/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, October 15, 2013

.

ဗုံးပေါက်ကွဲမူဖြစ်စဉ်များရခိုင့်တပ်မတော်ALP နှင့်မသက်ဆိုင်ဟုရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဦးဇော်အေးမောင်ပြော

ရန်ကုန်မြိုတွင်းဖြစ်ပွားခဲ့သည် ဗုံးပေါက်ကွဲမူဖြစ်စဉ်များသည် ပါတီဝင်များအား လွတ်ပေးခြင်း မရှိသော ကြောင့် ဦးအေးမောင် ကျောထောက်နောက်ခံပြု ထားသည့် ရက္ခိုင့်တပ်မတော် ALP မှ လက်နက်ကိုင် များက ရာဇသံပေးထားသည့်အတိုင်း ရန်ကုန်မြို့ တွင် လက်တုန့်  ပြန်ဗုံးခွဲမှုများ ဆက်တိုက်ပြုလုပ်ရခြင်း ဖြစ်ကြောင်း အင်တာနက်စာမျက်နှာများတွင်ပြန်နှံလျှက်ရှိသည့် သတင်းများမှန်ကန်မူမရှိကြောင်း ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က အောက်တိုဘာ၁၄ရက်နေ့ ရခိုင်ဓမာရုံတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။


"ဒီကိစ္စတွေလုံးဝမှန်ကန်မူမရှိပါဘူး။ ရခိုင့်တပ်မတော်ဆိုတာ အစိုးရနဲ့ ငြိမ်းချမ်းရေ့း ဆောင်ရွက်နေတဲ့အဖွဲ့  အစည်းတစ်ခုဖြစ်တယ်။ ဒီလိုသတင်းမျိုးတွေဟာရခိုင်လူထုနဲ့ အစိုးရကြားမှာသွေးထို့ လုံဆော်မူသက်သက် ဖြစ်တယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလဲရန်ကုန်မှာ ရခိုင်လူမျိုးတွေဆန္ဒပြမယ်ဆိုပြီးသတင်းတွေထွက်ခဲ့သေးတယ်။ ဒါတွေလုံးဝ မဟုတ်ပါဘူးဟု ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် ကဆိုသည်။

ထို့ ပြင်ရခိုင်ပြည်နယ်သံတွဲမြိုနယ်ပဋိပက္ခအတွင်းဖမ်းဆီးခံထားရသည့် အရပ်ဖက်အဖွဲ့ စည်းမှ ရခိုင် လူမျိုးများနှင့်ပတ်သတ်၍ သက်ဆိုက်ရာလွတ်တော်ကိုယ်စားလှယ်၊ပြည်ထောင်စုလွတ်တော်နှင့် နိုင်ငံတော် သမ္မတို့ ထံတင်ပြသွားမည်ဖြစ်ကြောင်းသိရသည်။

ပန်မိုးဝါ(ရိုးရာလေး)

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။