/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, August 22, 2013

.

ငြိမ်းချမ်းရေး စာဆိုကြီး ဒဂုန်တာရာ၏ ဈာပန အခမ်းအနား အောင်ပန်းမြို့တွင် ကျင်းပ


ငြိမ်းချမ်းရေး စာဆိုကြီး ဒဂုန်တာရာ၏ ဈာပန အခမ်းအနားကို သြဂုတ် ၂၁ ရက် မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့ ပြီး စာပေ၊ အနုပညာနှင့် နိုင်ငံရေး စသည့်နယ်ပယ်ဒေသ အသီးသီးမှ လူဦးရေ ထောင်ချီပို့ဆောင်ခဲ့ကြ ကြောင်း သိရသည်။ ဈာပန အခမ်းအနားသို့ နိုင်ငံရေးနယ်ပယ် အသီးသီးမှ ၀မ်းနည်းကြောင်း မှတ်တမ်း လွှာများ၊ ကဗျာများ ပေးပို့ဖတ်ကြားခြင်းများ ပြုလုပ်ခဲ့ကြသည်။


ဆရာကြီး ဒဂုန်တာရာ၏ ရုပ်ကလာပ်ကို အောင်ပန်းမြို့နေအိမ်မှ နှစ်မိုင်ကျော်ဝေးကွာသော မင်းဂူသုသာန် သို့ ပို့ဆောင်ချိန်တွင် မိုးဖွဲဖွဲ ရွာသွန်းလျက်ရှိပြီး နယ်ပယ်ဒေသ အသီးသီးမှ လာရောက်သူများမှာ ခြေကျင် လိုက်ပါ ပို့ဆောင်ခဲ့ကြခြင်း ဖြစ်သည်။ မင်းဂူသုသာန်တွင် မီးသဂြိုဟ်ပြီး ကျန်ရှိသည့် အရိုးပြာကို အထိမ်း အမှတ်ဗိမာန် တည်ဆောက်ထားရှိရန် စီစဉ်လျက်ရှိပြီး လက်ရှိတွင် ဗိမာန်တည်ဆောက်မည့်နေရာ ရွေး ချယ်သတ်မှတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

"အထိမ်းအမှတ်ဂူဗိမာန် ဘယ်မှာလုပ်မယ်ဆိုတာ မပြောနိုင်သေးပါဘူး။ လေ့လာဆဲ အဆင့်မှာပဲ ရှိသေး တယ်။ အောင်ပန်းမြို့ အထွက်က တောင်ပေါ်တစ်နေရာမှာ မိသားစုဝင်တွေ အနေနဲ့ သဘောတွေ့ ထား တယ်။ ရန်ကုန်မှာလည်း ထားရှိဖို့ အကြံပေးတဲ့ သူတွေလည်း ရှိတယ်" ဟု ဈာပန ကော်မတီဥက္ကဋ္ဌ ဦးအံ့ မောင်က ပြောကြားသည်။ 

ဆရာကြီး ဒဂုန်တာရာ၏ မြေးဖြစ်သူ တေးသံရှင် ဟေမာနေ၀င်းက "ဟေမာနေ၀င်းဆိုတဲ့ နာမည်နဲ့ ကြယ် တစ်ပွင့် မွေးဖွားခြင်းဆိုတဲ့ တေးစီးရီးနာမည်ကို ဦးလေး (အဘိုး) က ထောင်ထဲက ပေးခဲ့တာ။ ငယ်ငယ် ကတည်းက အတူတူကြီးပြင်းလာတာမို့ တော်တော်လေး သံယောဇဉ် ရှိခဲ့ကြတာပါ။ အသက် အရမ်း ကြီးပြီ ဆိုတော့ တရားနဲ့ပဲ ဖြေပါတယ်" ဟု ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။