/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, October 15, 2013

.

၂၀၁၃ ခုနှစ် ဒီဇင်ဘာအထိ မွန်နှစ်ပါတီ ပေါင်းစည်းခြင်း မရှိပါက မွန်လူထု၏ ဆန္ဒအတိုင်း ပါတီတစ်ခု တည်ထောင်ရန် မွန်တိုင်းရင်းသားများ သဘောတူ



၂၀၁၃ ခုနှစ် ဒီဇင်ဘာထိ မွန်နှစ်ပါတီ ပေါင်းစည်း ခြင်း မရှိပါက မွန်သံဃာ၊ လူထု၏ ဆန္ဒအတိုင်း အလယ်ပါတီ တည်ထောင်ရန် အောက်တိုဘာ ၁၃ ရက် မွန်းလွဲပိုင်းက မော်လမြိုင် သာသနာ ၂၅၀၀ ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သော မွန်၊ ကရင် ပြည်နယ်တို့မှ မွန်သံဃာ၊ လူငယ်၊ အမျိုးသမီး၊ စာပေယဉ်ကျေးမှု၊အရပ်ဘက် လူ့အဖွဲ့အစည်း ကိုယ်စားလှယ် အစည်းအဝေးမှ ဆွေးနွေးသဘော တူခဲ့သည်။


''ဒီနေ့ အစည်းအဝေးက မွန်နှစ်ပါတီ ညှိနှိုင်းရေး အဖွဲ့က ဖိတ်တာပါ။ မွန်နှစ်ပါတီပေါင်းစည်းရေးနဲ့ပတ်သက် ပြီး အဖွဲ့အစည်း အားလုံးရဲ့ဆန္ဒ အစစ်အမှန်ကိုသိဖို့၊ သူတို့ ဆန္ဒနဲ့ ဦးဇင်းတို့ဆန္ဒ ကိုက်ညီမှု ရှိ၊ မရှိ သိဖို့ပါ ပဲ။ ပါတီနှစ်ပါတီကို မဖိတ်သေးပါဘူး။ မြို့နယ်တိုင်းက အရပ်ဘက် လူ့အဖွဲ့အစည်း ရှိသမျှ ဖိတ်တာပါ။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာမှာ ပေါင်းဖို့၊ မပေါင်းရင်အလယ်အဖွဲ့အစည်းတစ်ခုတည်ထောင်ဖို့ကိုအခုတက်ရောက် လာတဲ့ အဖွဲ့အစည်း အားလုံးကို တင်ပြတယ်။ တင်ပြပြီး သူတို့ဆန္ဒကို တင်ပြတဲ့အခါ ဦးဇင်းတို့ဆန္ဒနဲ့ တစ် ထပ်တည်း ဖြစ်နေတာ တွေ့ရတယ်။ ပြီးခဲ့တဲ့ မွန်ကွန်ဖရင့်မှာ တက်လာတဲ့ ကိုယ်စားလှယ်တွေရဲ့ ဆန္ဒကို သိချင်လို့ ကင်မ်ပိန်းလုပ်ပါတယ်။ ဆန္ဒပြုစာရွက် ၃၄၅ ရွက်ကို ဖြန့်ဝေတယ်။ ပြန်တက်လာတာ အရွက် ၂၈၀ ထဲမှာ ကန့်ကွက်သူ ခုနစ်ရွက်ပဲပါတယ်။ အဲဒီစာရွက်တွေ သိမ်းထားပါတယ်။ တခြားရည်ရွယ်ချက် မရှိပါဘူး။ ကိုယ်စားလှယ်တွေရဲ့ ဆန္ဒအစစ်အမှန် ဘယ်လိုရှိသလဲ ဆိုတာ သိဖို့ပဲ ကင်မ်ပိန်းလုပ်တာပါ။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာမှာ မွန်နှစ်ပါတီ မပေါင်းစည်းဘူး ဆိုရင် မွန်သံဃာ၊ အဖွဲ့အစည်း၊ ပညာရှင် အလယ် ပါတီတစ်ခု တည်ထောင်ဖို့ သဘောတူထားပါတယ်။ ပြည်သူ့ဆန္ဒတွေ ထပ်ရအောင် လာမယ့် ဒီဇင်ဘာမှာ ကင်မ်ပိန်းထပ် လုပ်ဖို့ရှိပါတယ်။ အရင်နှစ်ပါတီ ၂၀၁၂ ခုနှစ် ဧပြီ ၂၂ ရက်က သဘောတူထားတဲ့ အချက် လေးချက်မှာ အလယ်နာမည် တစ်ခုနဲ့ ပေါင်းရမယ်ဆိုတာ သဘောတူထားတာ ရှိပါတယ်။ သူတို့သဘောတူ ထားတဲ့အတိုင်း အကောင်အထည် မဖော်ပေးရင် ပြည်သူလူထုကပဲ အကောင်အထည် ဖော်ရမှာပါ'' ဟု မွန် နှစ်ပါတီ ပေါင်းစည်းရေးမှ ပြောရေးဆိုခွင့်ရှိသူ ရှင်ပုဖ္ပဟံသာက ဆွေးနွေးပွဲအပြီး ပြောကြားသည်။

မုဒုံမြို့နယ် အမျိုးသမီး အဖွဲ့ဝင် မိလရီထောက ''မွန်ပါတီနှစ်ဖွဲ့ ပူးပေါင်းဖို့ သံဃာအဖွဲ့ လုပ်ဆောင်နေ တာကို အရပ်ဘက်လူမှု အဖွဲ့အစည်းတွေက ဘယ်လိုပါဝင် ပူးပေါင်းဆောင်ရွက် ရမလဲဆိုတာ တင်ပြဆွေး နွေး တာပါ'' ဟု ပြောကြားသည်။

ယင်းဆွေးနွေးပွဲသို့ သံဃာအပါး ၂၀ ခန့်၊ အရပ်ဘက် အဖွဲ့အစည်း ၈၀ ခန့် တက်ရောက်ကြပြီး အောက်တို ဘာ ၁၃ ဆွေးနွေး သဘောတူ ဆုံးဖြတ်ချက်ကို မွန်နှစ်ပါတီ ဖြစ်သော AMDP နှင့် MDP တို့ကို အောက်တို ဘာ ၂၂ ရက်တွင် တင်ပြရန် ရှိသည်ဟု သိရသည်။

 မော်လမြိုင်မြို့ ၌ အောက်တိုဘာ ၁၃ ရက်က ပြုလုပ်ခဲ့သော အစည်းအဝေးကို တွေ့ရစဉ် 

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။