/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, August 23, 2013

.

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အကြိုစာနယ်ဇင်း ရှင်းလင်းပွဲ တက်ရောက်ခဲ့သည့် အလယ်တန်းပြ ဆရာမ တစ်ဦးအား ပညာရေး ၀န်ကြီးဌာနက မယူမနေရ အငြိမ်းစားပေးခံရမှု အမိန့်ကို ပယ်ဖျက်၍ ရာထူးမှထုတ်ပယ်

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အထိမ်းအမှတ်အကြို စာနယ်ဇင်းရှင်းလင်းပွဲသို့တက်ရောက် ခဲ့သည့် နေပြည်တော်ရှိ ကျောင်းဆရာမ တစ်ဦးဖြစ်သူ ဒေါ်စိုးစိုးခိုင်အား မယူမနေရ အငြိမ်းစား ပေးခဲ့ပြီး နာက် ၂ ရက်အကြာတွင် ပထမ ထုတ်ပြန်ခဲ့သည့် အမိန့်အား ပယ်ဖျက်၍ ရာထူးမှ ထုတ်ပယ်ခြင်း ခံခဲ့ ရ ကြောင်း သတင်းရရှိပါသည်။


၂၀၁၃ ခုနှစ် ဇွန် ၁၀ရက် မှ ၁၄ ရက် နေ့အထိ ခွင့်မဲ့ ကျောင်းပျက်ကွက်ခြင်း၊ ကျောင်းအုပ်ကြီးထံ ခွင့် ပန် ကြားမှု မရှိဘဲ ရန်ကုန်သို့ ထွက်ခွာခြင်း၊ နိုင်ငံရေး အဖွဲ့အစည်းနှင့် ပါဝင်ပတ်သက် ဆောင်ရွက်ခြင်း (ရန်ကုန်တိုင်း ဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့သော ရှစ်လေး လုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အစီအစဉ်တွင် စာနယ်ဇင်းများနှင့် တွေ့ဆုံရှင်းလင်းပွဲသို့ တက် ရောက်ခြင်း) စသည့် အချက်များဖြင့် နေပြည်တော် ပညာရေး ၀န်ကြီးဌာနမှ ၂၀၁၃ ခုနှစ်သြဂုတ် ၁၅ ရက် တွင် မယူမနေရ အငြိမ်းစား ပေးခဲ့ပြီးနောက် သြဂုတ် ၁၇ ရက်တွင် ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း ထပ်မံ ထုတ်ပြန်သည်ဟု သိရသည်။

''အဲဒီပွဲမှာ စာနယ်ဇင်းတွေက ၈၈ မျိုးဆက် ကျောင်းသားတွေ အနေနဲ့ ပညာရေး ကဏ္ဍမှာ တိုးတက်အောင် တစ်ဖွဲ့တည်း လုပ်ဆောင်နိုင်မှာလားလို့ မေးတဲ့မေးခွန်းကို ကျွန်မက ကျောင်းဆရာမ တစ်ယောက်အနေနဲ့ သူတို့ကို ပညာရေးမှာ အစိုးရ၊ ပြည်သူအားလုံး ပေါင်းပြီး လုပ်ဆောင်မှသာတိုင်းပြည်ရဲ့ပညာရေးကကောင်း မှာပါလို့ ပြန်ဖြေခဲ့တဲ့ အပေါ်မှာ အခုလို အတင်းအကျပ် အငြိမ်းစား ပေးခံရတာပါ၊ အငြိမ်းစား ပေးခဲ့ပြီး နောက် ၂ ရက်နေတော့ ပထမထုတ်ပြန်ခဲ့တဲ့ အမိန့်ကို ပယ်ဖျက်ပြီး ရာထူးမှ ထုတ်ပယ်ခြင်း ခံလိုက်ရပါ တယ်'' ဟု ဆရာမ ဒေါ်စိုးစိုးခိုင်က ပြောကြားခဲ့သည်။

ပညာရေး ၀န်ကြီးဌာနမှ ဆရာမဒေါ်စိုးစိုးခိုင်အား မယူမနေရ အငြိမ်းစားကို ပယ်ဖျက်၍ ဒုတိယအကြိမ် ရာထူး မှ ထုတ်ပယ် လိုက်ကြောင်းကို ပညာရေး ၀န်ကြီးဌာန စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေး ၈/၂၀၁၃ သဘောတူ ဆုံးဖြတ်ချက်အရ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၅)အခြေခံ အထက်တန်း ကျောင်းမှ အလယ်တန်းပြ ဆရာမ ဒေါ်စိုးစိုးခိုင်ကို သြဂုတ် ၁၅ ရက်မှ မယူမနေရ အငြိမ်းစားပေးသည့် ပြန်တမ်းအမှတ် (၃၀၇) အား ပယ်ဖျက်၍ ပညာရေး ၀န်ကြီးဌာန ၀န်ကြီးရုံးက သြဂုတ် ၁၇ ရက်တွင် ရာထူး မှ ထုတ်ပယ်လိုက်ကြောင်း ပြန်တမ်းကို ထပ်မံထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

''တကယ်ပဲ အံ့သြရပါတယ်။ သူတို့ပဲ ချက်ချင်းမယူမနေရ အငြိမ်းစားပေးပြီး အခု ကျပြန်တော့လည်း ရာထူး ကနေ ထုတ်ပယ်ခြင်း ခံလိုက်ရတယ်။ ပညာရေး ၀န်ကြီးဌာန အနေနဲ့ ဒီလိုပဲ ကျောင်းဆရာမ တစ်ယောက် ကို လုပ်ချင်တိုင်းလုပ်လို့ ရပါသလားလို့ မေးချင်ပါတယ်။ ဒီပြန်တမ်းကလည်း ၁၇ ရက်က စာထွက်တာ ကျွန် မဆီကို ၂၁ရက်နေ့ ညနေပိုင်းမှ ရောက်တယ်။ အောက်ခြေ ၀န်ထမ်းတွေကို ဒီလိုပဲ မှောက်ချေ လှန်ချေ လုပ်နေတာ နိုင်ငံကို အုပ်ချုပ်နေတဲ့ သမ္မတကိုလည်း သိစေချင်ပါတယ်'' ဟု ဒေါ်စိုးစိုးခိုင်က ပြောသည်။

နေပြည်တော်ရှိ ပညာရေး ၀န်ကြီးဌာနသို့ ဒေါ်စိုးစိုးခိုင်နှင့် ပတ်သက်ပြီး အကြိမ်ကြိမ် ဖုန်းဆက်၍ မေးမြန်း ခဲ့ရာ သက်ဆိုင်ရာ ၀န်ကြီးဌာနက အဆင့်ဆင့်လွှဲ၍ ဖြေကြားခြင်း မရှိခဲ့ဘဲ ၀က်ဘ်ဆိုက်များတွင် ၀င်ရောက် ကြည့်ရှုရန် ပြောကြားခဲ့သည်။ အငြိမ်းစား ပေးခံရသော ကျောင်းဆရာမ ဒေါ်စိုးစိုးခိုင်သည် ၁၉၈၈ ခုနှစ်က ဖြစ်ပွားခဲ့သည့် ကျောင်းသားသပိတ်တွင် ပါဝင်ခဲ့ကာ စစ်တပ်မှ အာဏာသိမ်းသည့် နောက်ပိုင်း တောခိုခဲ့ သည်။ ထို့နောက် ၁၉၉၀ ပြည့်နှစ်တွင် နိုင်ငံတော်သို့ တရားဝင် အလင်းဝင်ရောက်ခဲ့ပြီး ၁၉၉၅ ခုနှစ်မှ စ တင်ကာ ကျောင်းဆရာမအဖြစ် လုပ်သက် ၁၈ နှစ်ရှိသူ ဖြစ်သည်။ အငြိမ်းစား မယူမီအထိ နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် အမှတ်(၅) အခြေခံပညာ အထက်ကျောင်းတွင် အလယ်တန်းပြ ဆရာမအဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။

Eleven Media Group

7 comments:

  1. အင်း
    ပြောပြန်ရင်လည်း မစာနာရာရောက်မယ်ထင်တယ်။
    ခက်တာက
    ဒီဆရာမကိုယ်တိုင်က ၀န်ထမ်းကျင့်ဝတ်ကို မလိုက်နာဘဲ
    ချိုးဖောက်မိတာကိုး။
    ခွင့်ရက်လည်းမတင်၊ ကျောင်းကျ မတက်
    နိုင်ငံရေးကိစ္စကျတော့မှ တကူးတကွ ရန်ကုန်သွားတက်တယ်ဆိုတော့။
    နောက်ပီး
    နောက်ကြောင်း နိုင်ငံရေးသမိုင်းအခံလေးနဲ့
    ပိုးလေးကလည်း မကုန်နိုင်ဘူးနဲ့တူပါတယ်။
    စိတ်တော့မကောင်းပါဘူး
    သို့သော်
    ကိုယ်ပြုသမျှဒဏ် ကိုယ်ခံရတယ်ပဲ မှတ်လိုက်ပါဗျာ။

    ReplyDelete
    Replies
    1. မှန်ပါတယ် ခင်ဗျာ။ ဒီလို ဆရာမမျိုးက နိုင်ငံ့ ရတနာတွေ ဘယ်လိုမွေးထုတ်ပေးနိုင်မှာလဲ။ ကိုယ်တိုင်က စည်းကမ်း မှ မရှိတာဗျာ။ တစ်ခြား အလုပ်လုပ် စားတော့နော်။

      Delete
  2. ဟုတ် ပါ တယ် ၊ နိုင် ငံ ၀န် ထမ်း တစ် ယောက် ဖြစ် ပြီး တာ ၀န် ကျ ရာ မှာ က လေး တွေ ကို စာ မ သင် ပဲ နဲ့ ( ၈၈ ) က က လေ က ၀ တွေ နဲ့ သွား ပြီး အ ချိန် ကုန် နေ တာ ကိုး ၊ အ စော ကြီး က တည်း က ဖြုတ် ပစ် ရ မှာ ပါ ၊ က လေး တွေ ကို ပြု စု ပျိုး ထောင် ပေး ရ မဲ့ သူ က တိုင်း ပြည် အ စိုး ရ ကို တစ် ချိန် လုံး မ ကောင်း ပြော ပြီး စား ပေါက် ထွင် နေ တဲ့ ကောင် တွေ ကို အား ပေး အား မြှောက် သွား လုပ် နေ တာ ကိုး ၊ ကိုယ် ချင်း မ စာ လို့ ပြော တာ မ ဟုတ် ပါ ဘူး ၊ တစ် ချို့ ၀န် ထမ်း တွေ လည်း ရှိ ပါ သေး တယ် ၊ အ စိုး ရ ကျွေး တဲ့ ထ မင်း ကို တစ် သက် လုံး စား လာ ပြီး စောက် လုပ် ကြ တော့ ကောင်း ကောင်း မ လုပ် ၊ ဟို ယောင် ယောင် ဒီ ယောင် ယောင် နဲ့ အ ချိန် ဖြုန်း အ ချိန် တန် တော့ လ စာ ထုတ် ပြီး အ စိုး ရ မ ကောင်း ကြောင်း ပြော နေ တဲ့ ၀န် ထမ်း တွေ ရှိ နေ ပါ သေး တယ် ၊ အဲ ဒါ တွေ ကို လည်း ဖော် ထုတ် ပြီး အ ရေး ယူ သင့် ပါ ပြီ ၊ ထ မင်း ကျွေး တဲ့ လက် ကို ပြန် ကိုက် နေ တဲ့ ခွေး တွေ ပါ ၊

    ReplyDelete
  3. ကျောင်းဆ၇ာ၊ဆ၇ာမကျောင်းပျက်တာအဆိုးဆုံးဘဲ၊လုပ်သက်နှစ်ပေါင်း ၃၀ကျော်ရှိပြီဖြစ်တဲ့ကျောင်းဆရာတစ်ဦးရဲ့အမြင်ပါ။

    ReplyDelete
    Replies
    1. Totally agreed. To puncture the attendance of work is the most important fundamental requirement for all government servants. Am i correct?

      Delete
  4. အခုအချိန်အထိ ကိုယ့်ကိုကိုယ် ကျွန်စိတ်ပေါက်နေတဲ့
    လူကြီးမင်းများ အစိုးရလစာစားနေတာမဟုတ်ပါဘူး
    ပြည်သူ့ဝန်ထမ်းတွေပါ ကိုယ့်ဖဲကိုယ်ချိုးပြီးအရှက်မရှိ
    အစိုးရတက်လုပ်နေတဲ့ကောင်တွေရဲ့ဝန်ကိုထမ်းနေတဲ့
    ဝန်ထမ်းမဟုတ်တော့ပါဘူး အဲဒီလောက်မှကိုယ့်ဘဝကိုမသိဘူးဆိုလည်း
    ခင်ဗျားတို့ တစ်သက်လုံးစစ်ကျွန်သာလုပ်နေကြပေတော့

    ReplyDelete
    Replies
    1. yeah!! this teacher should be punished as a model for the other government servants.

      Delete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။