/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, October 9, 2013

.

နေရွှေသွေးအောင်နှင့် လုံးဝပတ်သက်မှု မရှိဟု မိုးစက်ဝိုင်ဆို...



အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေးဖြစ်သူ ကိုနေရွှေသွေးအောင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက် သော တက္ကသိုလ်များ ချန်ပီယံလိဂ်ပြိုင်ပွဲဖလား ကိုင်ဆောင်ပြီးနောက် ထွက်ပေါ်လာသော သတင်းများ မဟုတ်မှန်ဘဲ ကိုနေရွှေသွေးအောင်နှင့် လုံးဝပတ်သက်မှု မရှိကြောင်း Miss Universe Myanmar မိုးစက်ဝိုင်က ရန်ကုန်မြို့တော် PARKROYAL ဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားလိုက်သည်။


ရန်ကုန်ယူနိုက်တက် မြက်ခင်းတုကွင်းတွင် အောက်တိုဘာလ ၅ ရက်နေ့က ကျင်းပသည့် မြန်မာနိုင်ငံရှိ တက္ကသိုလ်ပေါင်းစုံ ကျောင်းသားများ ပါဝင်သည့် တက္ကသိုလ်များ ချန်ပီယံလိဂ် (Universities Champions League) ပွဲ ဖွင့်ပွဲတွင် မိုးစက်ဝိုင်သည် ပြိုင်ကားဖြင့် ကွင်းတစ်ပတ် ပတ်ပြီး ဖလားကို အထူးတန်း ပွဲကြည့်စင်ရှေ့သို့ သယ်ဆောင်လာခဲ့သည်။

အထူးတန်း ပွဲကြည့်စဉ်ရှေ့ ဆိုက်ရောက်လာသော ပြိုင်ကားကို ကိုနေရွှေသွေးအောင်က ကြိုဆိုနေသော ဓာတ်ပုံများ အင်တာနက် စာမျက်နှာများ အထူးသဖြင့် Facebook လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ပျံ့နှံလာပြီးနောက် ယင်းတို့နှစ်ဦးနှင့် ပတ်သက်၍ ဝေဖန်မှု အမျိုးမျိုး ထွက်ပေါ်လာခဲ့သည်။

သို့သော် မိုးစက်ဝိုင်ကမူ ယင်းပြိုင်ပွဲကို အားကစားဝန်ကြီးဌာန၏ ဖိတ်ကြားချက်ဖြင့်သာ သွားရောက်ခဲ့ပြီး ကိုနေရွှေသွေးအောင်နှင့် ပတ်သက်မှု မရှိကြောင်း ပြောဆိုခဲ့သည်။ “ပြီးတော့ ညီမက ဒဂုံတက္ကသိုလ်မှာ အင်္ဂလိပ်စာမေဂျာနဲ့ အဝေးသင် ဘွဲ့ရထားတာမို့လို့ တက္ကသိုလ်ကျောင်းသူ တစ်ယောက်အနေနဲ့ သွား ရောက် အားပေးတာပါ။ ပြီးတော့ အဲဒီမှာ ပါဝင်တဲ့ ကားကလည်း ကိုနေရွှေသွေးအောင်ရဲ့ ကား မဟုတ်သလို အဲဒီကားနဲ့လည်း လာတာမဟုတ်ပါဘူး။ အဲဒီကားက အဲဒီပွဲမှာ တင်ဆက်မှု တစ်ခုအနေနဲ့ ပါဝင်တဲ့ကားပါ။ အဲဒီကားပေါ်မှာလည်း မိုးစက် သုံးမိနစ်စာပဲ ထိုင်ခဲ့ရတာပါ” ဟု မိုးစက်ဝိုင်က ထိုပြိုင်ပွဲပြီး နှစ်ရက်အကြာ အောက်တိုဘာ ၇ ရက်နေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ရုရှားနိုင်ငံ မော်စကိုမြို့တွင် နိုဝင်ဘာလ ၉ ရက်နေ့၌ ကျင်းပမည့် Miss Universe 2013 ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး ပြိုင်ပွဲတွင် အကောင်းဆုံး ယှဉ်ပြိုင်နိုင်အောင် ကြိုးစားနေကြောင်း မိုးစက်ဝိုင်က ဆိုသည်။

The Voice Weekly

3 comments:

  1. နာမည်မပျက်ချင်ရင် နာမည်ရှိတဲ့သူကို ရှောင်မှပေါ့ကွယ်။

    ReplyDelete
  2. နင်တို့ကိုယ်၌ကရွှနေကြတာ ဒါလုပ်မှထမင်းစားရလား
    မိဘတွေကလည်းမဆုံးမဘူးနဲ့တူတယ်
    တခြားမိန်းခလေးတွေလိုအမျိုးသားစိတ်ကိုမွေးပါ
    ဒီသူတောင်းစားတွေမကြာမှီသေရတော့မှာအားမကိုးနဲ့

    ReplyDelete
  3. မနာလိုမဖြစ်​ပါနဲ့

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။