မင်္ဂလာတောင်ညွန့်မြို့နယ် NLD ပါတီဝင်များမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း ကို ဆန္ဒပြရန် စီစဉ်နေကြောင်း သတင်းရရှိပါတယ်။ HIV ရောဂါသည်များကို ကူညီသည့် သာမန် လူ တစ်ဦးမှ ရုတ်တရက် လွှတ်တော်အမတ်ဖြစ်လာတဲ့ ဒေါ်ဖြူဖြူသင်းဟာ နိုင်ငံရေး နားမလည်၊ ဥပဒေများ ကို နားမလည်၊ NLD ရဲ့ လုပ်ရိုးလုပ်စဉ်များကို နားမလည်ပဲ မင်္ဂလာတောင်ညွန့် NLD ရုံးအတွင်း လုပ်ချင်သလို လုပ်နေကြောင်း ကို NLD ပါတီဝင် တစ်ဦး၏ ဇနီးတစ်ဦးမှ အခုလို ပြောပြပါတယ်။
“အစ်မ အမျိုးသားတို့က ဟိုးအရင် NLD စ ဖွဲ့ကတည်းက လုပ်ခဲ့ကြတာ.. အခု မဖြူဖြူသင်းက လွှတ်တော်အမတ် ဖြစ်လာတော့ လူကြီးကိုလည်း လူကြီးမှန်းမသိဘူး… ဘယ်သူနဲ့မှလည်း မေးတာ.. တိုင်ပင်တာ မရှိဘူး… ရုံးထဲမှာ လုပ်ချင်တာတွေ လျှောက်လုပ်တယ်… ညီလာခံကျင်းပရေး ကော်မတီ ဝင်တွေကိုလည်း သူနဲ့အဆင်ပြေတဲ့လူတွေ အစားထိုးဖို့လုပ်နေတယ်… နိုင်ငံရေး အတွေ့အကြုံလည်းမရှိ.. ဥပဒေ လည်း နားမလည်တော့ ပြောရဆိုရအရမ်းခက်တယ်…” လို ဆိုပါတယ်။
ဒေါ်ဖြူဖြူသင်းဟာ ၎င်း ဦးဆောင်လုပ်နေတဲ့ HIV/AIDS လုပ်ငန်းကိုလည်း တစ်ဦးတည်းပိုင် လုပ်ချင်နေပြီး တရားဝင်လူမှုရေးအသင်းအဖြစ်လည်း မှတ်ပုံမတင်နိုင်ကြောင်း၊ ပြည်သူကို ကူညီ နေသည့် အတွက် မည်သူ့မျှ ဂရုစိုက်ရန်မလိုကြောင်း ပြောသဖြင့် မင်္ဂလာတောင်ညွန့် NLD မှ ဥပဒေ ရေးရာကျွမ်းကျင်သူမျာက တင်းမာလျှက်ရှိကြောင်းကို အဆိုပါ အမျိုးသမီးမှပဲ အခုလို ဆက်ပြောပါတယ်။
“လူကြီးတွေက ပြောတယ်… အခုဟာက ပါတီက တရားဝင်ပါတီလေ.. ဒါကြောင့် လူမှုရေးအသင်းကို မှတ်ပုံတင်ဖို့ ပြောတယ်… တခြား ပြိုင်ဖက် ပါတီတွေကလည်း ပြောကြတယ်ဆိုတာ့.. ပါတီသိက္ခာ ကျတယ်… အမေစုက တရားဥပဒေ စိုးမိုးရေး အလေးထားပြီး မင်္ဂလာတောင်ညွန့် NLD က ဥပဒေကို ဂရုမစိုက်ဘူး လို့ ပြောကြတယ်.. ပြောတော့လည်း ကိုယ်မှန်ရင် ဘယ်သူ့မှ ဂရုစိုက် စရာမလိုဘူး.. အသင်းက NLD နဲ့ မဆိုင်ဘူး ကိုယ့်ဘာကိုယ်လုပ်တာ.. လို့.. မဖြူဖြူသင်းက ပြန်ပြောတယ်..” လို့ ဆိုပါတယ်။
ဒေါ်ဖြူဖြူသင်း ရဲ့ အာဏာ သုံးမှု၊ ဥပဒေ မလေးစား ပါတီသိက္ခာကျစေတဲ့အပြင် ပါတီရဲ့ စည်းရုံးရေး လုပ်ငန်းများကိုလည်း တဖြည်းဖြည်းထိခိုက်လာတာကြောင့် ရန်ကုန်တိုင်း NLD သို့ တိုင်ကြား ထားပြီးဖြစ်ကြောင်း သိရပါတယ်။ အောက်တိုဘာ ၁ ရက်နေ့က ပါတီဌာနချုပ် အစည်းအဝေးမှာ တိုင်ကြား ထားပြီး တိုင်း/ဗဟို ထိတင်ပြကာ မီဒီယာများပါ ဖိတ်ပြီး ရှင်းလင်းမယ်လို့ သိရပါတယ်။ ပုသိမ်ညွန့် ရက်ကွက်ပါတီဝင်များက အင်တာနက်ပေါ် ရေးသားတင်ဖို့ ပြင်ဆင်နေကြောင်း သိရပြီး ရုံးရှေ့တွင် ဆန္ဒပြပွဲ ပြုလုပ်ဖို့လည်း စီစဉ်ထားကြောင်း သိရပါတယ်။
ဒေါ်ဖြူဖြူသင်းဟာ အသက် ၄၁ နှစ်ရှိပြီး ၁၉၉၇ ခုနှစ်မှ NLD ပါတီသို့ ဝင်ရောက်ခဲ့ကာ ၂၀၀၂ ခုနှစ် တွင် HIV ကာကွယ်တားဆီးရေး နှင့် ပြုစုစောင့်ရှောက်ရေး သင်တန်းတက်ရောက်ခဲ့ကာ AIDS ရောဂါသည် များကို ကူညီစောင့်ရှောက်သည့် အဖွဲ့တစ်ခု ဖွဲ့စည်းကာ လူမှုရေးအသင်းအဖွဲ့ အဖြစ် တရားဝင် မှတ်ပုံတင် ထားခြင်းမရှိပဲ လုပ်ဆောင်လျှက်ရှိပါတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ တွင် မင်္ဂလာတောင်ညွန့်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိကာ လွှတ်တော်အမတ်အဖြစ် တာဝန် ထမ်းဆောင် နေပြီး လွှတ်တော် တွင်း တစုံတရာ ဝင်ရောက်ဆွေးနွေးခြင်းမျိုးတော့ မရှိသေးပေ။
Credit : http://myanmarheadline.blogspot.com/2013/10/nld.html
အစတည်းက ဘယ်သူတွေတင်မြောက်ထားတဲ့
ReplyDeleteပါတီခေါင်းဆောင်လဲ အရင်က ဘာလို့တင်မြောက်ထားတာလဲ အခုဘာလို့မကြိုက်တော့ တာလဲ အဲဒါပြောတာပေါ့ ထိုလူအကြိုက် ဆယ်
ခါလိုက် မလိုက်တစ်ခါ ရှိစေကာမူ ကြီးစွာရန်သူ
မှတ်ယူမည် တဲ့ ဒေါ်ဖြူဖြူသင်းရေ သတိထားပါ
ပါတီမှာ မွတ်တွေကို ပါတီမဝင်စေနဲ့ ကုလားတော
ထဲက မြန်မာခေါင်းဆောင်မို့ အတိုက်အခံ များမယ် ကိုယ်လုပ်စရာရှိတာ ဆက်လုပ် အရည်
အချင်းရှိလို့ ဒီနေရာကို ရောက်လာတာ နောက်
လှည့်ကြည့်မနေနဲ့
စိတ်ဓာတ်ကိုတော့ ကြိုက်သွားပြီဗျ ကို့်ယ့်လုပ်ရပ်က ကောင်းတယ်ဆိုတဲ့အသိကိုခံယူထားပြီး ပေးဆပ်မှုထဲက ဘာမှပြန်မလိုချင်တဲ့လူမျိုးတွေသာ ဒီလိုအပြုအမူမျိုးလုပ်တတ်ကြတယ် အဓိက ကလူသိဖို့မဟုတ်ပါဘူး ဒါပေမယ့်ရန်သူတစ်ယောက်ရှိနေရင်တောင် မကောင်းဘူးလေ သတိတော့ထားပေါ့
ReplyDelete