ စရာကောင်းစေချင်ပေမယ့် ခုတော့ရှက်စရာကောင်းပြီး လူတောမတိုးဖြစ်နေရကြောင်း ပြည်သူချစ်တဲ့ တပ်မတော်ဖြစ်ဖို့ အမေစုအနေနဲ့ကြိုးစားပေးစေချင်ပါကြောင်းဝမ်းနည်းသံနဲ့ပြောကြားသွားပါတယ်။



No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။