/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, September 13, 2013

.

၈၁ မမ ဗုံးသီးများ ဖော်ထုတ် သိမ်းဆည်းရမိ


ရှမ်းပြည်နယ် ( အရှေ့ပိုင်း ) တာချီလိတ် မြို့နယ် ၊ မိုင်းဖုန်း(က) အုပ်စု ပါဆာရွာရှိ လွန်းလိန်း ဘုန်းတော် ကြီး ကျောင်းအနီး တောစပ်တွင် မူးယစ် တရားခံ နော်ခမ်း ရှိစဉ်က ခဲယမ်းများ မြှုပ်နှံ ထားကြောင်း သတင်း ရရှိသဖြင့် စက်တင်ဘာလ ၁၁ ရက် မွန်းလွဲပိုင်း က တပ်မတော် လုံခြုံရေး တပ်ဖွဲ့ဝင် များက သွားရောက် စစ်ဆေး ရှာဖွေရာ မြေကြီးအောက် အနက် ၂ ပေခန့်မှ ပလတ်စတစ် ပုံးအစိမ်း အတွင်း ထည့်ထားသော ၈၁ မမ ဗုံးသီး ၂၂ လုံးအား ဖော်ထုတ် သိမ်းဆည်း ရမိခဲ့သည်။

သိမ်းဆည်းရမိ ဗုံးသီးများအား ခဲယမ်းစစ်အဖွဲ့များဖြင့် စစ်ဆေးပြီး သက်ဆိုင်ရာသို့ စနစ်တကျ အပ်နှံနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။


http://themyawadydaily.blogspot.com/2013/09/blog-post_8983.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။