/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, August 30, 2013

.

ပြည်ထောင်စုလွှတ်တော် ပထမအကြိမ် သတ္တမပုံမှန် အစည်းအဝေးများ ပြီးဆုံး၊ ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့် ဥပဒေ ၁၆ ခု ပြဋ္ဌာန်းနိုင်ခဲ့

ဇူလိုင် ၁ ရက်တွင် စတင်ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော် ပထမအကြိမ် သတ္တမပုံမှန် အစည်း အဝေးများ သြဂုတ် ၂၉ ရက် တွင် ပြီးစီးခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်း ကော် မရှင်တစ်ရပ် ဖွဲ့စည်းနိုင်ခဲ့သည့်အပြင် ဥပဒေ ၁၆ ခုကို ပြဋ္ဌာန်းထုတ်ပြန် နိုင်ခဲ့ကြောင်း သိရသည်။


ထို့ပြင် သတ္တမပုံမှန် အစည်းအဝေး ကာလအတွင်းတွင် လွှတ်တော်၏ အဓိက တာဝန်ဖြစ်သည့် ဥပဒေပြု ရေးတွင် ထုတ်ပြန်နိုင်ခဲ့သည့် ဥပဒေ ၁၆ ခု ရှိခဲ့ကြောင်း၊ နိုင်ငံတော် သမ္မတထံသို့ ဥပဒေအဖြစ် လက်မှတ် ရေးထိုးနိုင်ရန် ဆက်သွယ်ရေး ဥပဒေကြမ်း အပါအ၀င် ဥပဒေကြမ်း နှစ်ခုရှိကြောင်း၊ လယ်ယာမြေနှင့် အ၏ ခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေး အတွက် စုံစမ်းစစ်ဆေးရေး ကော် မရှင်နှင့် အလုပ်သမား၊ အလုပ်ရှင် အခွင့်အရေး လေ့လာရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာများ တင် သွင်း ဆွေးနွေး အတည်ပြု နိုင်ခဲ့ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြား သည်။

''အခုကျင်းပခဲ့တဲ့ လွှတ်တော် အစည်းအဝေးမှာ နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားအတွက် အရေးအကြီးဆုံး ဖြစ်တဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံး သပ်နိုင်ဖို့ ပူးပေါင်းကော်မရှင် တစ်ရပ်ကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ကို လေ့ လာသုံးသပ်ရေး လုပ်ငန်းများ စတင်ဆောင်ရွက် နေပြီဖြစ်ပါတယ်'' ဟု ၎င်းက ပြောကြားသည်။

လွှတ်တော် အစည်းအဝေးများ ရပ်နားထားချိန်တွင် ပြည်သူ့ ကိုယ်စားလှယ်များ အနေဖြင့် ဒေသခံများ၏ ဆန္ဒ၊ အသံများကို နားထောင်ရန် လိုအပ်ကြောင်း၊ ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ကြိုးစားရန် လိုအပ်ကြောင်း လွှတ်တော် အစည်းအဝေး အပိတ်မိန့်ခွန်းတွင် ပြောကြားသည်။

သတ္တမပုံမှန် အစည်းအဝေး ကျင်းပချိန်တွင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများကို ၁၈ ရက် ကျင်း ပ ခဲ့ကြောင်း၊ လွှတ်တော် အစည်းအဝေးသို့ နိုင်ငံရေးပါတီများ၊ အသင်းအဖွဲ့များ၊ သင်တန်းများ၊ ကောလိပ် နှင့် ကျောင်းများ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသား အဖွဲ့များ၊ ပြည်ပဧည့်သည်များ အပါအ၀င် ၃၆၈၃ ဦး လာရောက် လေ့လာခဲ့ကြောင်းလည်း သူရဦးရွှေမန်းက ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။