/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, November 12, 2013

.

တရားဥပဒေ စိုးမိုးရေးနှင့် မထိန်းသိမ်းဘဲ ပြစ်မှုပြစ်ဒဏ်များနှင့် နိုင်ငံကို ထိန်းသိမ်းသွားမည် ဆိုပါက ပြည်သူများ အနေဖြင့် တကယ့်ဒီမိုကရေစီစိတ်ဓာတ် ဖြစ်ပေါ်မလာနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား



တရားဥပဒေ စိုးမိုးရေးဖြင့် ထိန်းသိမ်းခြင်း မဟုတ်ဘဲ ပြစ်မှုပြစ်ဒဏ်များဖြင့်သာ နိုင်ငံကို ထိန်းသိမ်းမည် ဆို ပါ က ပြည်သူများသည် တကယ့်ဒီမိုကရေစီ စိတ်ဓာတ် ဖွံ့ဖြိုးလာမည် မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က ပြောကြားသည်။


နိုဝင်ဘာ ၁၁ ရက်က ပြည်သူ့လွှတ်တော် အစည်း အဝေးတွင် ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင် ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေကြမ်း ဆွေးနွေးရာတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ထည့်သွင်း ပြောကြား ခဲ့ ခြင်း ဖြစ်သည်။

ယင်းဥပဒေကြမ်းပါ ပြစ်မှုပြစ်ဒဏ်ခန်းတွင် ခွင့်ပြုချက် မရှိဘဲ ရပ်ရွာအခြေပြုလုပ်ငန်း သို့မဟုတ် အိမ်အခြေ ပြုလုပ်ငန်း ဆောင်ရွက်ခြင်း၊ ခွင့်ပြုချက်ကို ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းသည့် ကာလအတွင်းတွင် လည်းကောင်း၊ ပယ်ဖျက်ပြီးနောက်တွင် သော်လည်းကောင်း၊ ရပ်ရွာအခြေပြုလုပ်ငန်း သို့မဟုတ် အိမ်အ ခြေပြုလုပ်ငန်း ဆောင်ရွက်ခြင်းတို့သည် ပြစ်မှုထင်ရှား စီရင်ခြင်း ခံရပါက ကျပ် ၁၀ သိန်းထက် မပိုသော ငွေဒဏ်ချမှတ် ရမည်ဟူသော ပုဒ် ၃၄/(က) နှင့် (ခ) တို့ကို ပယ်ဖျက်ပေးရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်မှ ကိုယ်စားလှယ်များက ဆွေးနွေးရာတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

''ပြစ်မှုပြစ်ဒဏ်ကိစ္စနဲ့ ပတ်သက်လို့ ပြောချင်ပါတယ်။ ဥပဒေကြမ်း ကော်မတီက ပြောသွားတာက ဒီမိုကရေ စီ နုနယ်သေးတဲ့ အချိန်မှာ ပြစ်မှုပြစ်ဒဏ်ဆိုတာ လိုတယ်။ ကျွန်မတို့ကတော့ ပြောင်းပြန်ယူပါတယ်။ ဒီမိုက ရေစီ နုနယ်နေသေးတဲ့ အချိန်မှာ တရားဥပဒေ စိုးမိုးရေး ပေါ်ပေါက်ဖို့အတွက် ဥပဒေဆိုတာ ပြည်သူလူထု ကို ကာကွယ်ဖို့ဖြစ်တယ်။ ပြည်သူလူထုကို ဒဏ်ပေးဖို့မဟုတ်ဘူး ဆိုတာ ထင်ထင်ရှားရှား အများသိအောင် လုပ်ပေးဖို့ လိုပါတယ်။ အခုဒီမှာ ရပ်ရွာအခြေပြု၊ အိမ်အခြေပြုဆိုတာ ကလေးလေးတွေကို အိမ်မှာခေါ်ပြီး ထိန်းတာ နေ့ကလေးထိန်း ကျောင်းတွေနဲ့ မတူပါဘူး။ နေ့ကလေးထိန်းဌာန ဖွင့်တာလေးလောက်နဲ့ ဒဏ် ပေး မယ် ဆိုတာကလည်း မသင့်တော်တဲ့အပြင် ပြစ်မှု ပြစ်ဒဏ် ဆိုတာကို ကျွန်မလည်း ကန့်ကွက်ပါတယ်။ ကျွန်မတို့ ပြည်သူလူထုကို ပြစ်မှုပြစ်ဒဏ်နဲ့ ထိန်းသိမ်းမှာလား။ တရားဥပဒေ စိုးမိုးရေးနဲ့ ဥပဒေရဲ့ ပြည်သူ အပေါ်မှာ စေတနာထားမှုနဲ့ ထိန်းသိမ်းမှာလား ဆိုတာကို ကျွန်မတို့ စဉ်းစားဖို့ လိုပါတယ်။ ပြစ်မှုပြစ်ဒဏ်နဲ့ပဲ ကျွန်မတို့နိုင်ငံကို ထိန်းသိမ်းသွားမယ်ဆိုရင် တကယ့် ဒီမိုကရေစီ စိတ်ဓာတ်တွေ ဖွံ့ဖြိုးနိုင်မှာ မဟုတ်ပါ ဘူး လို့ ဥက္ကဋ္ဌကြီးက တစ်ဆင့် ပြောကြားလိုပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့နောက် ဥပဒေကြမ်းပါ ပြစ်မှုပြစ်ဒဏ်အခန်းကို ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး ကော်မတီ၊ ၀န်ကြီးဌာနတို့က ရှင်းလင်းပြောကြားခဲ့ကြပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သီး ခြားဆွေးနွေးမှု ပြုလုပ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး ဆွေးနွေးမှုကို ရပ်ဆိုင်းခဲ့သည်။

Eleven Media Group

1 comment:

  1. ဖာစု ပလီးပလားတွေ လာပြောနေတယ်

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။