/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, October 2, 2013

.

မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် ကျင်းပသည့် ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနှင့် အတူလက်တွဲ နေထိုင်ရေးဆိုင်ရာ ကမ္ဘာ့ဘာသာပေါင်းစုံ တွေ့ဆုံနှီးနှော ဖလှယ်ပွဲသို့ သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သ၀ဏ်လွှာပေးပို့



မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် ကျင်းပလျက်ရှိသည့် ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနှင့် အတူလက်တွဲ နေထိုင် ရေးဆိုင်ရာ ကမ္ဘာ့ဘာသာပေါင်းစုံ တွေ့ဆုံ နှီးနှော ဖလှယ်ပွဲသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့် အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်တို့မှ သ၀ဏ် လွှာ ပေးပို့ခဲ့သည်။


အဆိုပါ ကမ္ဘာ့ဘာသာပေါင်းစုံ တွေ့ဆုံနှီးနှော ဖလှယ်ပွဲကို ရန်ကုန်မြို့ရှိ သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်၌ အောက်တိုဘာ ၁ ရက်နှင့် ၂ ရက်တွင် ကျင်းပလျက်ရှိပြီး အောက်တိုဘာ ၁ ရက် အခမ်းအနားသို့ ဘာ သာပေါင်းစုံမှ ဘာသာရေး ခေါင်း ဆောင်များ၊ အစိုးရအဖွဲ့ ၀န်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ သံအမတ်များ၊ သံအရာရှိများ စုစုပေါင်း ၁၀၀ ဦးကျော် တက်ရောက်ခဲ့ကြသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က "လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ဖြစ်စဉ်များ ထပ်မံမဖြစ်ပွားရေးအတွက် ဘာသာအသီးသီးမှ ဘာသာရေး ခေါင်းဆောင်ကြီးများ စုစည်းပြီး ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး ကိစ္စများကို အားကြိုးမာန်တက် ဆောင်ရွက်လျက် ရှိကြသည့်အတွက် များစွာကျေးဇူးတင် ၀မ်းမြောက်မိ ပါသည်။ နိုင်ငံတော် အစိုးရ အနေဖြင့်လည်း အဆိုပါ လုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် အပြည့်အ၀ ပါဝင်ကူညီ ဆောင်ရွက်သွားမည် ဖြစ်ပါသည်" ဟု ကမ္ဘာ့ဘာသာပေါင်းစုံ တွေ့ဆုံနှီးနှော ဖလှယ်ပွဲသို့ ပေးပို့ သည့် သ၀ဏ်လွှာတွင် ထည့်သွင်းပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က "ရွာကလေး တစ်ရွာလို ကျဉ်းမြောင်းလာ တဲ့ ကမ္ဘာကြီးမှာ စကြ၀ဠာကြီးတစ်မျှ၊ နှလုံးသား၊ သဘောထားများ ကျယ်ပြန့်နိုင်ကြပါစေ" ဟု ၎င်း၏ လက် ရေးဖြင့် ရေးသားထားသည့် ဆုတောင်းစကားကို သ၀ဏ်လွှာတွင် ထည့်သွင်းဖော်ပြထားသည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ ပေးပို့လာသည့် အထူးသ၀ဏ်လွှာကို သီတဂူ ဆရာ တော် ဒေါက်တာဥာဏိဿရက ဖတ်ကြားခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်မှ ပေးပို့သည့် သ၀ဏ်လွှာကို သာသနာရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား) ဒေါက်တာ မျိုးမြင့်က ဖတ်ကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြည်ထောင်စု ၀န်ကြီးများဖြစ်သည့် ဦးဆန်းဆင့်နှင့် ဦးအောင်မင်းတို့မှလည်း ငြိမ်းချမ်းရေး သ၀ဏ် လွှာ ဖတ်ကြားခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်၊ ဗြိတိန်၊ ပါကစ္စတန်၊ အိန္ဒိယနိုင်ငံများမှ သံအမတ်ကြီး များကလည်း သ၀ဏ်လွှာ ဖတ်ကြားခဲ့ကြသည်။

ကမ္ဘာ့ဘာသာပေါင်းစုံ တွေ့ဆုံနှီးနှော ဖလှယ်ပွဲကို အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်မြို့ရှိ Institue of Global Engagement(IGE) နှင့် သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ် (ရန်ကုန်) တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ပြည် တွင်းပြည်ပမှ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာ၊ ဂျူးဘာသာတို့မှ ဘာသာ ရေး ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး လုံခြုံရေး၊ ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနှင့်အတူ လက်တွဲနေထိုင် ရေး ဆိုင်ရာတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဓါတ်ပုံ - မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် ကျင်းပသည့် ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနှင့် အတူလက်တွဲ နေထိုင်ရေးဆိုင်ရာ ကမ္ဘာ့ဘာသာပေါင်းစုံ တွေ့ဆုံပွဲ

Eleven Media Group

1 comment:

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။