/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, October 2, 2013

.

ပြည်သူလူထု စားဝတ်နေရေး မြင့်တက်လာခြင်း မရှိသောကြောင့် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အမှန်တကယ် မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား



ပြည်သူလူထု၏ စားဝတ်နေရေးလူနေမှု အဆင့် အတန်း မြင့်တက်လာခြင်း မရှိသောကြောင့် မြန်မာ နိုင်ငံ၏ စီးပွားရေးသည် ဖွံ့ဖြိုးတိုးတက်မှု အမှန် တကယ်မရှိကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ် aအာင်ဆန်းစုကြည်က မြန်မာနိုင်ငံ စီးပွားရေးနှင့် ပတ်သက်၍ ဝေဖန်ပြောကြားသည်။


အောက်တိုဘာ ၁ ရက်က နေပြည်တော်ရှိ လွှတ် တော် အဆောက်အအုံဝင်းအတွင်း တရားဥပဒေ စိုးမိုးရေး ESင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရုံးခန်းတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ထိုသို့ ပြောကြားသည်။

''လက်ရှိ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေက မကောင်းဘူး။ ခပ်တိုတိုပြောရမယ်ဆိုရင် တိုးတက်မှုက တကယ်မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိုးတက်မှုဆိုတာ ဘယ်လို တိုင်းတာမလဲဆိုတော့ ပြည်သူလူထုရဲ့ စားဝတ်နေရေး အခြေအနေပေါ့နော်။ လူနေမှု အဆင့်အတန်း မြင့်လာလားဆိုရင် မြင့်မလာဘူး။ အောက် ဆုံးပိုင်း အလွှာတွေဆိုရင် ပိုတောင် နိမ့်သွားတယ်လို့ ပြောကြတယ်။ အခု ADB နေပြီးတော့ ၆ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်မှု ရှိတယ်ဆိုတာကိုလည်း တချို့ပညာရှင်တွေ မေးခွန်းထုတ်ကြတယ်။ မရှိဘူးပေါ့။ လုံ လောက်တဲ့ အထောက်အထား လုံလုံလောက်လောက် မရှိဘူးလို့ သုံးသပ်ကြတယ်။ ပညာရှင်တွေ ပြောတာ ထားလိုက်။ တကယ်တော့ ကိုယ့်ပြည်သူလူထုနဲ့ သွားပြီး စကားပြောရင်သိတာပဲ။ ဘယ်လောက်ထိ သူတို့ရဲ့ လူနေမှု အဆင့်အတန်းဟာ ပြောင်းလဲလာတယ်။ ပြောင်းလဲမလာဘူးဆိုတာ။ ရင်းနှီးမြှုပ်နှံမှုက ခန့်မှန်းသ လောက် မ၀င်ဘူးဆိုတာ အားလုံးအသိပါပဲ။ ဒီရင်းနှီးမြှုပ်နှံမှုကိုပဲ ထိုင်ပြီး စောင့်နေမလား။ ရင်းနှီးမြှုပ်နှံမှု တွေရအောင် ခြေလှမ်းလှမ်းနေတဲ့အချိန်မှာ တစ်ချိန်တည်းမှာပဲ ကိုယ့်ပြည်သူတွေအတွက် လုပ်သင့် လုပ် ထိုက်တာတွေ မလုပ်ရဘူးလား''ဟု ဒေါ်အောင်ဆန်းစုကြည်က အစိုးရ၏ ပြည်သူလူထု လူနေမှုအဆင့် အတန်း မြှင့်တင်ရေးနှင့် ပတ်သက်၍ မေးခွန်းထုတ်ပြောကြားသည်။

ထို့အပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်မှုနည်းပါးခြင်းမှာ နိုင်ငံတွင် တရားဥပဒေစိုးမိုးရေးမရှိခြင်း နှင့် အခြေခံ အဆောက်အအုံ မရှိခြင်းတို့ကြောင့် ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားသည်။

လက်ရှိတွင် ပြည်ပစီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် အစိုးရအဖွဲ့၊ ၀န်ကြီးဌာနများနှင့် ဆက်ဆံ အလုပ် လုပ်ရသည်မှာ နှေးကွေးသည်ဟု လုပ်ငန်းရှင်များထံမှ သိရကြောင်း ပြောကြားသည်။

သို့ရာတွင် နိုင်ငံစီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုအတွက် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုကိုသာ စောင့်မျှော်မနေသင့်ဘဲ နိုင်ငံတော်စီမံကိန်းများကို ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်သင့်ကြောင်းလည်း ပြောကြားသည်။

အောက်တိုဘာ ၁ ရက်က နေပြည်တော်တွင် မီဒီယာများအား တွေ့ဆုံပြောကြားနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်

Eleven Media Group

2 comments:

  1. မြန်မာနိုင်ငံ ကထွက်ကုန်တွေကို မြန်မာ တွေဖြစ်နေပီးတော. ၀၀ လင်လင် မစားရဘူး
    အခြေက လူတွေ ဘယ်လိုနေမယ်ဆိုတာလဲ လဲ သူတို.မသိဘူး ဒီမိုကရေ စီ ရဖို. ထက်
    လူနေမူ စားဝတ်နေရေး က ပိုအရေးကြီးပါတယ် ..... ဒီမိုကရေစီ ရပြီး ပုံဆံမပြောင်းသေးဘူးဆိုရင်တော...မြန်မာ ပြည်မှာ မြန်မာ ဖြစ်ရတာ လူဖြစ်ကျိုးရှုံးတယ်လို. ကို့ နိုင်ငံကို ပြန် မပြောချင်ဘူး..... ဘာမှလွတ်လပ်ခွင့် မရှိဘူး.... ကို့ နိုင်ငံမှာ ကိုနေပြီး တိုင်းတပါးသားတွေကပေးတဲ့  လစာ တပဲ ခြောက်ပြား ကို မျှော်ကိုးစားနေရတဲ့  ကျွန်တော် တို. မြန်မာ နိုင် သားတွေအတွက်ရင်လေးတယ် ဗျာ.....18 ကနေ 25 ရှိ လူငယ် အချို. ဆိုရင် အချို့ က ကျောင်းသား အချို့ က အလုပ် လက်မဲ့ နဲ့  မလုပ်ချင်ကျတဲ့ သူတော. ဘယ်ရှိမှာလည်း လုပ်ခွင့် မသာတာထက် အလုပ်တစ်ခုမှ မိန်းခလေး တစ်ယောက် လောက် ယောကျာ်းလေး တစ်ယောက် အတွက် နေရာ မရှိဘူး
    ကျန်တာတွေကို မကြည့် ပါနဲ့  လက် ရှိ နှိုင်း ယှဉ် ပြရရင် တော. မြန်မာနိုင်ငံ တပ်မတော်က စစ်သားတွေ
    အသက်ပေးပြီး တိုက်ပွဲဝင်တယ် ရှေ့ တန်းမှာ.... ဒဏ်ရာ ရလာရင် အင်္ဂါ အစိတ်အပိုင်းတွေ ပျက်စီးပြီး နောက်ဆုံး တိုင်းပြည်
    အတွက် သူတို့ အသက်ပေးတိုက်ပွဲ ၀င်ပေမယ့် လည်း နောက်ဆုံး ရလဒ် က ခွက် စွဲပြီး သူတောင်းစားဘ၀ကို ရောက်နေတာတွေ က ရင်နာစရာ ပဲ ဒါကြောင့် အခေတ် မှာ စစ်ထဲ ၀င်မယ်ဆိုတဲ့  လူငယ် တစ်ယောက်မရှိဘူး... နောက် ဆုံး ကို့ နိုင်ငံကို စိတ်နာပြီး သူများနိုင်ငံမှာ ၀င်ငွေ ကောင်းတယ်ဆိုပြီး အလုပ်သွား....
    ဒီလိုပဲ သွားတာများလာရင် မြန်မာပြည်မှာ မြန်မာ ဆိုတာတောင် ပြတိုက်မှာ သွားကြည့် ရမလို ဖြစ်နေပြီ ....
    လူ တချို့ ကတော့ လည်း ကို့ ထိုင်ခုံ မပျောက်ဖို့ ပဲ ဦးစားပေးတယ်... သူတို.စားနေတာတွေက ပြည်သူက ကျွေးတဲ့  ထမင်းဟင်းတွေ
    ဆက်ပြောရင် မကောင်းတော.ဘူး ဒီလောက်ပါပဲ ... အခုအချိန်အထိ ဘာမှမထူးသေးဘူး ပိုတောင်ဆိုးနေသလိုပဲ မြေဈေးတွေက တက် ကုန်ဈေးတွေက တက် ဘာမှ လုပ်လို.မရတော.ဘူး....
    ကို့ ဟာကို တွေးတောပြီးဆင်ခြင်ကျပေါ့ ဗျာ... ဒီလောက်ပဲပြောချင်တယ်

    ReplyDelete
    Replies
    1. ပြောချင်စိတ်ပဲရှိတာလား။

      ခံချင်စိတ်ကောမရှိဘူးလား?

      Delete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။