/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, October 9, 2013

.

ဖွဲ့စည်းပုံပြင်ဆင်မည်ဆိုပါလျှင် စဉ်းစဉ်းစားစားလုပ်ဆောင်ကြစေချင်ပါသည်



၂၀၀၈ခုနှစ်၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်ရေး အသစ်ပြန် လည် ရေးဆွဲရေး အသံတွေ ကျယ်လောင်စွာ ကြားနေရ ပါတယ်။ အဲဒီဖွဲ့စည်းပုံ အခြေခံဥပဒေဟာ သူ့ခေတ်သူ့ အခါ ကာလက ပြည်သူလူထု ၉၂ဒသမ ၄၈ရာခိုင်နှုန်းကျော်နဲ့ တခဲနက် အတည်ပြုထားတဲ့ ဥပဒေ တစ်ခုဖြစ်ပါတယ်။ မဲပေးတဲ့ သူ ၉၂ ရာခိုင်နှုန်းကျော်ဆိုတဲ့ အရေအတွက်ဟာ ရာခိုင်နှုန်း ပြည့်နီးပါးလို့ ဆိုလို့ ရပါတယ်။ ဒါကို ပြည်သူ့ဆန္ဒ အစစ်အမှန် မဟုတ်ပါဘူးလို့ ပြောနေသူတွေဟာ တကယ်တော့ ဒီဥပဒေအရ ပေါ်ပေါက်လာတဲ့ လွှတ်တော် ကုလားထိုင်မှာ ထိုင်နေတဲ့ သူတွေဖြစ်ပါတယ်။ ပြည်သူ့ ဆန္ဒအစစ်အမှန် မဟုတ် ပါဘူး၊ ကန့်ကွက်ပါတယ်ဆိုရင် လွှတ်တော်တွေလည်း ပေါ်လာစရာ အကြောင်း မရှိပါဘူး။


လွှတ်တော်မရှိရင်၊ ဒီမိုကရေစီ အစိုးရ တစ်ရပ် ဖြစ်ပေါ် လာမှာမဟုတ်သလို မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီ လမ်းထဲ ကို လျှောက်လှမ်းလို့ ရမှာမဟုတ်ပါဘူး။ အဲလိုဆိုရင် စစ်အုပ်ချုပ်ရေး အောက်မှာပဲ တ၀ဲလည်လည်နဲ့ နေကြရမှာပါ။၂၀၀၈ အခင်းအကျင်း ကောင်းမွန်လို့ ဒီကနေ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားနေပြီ။ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ ဆန္ဒ လွှတ်တော်ဆန္ဒလို့ ကြွေးကြော်နေနိုင်ပါပြီ။ အရာရာတိုင်းမှာ အားနည်းချက်၊ အားသာချက်ဆိုတာ တွေရှိစမြဲပါပဲ။ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ လုံးဝ စင်းလုံးချောကောင်းတယ်လို့ မပြောပါဘူး။ ဒီမိုကရေစီ စနစ်နဲ့ အံဝင်ဂွင်ကျ မဖြစ်လို့ ပြင်သင့်တာမျိုး ရှိရင်ပြင်ရပါမယ်။ ပြင်ဆင်နိုင်ဖို့လည်း နည်းလမ်းတကျ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားပြီးသားပါ။

လုံးဝပြင်ဆင်လို့မရတဲ့ ဥပဒေမျိုးမဟုတ်တဲ့ အတွက် သတ်မှတ်နည်းလမ်း အတိုင်းပြင်ဆင်နိုင် ပါတယ်။ ပြင်ဆင်တဲ့ အခါမှာ စဉ်းစားသင့်တဲ့ အချက်ကတော့ လူတစ်ဦး တစ်ယောက်ရဲ့ အကျိုး စီးပွားထက် ပြည်သူအများရဲ့ အကျိုးစီးပွားကို ရှေ့တန်းတင်ရမှာတော့ ဒီမိုကရေနည်းလမ်းပဲ ဖြစ်ပါတယ်။ အခုလဲ သတ္တမအကြိမ် ပြည်ထောင်စု လွှတ်တော်ကနေ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ကော်မတီ ဖွဲ့စည်းပြီး ဆောင်ရွက်နေတာဖြစ်တဲ့ အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေး ဖြည့်စွက်ရေး ကိစ္စဟာ လုံလောက်ပြီလို့ ဆိုချင်ပါတယ်။

ဒါပေမယ့် လွှတ်တော်ပြင်ပမှာ ပြင်ဆင်ဖြည့်စွက်ဖို့ လုပ်နေတာမျိုးကျတော့ ပြည်သူတစ်ဦး အနေနဲ့ဘယ်လို သဘောပေါက် နားလည်ရမယ်မှန်း မသိဖြစ်သွား ပါတယ်။ အခြားသော နိုင်ငံတွေလို အာဏာရ ပါတီတစ်ခုကနေ ဦးဆောင်ပြီး ရေးဆွဲတာ ပြင်ဆင်တာမျိုး ဆိုရင်နည်းလမ်းကျ ပါတယ်။ ဒီထက်ပိုမိုပြီး အဆိုးဆုံးသော အချက်ကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အသစ်ပြန်လည် ရေးဆွဲမယ်လို့ စိုင်းပြင်းနေတဲ့ကိစ္စဖြစ်ပါတယ်။ ဘယ်လို ဘယ်ပုံ ဘယ်နည်းနဲ့ အသစ်ရေးဆွဲမှာလဲ၊ ရေးဆွဲပြီး သွားရင်ကော အဲဒီ ဥပဒေ အသစ်ကို ပြည်သူလူထုက လက်ခံနိုင်ပါ့ မလား။ ထောက်ခံမှု ရာခိုင်နှုန်း မပြည့်ခဲ့ရင် ဘယ်လိုလုပ်မှာလဲ။ ဘာမှာ သေသေချာချာ ရေရေရာရာ မရှိတဲ့ လုပ်ငန်းစဉ်ကို လုပ်ဆောင်ဖို့ စိတ်ကူး ပြင်ဆင်နေတာဟာ ရူးမိုက် လွန်းတယ်လို့ပဲ ပြောလိုက်ချင် ပါတယ်။

အခြေအနေကောင်း တစ်ရပ်ဆီကို လျှောက်လှမ်းနေတဲ့ ခြေလှမ်းတွေကို ရိုက်ချိုးဖို့ ကြိုးစားနေသလိုမျိုးမို့ အသစ် ပြန်လည် ရေးဆွဲမယ်ဆိုတဲ့ စီစဉ်နေမှုမျိုးကိုတော့ အပြင်းအထန် ကန့်ကွက်ပါတယ်။ အပြုသဘောထက် အဖျက်ဘက်ကို ဦးတည်လွန်းနေ ပါတယ်။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေဟာ စစ်အစိုးရက ဗိုလ်ချုပ်ကြီးတွေချည်း ရေးဆွဲခဲ့တာ မဟုတ်ပါဘူး။ တကယ့် ဥပဒေ ပညာရှင်ကြီးတွေ အပါအ၀င် ရာနဲ့ချီပြီး ရှိနေတဲ့ အမျိုးသား ညီလာခံ ကိုယ်စားလှယ် များက အစုအဖွဲ့ အသီးသီးနဲ့ ရေးဆွဲ ခဲ့တာပါ။ ပြီးတော့ ၉၂.၄၈% ကရော သုညကနေ လုပ်ကြံပြီး ရလာတယ်လို့ထင် ပါသလား။ တကယ် မဲပေးခဲ့တဲ့လူတွေ သန်းပေါင်းများစွာ ရှိနေဆဲ ဖြစ်ပါတယ်။

ငါလုပ်တာ မဟုတ်လို့ ဘယ်သူ ဘာလုပ်လုပ် မထောက်ခံ ဘူးဆိုတဲ့ အတွေးအခေါ်မျိုး ဆိုတာ တိုင်းပြည် အတွက် အန္တရာယ်ကြီးမားလှပါတယ်။

နောက်ပြန်လှမ်းရမယ့် အခြေအနေ မဟုတ်တော့တဲ့ အတွက် အသစ်ပြန်လည် ရေးဆွဲမယ်ဆိုတဲ့ လုပ်ရပ်အစား ပြင် သင့်တာကိုပဲ ရွေးနှုတ်ပြီး ပြင်ဆင်တာ အကောင်းဆုံးပါပဲ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမ ပြင်နိုင်လျှင် တိုင်းပြည်မှာ ပြဿနာတွေ ပိုများ လာနိုင်တယ်ဆိုတဲ့ အပြောအဆို မျိုး တွေဟာ ဒီမိုကရေစီနဲ့ ညီပါရဲ့လား။ အကယ်၍များ ပြည်သူအများက ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင် ဖြည့်စွက်တာကို မထောက်ခံပါဘူး ဆိုရင်ရော.. ဒီမိုကရေစီနည်းလမ်း အရ အများစု ဆန္ဒကို အနည်းစုက လိုက်လျောရမှာပါ။ ပြောချင်တာက အဓိက ဆုံးဖြတ်မယ့်သူများသည် ပြည်သူများသာ ဖြစ်တဲ့ အတွက် ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို စဉ်းစဉ်းစားစား လုပ်ဆောင်ကြဖို့ တိုက်တွန်း လိုက်ချင် ပါတယ်။

Naing Oo

Credit : http://www.oppositeyes.info/2013/10/blog-post_8754.html

3 comments:

  1. မင်းက လိုရာဆွဲပြောတဲ့လိပ်။ချီးဒုက်
    ပို့စ်ရေးတဲ့ အကောင်း
    မင်းကိုပြောတာ
    အဓိက တိုင်းပြည်နဲ့ ဆင်းရဲ့သား ငမွဲ
    တိုင်းရင်းသား ပြည်သူတွေအလုပ်ရဘို့
    ချမ်းသာဘို့အရေးကြီးတယ်။



    ပြည်သူဆိုတာ တိုင်းရင်းသား
    တိုင်းရင်းသား ဆိုတာပြည်သူ။

    ReplyDelete
  2. ပြည်သူက၉၀ရာခိုင်နှုံးထောက်ခံတယ်လို့ပြောတယ်
    ဒါပေမဲ့ပြည်သူတွေကဘာမှန်းတောင်မသိလိုက်တဲ့
    ဖွဲ့စည်းပုံပါ အမှန်ဆိုရင်ဒီဖွဲ့စည်းပုံကပြင်သင့်ပါတယ်

    ReplyDelete
  3. တိုင်းရင်းသားလက်နက်ကိုင်တွေကိုတိုက်ခိုက်ဆရာကြီးလုပ်နေမယ့်အစား၊ငြိမ်းချမ်းရေးတိုင်းပြည်ဖွံဖြိုးတိုးတက်ရေးအစစ်အမှန်ဖြစ်အောင်လုပ်ဆောင်သင့်တယ်။

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။