/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, September 13, 2013

.

ကေအိုင်အေဌာနချုပ် လိုင်ဇာအား (၄၈) နာရီအတွင်း ထိုးစစ်ဆင်တော့မည်


အပစ်အခတ်ရပ်စဲရေးကာလတွင် ပူတာအို ခရိုင်ထဲမှာ KIA က ဆက်ကြေးကောက်တာကို သတင်းရလို့ မချမ်းဘောက ခလရ ၁၃၇ လိုက်သွားတဲ့ တပ်မှ အင်အား ၁၄ ယောက်ကို KIA က ရက်ရက်စက်စက် ခေါင်းဖြတ် သတ်လိုက်တဲ့ သတင်း အင်တာနက် စာမျက်နှာတွေပေါ် ကျယ်ကျယ်ပြန့်ပြန့် ပျံနှံ့လာပြီးတဲ့ နောက်မှာ အစိုးရ တပ်မတော် က ကေအိုင်အေ ဌာနချုပ် လိုင်ဇာကို ထိုးစစ်ဆင်တော့မယ်လို့ မြစ်ကြီးနား စစ်ဌာနချုပ် အသိုင်းအ၀ိုင်း နဲ့ နီးစပ်သူတွေက သတင်းပေးပို့လာပါတယ်။


ကေအိုင်အေ ရဲ့ ဖမ်းဆီးမိတဲ့ စစ်ပွဲသုံ့ပန်းအပေါ် ရက်ရက်စက်စက် လည်ဖြတ် ၊ ဗိုက်ခွဲ သတ်တဲ့အပေါ် တပ်မတော် အသိုင်းအ၀ိုင်းတစ်ခုလုံး က ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ကေအိုင်အေ ကို အပြတ်တိုက်ဖို့ အတွက် ပြင်ဆင်ဖို့ အမိန့်ပေးလိုက်တာပဲ ဖြစ်တယ်လို့ မြစ်ကြီးနား တပ်မတော် နှင့် နီးစပ်ရာအသိုင်း အ၀ိုင်း က ဆိုပါတယ်။


ကေအိုင်အေ လိုင်ဇာ ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်ဖို့အတွက် တပ်မ (၄)မနဲ့စကခ (၃)ခုတို့ ကို ပူးတွဲ တာဝန်ပေးသွားလိမ့်မယ်လို့ လည်းသိရပါတယ်။ ဒီစစ်ဆင်ရေးမှာ တပ်မ (၈၈) နဲ့ တပ်မ (၃၃) စတဲ့တပ်မ တွေကို ထုတ်သုံးသွားမယ့်အပြင် မြေပြင်ပစ် ဒုံးတပ်နှင့် သံချပ်ကာတပ်မများကိုလည်း ၂၄ နာရီအတွင်း တိုက်ပွဲဝင်နိုင်ဖို့ အသင့်ပြင်ဆင်ထားရန် ညွှန်ကြားထားတယ်လို့ သိရပါတယ်။ ဒီလိုထိုးစစ်ဆင်မယ့် အစီ အစဉ်အပေါ်မှာလဲ ပြည်သူတွေ က ထောက်ခံမှုတွေ ဟာ ယခင်ကထက် ရာခိုင်နှုန်းမြင့်လာတာကို တွေ့ရ ပါတယ်။


ဒီအခြေအနေ မှာ ကေအိုင်အေ ရဲ့ လုပ်ရပ်ဟာ ကချင်တိုင်းရင်းသားတွေ အပေါ် တိုင်းရင်းသားတွေ အပေါ် ဆိုးကျိုးသက်ရောက်ဖို့များနေပြီး စစ်ဘေးဒုက္ခသည် အရေအတွက် မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းသူတွေ လဲ ရှိနေပါတယ်။


Posted by ရွှေသတင်းသစ်

Credit : http://www.todaymyanmar.net/2013/09/blog-post_4380.html

3 comments:

  1. ဘာဖြစ်လို့ရက်ရက်စက်စက် ကိုယ့်လူမျိုးအချင်းချင်းသတ်နေကြတာလဲ...
    အမြင်တွေကွဲးလွဲနေမူ..သဘောထားလေးတွေ ကွဲလွဲမူတွေ နည်းနည်းလေးတော့လွဲနေကြတယ် ထင်တယ်။
    ကိုယ့်လူမျိုးတွေကို ကိုယ့်သတ်လို့သေးမှာမဟုတ်..

    မျိုးပြုတ်တော့မည်ကိုစိုးရိမ်နေရပါသည်။

    ReplyDelete
  2. အသားထဲကလောက် ထွက်တဲ့ မျိုးကို တစ်ခါထဲသာ မျိုးဖြုတ်ဖို့ကောင်းတယ်
    တောက် ခွေးသားတွေ လွတ်ပေးထားတာကို ရောင့်တက်တာ
    ညီနောင် တပ်မတော် သားများ အပြုတ်သာတိုက်

    ReplyDelete
  3. အရင်ကတပ်မတော်ဆိုရင် အကောင်းမမြင်ကြဘူး... ခုတော့အဲလိုမဟုတ်တော့ဘူး။ခွေးသားတွေကို အပြတ်
    တိုက်မှ တော်ကာကျတော့မည်ထင်တယ်တကား....

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။