/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, August 8, 2013

.

အစိုးရ အဆက်ဆက်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မအောင်မြင်ရခြင်းမှာ နည်းလမ်းမှားခြင်းကြောင့်ဖြစ်ကြောင်း ရှစ်လေးလုံးငွေရတု ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ပြောကြား



အစိုးရ အဆက်ဆက်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မအောင်မြင်ရခြင်းမှာ နည်းလမ်းမှားသောကြောင့် ဖြစ်ပြီး ပြဿနာကို ဖြေရှင်းနိုင်မည့် နိုင်ငံရေး ဆွေးနွေးပွဲကို မရောက်ရောက်အောင် ပြင်ဆင်ထား ဟု သြဂုတ် ၇ ရက်က ရန်ကုန်မြို့၌ ကျင်းပသည့် ရှစ်လေးလုံးငွေရတု အခမ်းအနား ဒုတိယမြောက် နေ့တွင် ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ပြောကြားသည်။


ရှစ်လေးလုံးငွေရတု အခမ်းအနား၏ ဆွေးနွေးပွဲ "တိုင်းရင်းသား ရေး ၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အနာဂတ် ပြည်ထောင်စု" ကဏ္ဍတွင် ရှေ့ဆက်လုပ်ဆောင်မည့် အဆိုပြု ချက်များ နှင့် ပတ်သက်သည့် ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေတ္တလာရောက်ပြီး အစိုး ရ အဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ရှင်းပြခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးဦးအောင် မင်းက "ကျွန်တော်တို့ အပစ်အခတ်ရပ်စဲရေးကို ကျွန်တော်တို့ဒီမှာ ရပ်မထားပါဘူး။ နိုင်ငံရေး ဆွေးနွေးပွဲကို တက်ပါမယ်။ ကျွန်တော်တို့ အရင်အစိုးရ အဆက်ဆက်မှာ အပစ်အခတ် ရပ်စဲရေးကို လုပ်ခဲ့ပါတယ်။ ဒါပေ မယ့် အောင်မြင်လားဆိုတော့ ရာနှုန်းပြည့် မအောင်မြင်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီဟာက နည်းလမ်းမှား နေ လို့ပဲ ဖြစ်ပါတယ်။ အဓိကကတော့ နိုင်ငံရေး ဆွေးနွေးပွဲနဲ့ လုပ်ရမှာ ဖြစ်ပါတယ်။ နိုင်ငံရေး ဆွေးနွေးပွဲကို မရောက်ရောက်အောင် ဆောင်ရွက်ဖို့အတွက် ပြင်ဆင်ထားတယ်ဆိုတာလေးလည်း ဒီမှာတင်ပြပါတယ်" ဟု ဆွေးနွေးပွဲ အခမ်းအနားတွင် ပြောကြားသည်။

"နိုင်ငံရေး ဆွေးနွေးပွဲ လုပ်တဲ့အခါ အားလုံးပါဝင်ခွင့် ရမှာဖြစ်ပါတယ်။ တိုင်းရင်းသား ၁၃၅ မျိုး မြန်မာနိုင်ငံ မှာ အခုရှိပါတယ်။ သူတို့လည်း ပါဝင်ခွင့်ရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေ အနေနဲ့လည်း ပါဝင်ခွင့်ရမှာ ဖြစ်ပါတယ်။ နောက်အစိုးရ ပါလာမယ်။ လွှတ်တော်ပါလာမယ်။ နိုင်ငံရေးပါတီတွေ ပါလာ မယ် ။ လူမှုအဖွဲ့အစည်းတွေအားလုံး ပါဝင်တဲ့ တိုင်းရင်းသား အစည်းအဝေးကြီးတစ်ခု ကျင်းပပြီးတော့ အ ကောင်းဆုံး အဖြေတစ်ခုရအောင် ဖော်ထုတ်သွားမှာ ဖြစ်ကြောင်းလည်း တင်ပြအပ်ပါတယ်" ဟု ဦးအောင် မင်း က ဆက်လက်ပြောကြားသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပြည်သူလူထုကို အရေးကြီးသည့် အခန်းကဏ္ဍမှာ ထည့်ထားကြောင်း၊ ပြည်သူ များတွင်လည်း ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး တာဝန်ရှိကြောင်း၊ ငြိမ်းချမ်းရေးအတွက် အားလုံးဝိုင်း ၀န်း လုပ်ဆောင်ပေးရန် ဦးအောင်မင်းက ဆွေးနွေးပွဲတွင် ပြောကြားသည်။

"ကျွန်တော်တင်ပြချင်တာက ဗမာလူမျိုး ဆိုတာကလည်း တိုင်းရင်းသား တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဘာမှ အခွင့်အရေး ပိုယူစရာ မလိုပါဘူး။ ဘာပဲဖြစ်ဖြစ် ဗမာမုန်းတီးရေးဆိုတာကို မဖြစ်ဘဲနဲ့ တိုင်းရင်းသား တစ် ယောက်အနေနဲ့ ခံယူမယ်ဆိုရင် ဒီပြဿနာတွေ အားလုံးက ပြီးသွားမယ်ဆိုတာလေး တင်ပြအပ်ပါတယ်" ဟု ဦးအောင်မင်းက ရှစ်လေးလုံးငွေရတု အခမ်းအနား ဆွေးနွေးပွဲတွင် ပြောကြားသည်။

"တိုင်းရင်းသားရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အနာဂတ်ပြည်ထောင်စု" ခေါင်းစဉ်ကို ပြည်သူ့ခေတ်ဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာ ဆရာဖေမြင့်၊ ပအို့အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ဦးခွန်မြင့် ထွန်း၊ ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ ချင်း အမျိုးသားတပ်ဦး (CNF) အဓိပတိကောင်စီဝင် ဒေါက်တာဆလိုင်းလျှံမုန်း၊ ကချင်ငြိမ်းချမ်းရေးကွန်ရက် စည်း ရုံးရေးမှူး ဒေါ်ခွန်ဂျာတို့က သြဂုတ် ၆ ရက်က စတင်ပြီး ဦးဆောင်ဆွေးနွေးခဲ့ကြကာ တိုင်းရင်းသား ခေါင်းဆောင်များ၊ နယ်ပယ်အသီးသီးမှ ပညာရှင်များ ပါဝင်ဆွေးနွေးခဲ့သည်။

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။