/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, August 8, 2013

.

၂၀၁၃ ခုနှစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွှတ်မှု ရှိ၊ မရှိ စိစစ်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးတွင် တာဝန်ရှိသည်ဟု အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောကြား

နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးခြင်း မပြုဘဲ ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းခဲ့သည့် "၂၀၁၃ ခုနှစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေ" သည် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ညီညွတ်ခြင်း ရှိမရှိကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအနေဖြင့် စိစစ်သွားရန် တာဝန်ရှိ ကြောင်း အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့က သြဂုတ် ၇ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။


ပည်ထောင်စုလွှတ်တော်က ယင်းဥပဒေကို သြဂုတ် ၆ ရက်၌ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၀၆ ပုဒ်မခွဲ (ဂ)နှင့် ပုဒ်မ ၉၈ တို့အရ ဥပဒေအဖြစ် ပြဋ္ဌာန်းခဲ့ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ် ပြန်ရေး အဖွဲ့ က သတင်းထုတ်ပြန်ခဲ့ရာတွင် ထိုသို့ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။

"၂၀၁၃ ခုနှစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေကြမ်း" ကို ပြည်ထောင်စု လွှတ် တော်တွင် ဆွေးနွေးအတည်ပြုခဲ့ပြီး လက်မှတ်ရေးထိုး ပြဋ္ဌာန်းနိုင်ရန် နိုင်ငံတော်သမ္မတထံသို့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က ပေးပို့ခဲ့ရာ သမ္မတက ပြင်ဆင်ချက်ကိုးချက်ကို သဘောထားမှတ်ချက်များနှင့်အတူ ပြည်ထောင်စုလွှတ်တော် နာယကထံသို့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်၌ ပြန်လည်ပေးပို့ရာပြည်ထောင် စုလွှတ်တော်က မူလအတိုင်း အတည်ပြုရန် ဆုံးဖြတ်ခဲ့၍ ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်ရေး နိုင်ငံတော် သမ္မတ ထံသို့ ၂၀၁၃ ခုနှစ် ဇူလိုင် ၂၉ ရက်တွင် ပြန်လည်ပေးပို့ခဲ့သည်။

ထိုသို့ ဥပဒေအဖြစ် အတည်ပြု ပြဋ္ဌာန်းနိုင်ရေး နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးနိုင်ရန် ပြန်လည်ပေးပို့ သော ဥပဒေကြမ်းပါ ဖော်ပြချက် အချို့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲဥပဒေများ၏ ပြဋ္ဌာန်း ချက် များ နှင့် ညီညွတ်ရန်၊ အဓိကကျသည့် ဒီမိုကရေစီ ကျင့်စဉ်များဖြစ်သော ခွဲခြားဆက်ဆံမှု မရှိစေရေးနှင့် နိုင်ငံတော် အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အ ပြန်အလှန် ထိန်းကျောင်းခြင်းတို့ ပြုရေးဟူသော အချက်များနှင့် ညီညွတ်ရန် စသည့်လိုအပ်ချက်များ ရှိနေ ခြင်းကြောင့် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးခြင်း မပြုနိုင်သည်ကို သိရှိနိုင်ရန်နှင့် ဆက်လက်ဆောင် ရွက်နိုင်ရန်အတွက် ၂၀၁၃ ခုနှစ် သြဂုတ် ၅ ရက်တွင် ပြည်ထောင်စုလွှတ်တော် နာယကထံ သ၀ဏ်လွှာ ပေးပို့ခဲ့သည်။

ထိုသို့ ပြည်ထောင်စုလွှတ်တော်နှင့် နိုင်ငံတော်သမ္မတတို့ အပြန်အလှန် သ၀ဏ်လွှာများ ပေးပို့ပြီးနောက် ပြည်ထောင်စုလွှတ်တော်က ယင်းဥပဒေကို အတည်ပြုခဲ့ခြင်း ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော်က ပြန် လည်ပေးပို့သော ဥပဒေကြမ်းကို သတ်မှတ်ကာလအတွင်း နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးခြင်း မပြုလျှင် သတ်မှတ်ကာလပြည့်မြောက်သည့် နေ့ရက်တွင် ဥပဒေကြမ်းသည် နိုင်ငံတော်သမ္မတ၏လက်မှတ် ရေးထိုးချက်ကို ရရှိပြီးသကဲ့သို့ ဥပဒေဖြစ်လာရမည်ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၀၆၊ ပုဒ်မခွဲ (ဂ)တွင် ဖော်ပြထားသည်။

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။