/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, August 23, 2013

.

အဖွဲ့ချုပ် အဖွဲ့ဝင်များကို အဖွဲ့ချုပ်ဥက္ကဌ အမှာစကားပြောကြား

ကိုယ့်ရဲ့ကိုယ်စားလှယ်နဲ့ အမြဲထိတွေ့မှုရှိနေရဲ့လား ဒီတော့မြို့နယ်တွေမှာ ဘာလိုအပ်ချက်တွေရှိတယ် ဘယ်လိုအခြေအနေတွေရှိတယ် အားလုံးကသုံးသပ်ကြရဲ့လား အဲ့ဒီတော့မင်္ဂလာတောင်ညွှန့်မှာဆိုလို့ရှိရင် အန်တီတို့က ဗုဓ္ဒဘာသာဝင်တွင်မက မွတ်စလင်အဖွဲ့ဝင်တွေလည်းရှိတယ် အဆင်ပြေအောင်လို့ နေကြ ရဲ့လား ဘာဖြစ်လို့လည်းဆိုတော့ ကျမတို့နိုင်င်ငံမှာ အေးချမ်းသာယာဖို့လိုတယ် အားလုံးကနေပြီးတော့ သင့်သင့်မြတ်မြတ်နဲ့နေနိုင်ဖို့လိုတယ် သင့်သင့်မြတ်မြတ်နဲ့နေနိုင်ဖို့ဆိုတာဟာ တစ်ဦးနှင့်တစ်ဦး နားလည်မှု ယူနိုင်ရမယ် တစ်ဦးနှင့်တစ်ဦးလေးစားနိုင်ရမယ် အဲ့တာဒီဟာတွေကိုတော့ ကျမတို့တာအောက်ခြေ ကနေစရမှာပဲ ဒါအထက်ကနေပြီးတော့လုပ်ဆိုပြီးတော့ အမိန့်နဲ့ပြောလို့ရတဲ့ကိစ္စမဟုတ်ဘူး ဒါကြောင့်မိုလို့ မင်္ဂလာတောင်ညွှန့်လိုမြို့နယ်မှာဆိုလို့ရှိရင် ဘာသာပေါင်းဆုံရှိတဲ့အခါကြတော့ ကျမတို့ရဲ့ အမျိုးသား ဒိမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေဟာ သင့်သင့်မြတ်မြတ်နေတတ်တယ် နေနိုင်တယ် နေလို့ရအောင်လို့ စီစဉ်နိုင်တယ်ဆိုတာပြရမယ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်လို့ ဒီဟာတွေကတော့ အားလုံးကနေ ပြီးတော့ အကြံပြုချက်တွေပေးနိုင်ပါတယ်။


ကျမတို့အနေနဲ့ အဖွဲ့ချုပ်ကနေပြီးတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပညာပေး အစီစဉ်တွေပေါ့နော် လုပ်ဖို့စီစဉ်နေပါတယ် ဘာဖြစ်လို့လည်းဆိုတော့ အများပြည်သူတွေကလည်းနားလည်ဖို့လိုတယ်လေ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ ဘာပါတယ်ဆိုတာတောင်မှ တော်တော်များများ ကမသိဘူး ဖတ်ဘူးတဲ့လူကတော်တော်နဲပါတယ် မဖတ်ဘူးတဲ့ပြည်သူတွေကို အားလုံးဖတ်ရမယ်လို့ ပြောရဖို့ကလည်း တော်တော်ခက်ပါတယ် ဒီလောက်လည်းဖွဲ့စည်းပုံ အခြေခံဥပဒေက ကျယ်ကျယ်ပြန့်ပြန့် ဝေပေးနိုင်တာ လည်း မဟုတ်ဘူး နောက်ပြီးတော့အဲလို ဖတ်ရမယ်လို့ ပြေရအောင်လို့လည်း ကျမတို့ကနေပြီးတော့ လိုက်ပြီး တော့ကြည့်ပြီးတော့စီစစ်နိုင်မှာ မဟုတ်ဘူး အဲ့ဒီတော့တတ်နိုင်သမျှ အဖွဲ့ချုပ်ကနေပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီးတော့ပညာပေးတဲ့အစီစဉ်တွေလုပ်မယ် ကွင်းဆင်းပြီးတော့ရှင်းရမယ် အဲ့ဒီတော့ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ အဖွဲ့ချုပ်စည်းတွေကနေပြီးတော့ ဦးဆောင်ပြီးတော့လုပ်ရမှာပေါ့။

အဲ့ဒီဟာနဲ့ပတ်သက်လို့လည်း ကျမတို့အဖွဲ့ချုပ်ကနေပြီးတော့ ညွှန်ကြားချက်တွေလည်းလိုရင်လိုသလို ထုတ်ပြန်သွားမှာဖြစ်ပါတယ် အဲ့ဒီတော့ ကျမတို့အခု အရေကြီးတာက စောစောကပြောသလို့ပေါ့ ဒီမိုကရေစီယဉ်ကျေးမှုဆိုတာဟာ ပြည်သူလူထုအတွင်းကနေပြီးတော့ ထောက်ခံပြီးတော့ တစ်ယောက်နဲ့တစ်ယောက်ဆက်ဆံရေးပေါ့ လူလူချင်းဆက်ဆံရေးကနေပြီးတော့ အခြေခံပါတယ် ယဉ်ကျေးမှုဆိုတာ လူလူချင်းဆက်ဆံရေးကနေအခြေခံပါတယ် အဲ့ဒီတော့လူလူချင်းဆက်ဆံရေး ဆက်ဆံပုံဟာ ဒီမိုကရေစီတန်းဖိုးထားတွေနဲ့ကိုက်ညီရဲ့လားဆိုတာ အဲ့တာကိုကြည့်ပြီးတော့ အဲ့တော့ ကိုယ့်အဖွဲ့ချုပ်ဝင်တွေက အချင်းချင်းဆက်ဆံရေးကို ဒီမိုကရေစီစံထုံးထားတွေ့နဲ့ ကိုက်ညီတဲ့ ဆက်ဆံရေး ဖြစ်ဖို့လိုတယ် အဲ့တာကတော့ ယဉ်ကျေးမှုအဆောက်အအုံကြီးနဲ့ ပါတ်သက်လို့ပေါ့ ဒီထဲမှာဆိုရင် ကျမတို့ကြားဖြတ်ရွှေးကောက်ပွဲတုန်းက ချခဲ့တဲ့မူသုံးချက်ကို ကျမတို့မျက်ခြေပြတ်လို့မရဘူး ဒီသုံးချက် ကလည်းဆက်နွယ်နေတယ် ဥပဒေဆိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အဲ့တော့ဒီဟာတွေလည်း ကျမတို့ဆက်ပြီးတော့သွားရမယ် ဘာဖြစ်လို့ဒီဟာတွေ ဆက်စပ်မှုရှိတယ် ဆိုတာဟာလည်း ရှင်းပြဖို့ဟာက ဒီအဖွဲ့ဝင်တွေရဲ့တာဝန်ဖြစ်တယ် ။

ဘာဖြစ်လို့လည်းဆိုတော့ပြည်သူပြည်သားတိုင်းကနေပြီးတော့ နိုင်ငံရေးမှာစိတ်ဝင်းစားသင့်တယ် နိုင်ငံရေး ကိုအတိုင်းအတာတခုထိ နားလည်သင့်တယ် သို့သော်ညားလည်း နိုင်ငံရေးပါတီတခုထဲကို ၀င်းထား ပြီးပြီဆိုတဲ့ပုဂိုလ်တွေမှာပိုပြီးတော့တာဒီတာဝန်ရှိတယ် နိုင်ငံရေးပါတီတခုထဲကိုဝင်ပြီဆိုထဲ့က နိုင်ငံရေး လုပ်ငန်းနဲ့ ပါတ်သက်လို့နီးနီးကပ်ကပ် ဆက်ဆံချင်ပါတယ်လို့ဆန္ဒပြုလိုက်တဲ့သဘောမျိုးရှိတယ် အဲ့တော့ ဒီလိုနီးနီးကပ်ဆက်ဆံချင်တယ်ဆိုလို့ရှိရင် နိုင်ငံရေးအကြောင်းအရာတွေကို တတ်နိုင်သမျှ ကိုက နေပြီးတော့ ကျေကျေလည်လည်သိဖို့လိုတယ် အဲ့တာကြောင့်မိုလို့ ကျမတို့အဖွဲ့ဝင်တွေဟာ ကိုယ့်ကိုကိုယ် နိုင်ငံရေး နားလည်တဲ့ပုဂိုတစ်ယောက်ဖြစ်အောင် ကြိုးစားရမယ် ဒါပေမယ့် အဖွဲ့ကလည်း ဦးဆောင် ပြီးတော့လုပ်ပေးရမှာပေါ့။

သင်တန်းတွေလုပ်ပေးရမယ်၊ ဆွေးနွေးပွဲတွေလုပ်ပေးရမယ် လိုအပ်လို့ရှိရင်စာရွက်စာတမ်းတွေပေးရမယ် အဲ့ဒီဟာတွေကို ကျမတို့အဖွဲ့ဝင်တွေကနေပြီးတော့ လုပ်ရမယ် ကိုပညာပွားပေးရမယ် အဲ့ဒီတော့ ဒီလူမှုရေးကိစ္စတေလုပ်တဲ့အခါမှာ မြှို့နယ်အတွင်းမှာပေါ့နော် လိုအပ်တဲ့နေရာတွေမှာ ကူညီတဲ့အခါမှာ စနစ်တကျလုပ်ရမယ်၊ပွင့်လင်းမြင်သာမှုရှိရမယ် အားလုံးတိုင်ပင်ပြီးတော့ အားလုံး သဘောတူညီ ချက်နဲ့လုပ်ရမယ် ဒီမိုကရေစီဆိုတာ အများရဲ့ဆုံးဖြတ်ကိုလက်ခံရတယ်ဆိုတဲ့သဘောက ဘာဖြစ်လို့လည်း ဆိုတော့ ပုထုဇဉ်လူသားများဟာ အားလုံးဟာတသဘောတဲဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူး အဲ့တော့ အများရဲ့ဆန္ဒကိုခံယူပြိးတော့ပြေလည်အောင်လုပ်ရတယ် သို့သော်ညားလည်း အများရဲ့ ဆန္ဒအရ လုပ်တဲ့နေရာမှာ လူနည်းစုတွေရဲ့အခွင့်အရေးတွေကိုလည်းလေးစားရမယ် အဲ့တာကိုလည်းကာကွယ်ရမယ် အံတာကိုတော့ဘယ်တော့မှ မမေ့ပါနဲ့ ဆုံးဖြတ်ချက်တခုချတယ်ဆိုလို့ရှိရင် ဒီအစည်းအဝေးတခုမှာ ချလိုက်တယ်ဆိုလို့ရှိရင် ရှစ်ဆယ်က သဘောတူတယ် နှစ်ဆယ်က သဘောမတူဘူးဆိုရင် ရှစ်ဆယ်ရဲ့ သဘောထားအတိုင်းဖြစ်ရမှာပဲ့ါပေမယ့် ဒီသဘောမတူတဲ့ နှစ်ဆယ်ကိုလည်း လေးစားရမယ် သုတို့ရဲ့အမြင် တွေကိုလည်း လေးစားရမယ်သူတို့ဟာလည်းသူတို့ရဲ့အမြင်တွေကိုတင်ပြပိုင်ခွင့်ရှိတယ် တင်ပြပိုင်ခွင့် ရှိလို့တချို့ကနေပြီးတော့စိတ်ပြောင်းပြီးတော့သူတို့ဘက်မျာပိုပြီးတော့ ပါသွားတယ်ဆိုလို့ရှိရင်လည်းဖြစ်နိုင်တယ်။

ဒါဟာဒီမိုကရေစီနည်းပဲ ညှိနိုင်းမယ်၊ဆွေးနွေးမယ်၊တိုင်ပင်မယ် အဖြေတခုကိုရအောင်ရှာမယ် အဲ့တော့ အဲ့ဒီဟာကိုတော့အမြဲပဲ နေ့စဉ်လုပ်ခြင်းအားဖြင့် ဒီမိုကရေစီယဉ်ကျေးမှုကိုထူထောင်ရမယ် ယဉ်ကျေးမှု ဆိုတာဒီလိုပဲကြလာတာမဟုတ်ဘူး ယဉ်ကျေးမှုဆိုတာ ဥပဒေမဲ့ထူထောင်လို့မရဘူး စည်းမျဉ်းစည်းကမ်း ဆိုတာ အတိုင်းအတာတခုထိ အဲ့ထိဘက်ကိုတွန်းပေးဖို့လိုတယ် တကယ်အမြစ်တွယ်ဖို့ဆိုတာဟာ လေ့ကျင့်ခြင်းအားဖြင့် တကယ်အမြစ်တွယ်အောင်လုပ်လို့ရတယ် ကျမတို့အဖွဲ့ချုပ်ဝင်တွေဟာအထူးသဖြင့် မင်္ဂလာတောင်ညွှန့်ဆိုတာရန်ကုန်ကပေါ့ ရန်ကုန်ဆိုတော့ ဘာယ်လိုပဲပြောပြော ဒီနိုင်ငံရဲ့အကြီးဆုံး မြို့ကြီးပေါ့ အခရာကြဆုံးမြို့ကြီး၊အထိကကြဆုံးမြို့ကြီးဆိုတော့ အဲ့ဒီမြို့ကနေပြီးတော့ပြန့်ပွားအောင် ပြန့်ပွားသွားတဲ့လူမှုရေးဆက်ဆံမှုဟာတစ်နိုင်ငံလုံးကိုရောက်သွားနိုင်တယ် အဲ့တာကြောင့်မိုလို့ ရန်ကုန်မြို့ ရန်ကုန်တိုင်းမှာနေတဲ့ ကျမတို့ရဲ့အဖွဲ့ဝင်တွေမှာ အထူးကိုတာဝန်ရှိတယ် အဲ့တော့မှန်မှန်ကန်ကန်လုပ်ကြပါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတာ ဒီမိုကရေစီအရေးနဲ့ အမျိုးသားရေးကို ခွဲခြားလို့မရဘူးဆိုတာကို လက်ခံထာတဲ့ အဖွဲ့စည်းဖြစ်ဆိုတာကိုမမေ့ပါနဲ့ ကျမတို့က ဒီမိုကရေစီအခြေခံတဲ့ လုပ်ပုံလုပ်နည်း တွေနဲ့ ဆက်ပြီးတော့သွားဖို့တိုက်တွန်းပါတယ်။

Credit : http://www.yeyintnge.com/2013/08/blog-post_2935.html#.UhbewH8R8YI

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။