/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, June 14, 2013

.

အမေရိကန် Marriott ဟိုတယ် မြန်မာနိုင်ငံဝင်မည်

အမေရိကန်ပြည်ထောင်စု အခြေစိုက် နာမည်ကျော် ဟိုတယ်အုပ်စု Marriott International Inc.,က မြန်မာနိုင်ငံတွင် ဟိုတယ် ဖွင့်လှစ်ရန် ဆွေးနွေး ခဲ့ကြောင်း Bloomberg သတင်းဌာနက ရေးသား သည်။


မြန်မာနိုင်ငံတွင် ပထမဆုံး Marriott ဟိုတယ်များ ဖြစ်လာမည့် အဆိုပါ ဟိုတယ်များကို Marriott သို့မဟုတ် Courtryard အမည် တစ်ခုခုဖြင့် ဖွင့်လှစ်သွားမည်ဟု Marriott ၏ အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ဥက္ကဋ္ဌ Simon Cooper က ပြောကြားသည်။

“ဒီနိုင်ငံမှာ Tourism Master Plan လည်း ရှိနေတာကြောင့် ဒီမှာဟိုတယ် ဖွင့်ဖို့ စိတ်ဝင်စားပါတယ်” ဟု ၎င်းက ကမ္ဘာ့ စီးပွားရေးဖိုရမ်တွင်ပြောကြားခဲ့သည်။

Marriott က လက်ရှိ အချိန်ထိ လာရောက် ဆွေးနွေးခြင်း မရှိသေးဘဲ Hilton နှင့် Novotel ဟိုတယ် တို့မှာ လုပ်ငန်း စတင်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန စီမံကိန်းများဌာနမှညွှန်ကြား ရေးမှူး ဦးလှိုင်ဦးက The Voice သို့ပြောကြားသည်။

အမေရိကန် Hilton ဟိုတယ်ကလည်း ရန်ကုန်မြို့ရှိ Center Point Tower တွင် ဇိမ်ခံဟိုတယ် ဖွင့်လှစ်မည် ဟု ကြေညာထားပြီး အခြားအမေရိကန် ဟိုတယ်အုပ်စု တစ်ခုဖြစ်သော Best Western International Inc. ,ကလည်း ရန်ကုန်နှင့် မန္တလေးတို့တွင် ဟိုတယ်နှစ်လုံး ဖွင့်လှစ် သွားမည်ဟု အဆိုပါ ဟိုတယ်အုပ်စုမှ အာရှ နှင့် အရှေ့အလယ်ပိုင်း အဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Glenn de Souza က ပြောကြားထားသည်။

ဟိုတယ်ကဏ္ဍတွင် နိုင်ငံတကာမှ ဝင်ရောက် ရင်းနှီးမြှုပ်နှံမှုများ ဆက်တိုက် ဝင်ရောက်နေပြီး ပြင်သစ်မှ Novotel၊ဗီယက်နမ်မှ HAGL ၊ ဟောင်ကောင်မှ Shangrila တို့က ဟိုတယ်အသစ်များ တည်ဆောက်နေ ကာ ပြည်တွင်းတွင် ယခင်ကတည်းက ရှိခဲ့သော Traders ၊ Sedona စသော ဟိုတယ် များကလည်း တိုးချဲ့  မှုများ ပြုလုပ်နေသည်။

မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ်တွင် ခရီးသွားဦးရေ တစ်သန်းကျော် ဝင်ရောက်ခဲ့ပြီး ယခုနှစ် ခရီးသည် တစ်သန်းခွဲ ဝင်ရောက်မည်ဟု ခန့်မှန်းထားကာ ပထမငါးလအတွင်း ခရီးသွား စုစုပေါင်း ငါးသိန်း ကျော် ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနက နောက်ဆုံးအဆင့် မူကြမ်း ထုတ်ပြန်ထားသော Tourism Master Plan အရ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာလှည့် ခရီးသွား ခုနစ်သန်းခွဲခန့် ဝင်ရောက်ကာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ အထိ ရရှိနိုင်မည်ဟု ခန့်မှန်းထားသည်။

အမေရိကန်ပြည်ထောင်စု မေရီလန်း ပြည်နယ်အခြေစိုက် Marriott International Inc., သည် Marriott ၊ Courtryard ၊ Rits Carlton ၊ Renaissance ၊ Fairfields ၊ Springhills Suites ၊ Gaylord Hotels စသော ဟိုတယ် အမှတ်တံဆိပ်များကို ပိုင်ဆိုင်ထားပြီး နိုင်ငံပေါင်း ၇၄ နိုင်ငံတွင် ဟိုတယ် ၃၈၀၀ ခန့်ကို စီမံခန့်ခွဲ နေသည်။

The Voice Weekly

1 comment:

  1. သူခိုး ထ၇ိတ်ဒါး ဟိုတယ်လိုတော့မလုပ်ကြနဲ့။(ပလက်ဖေါင်း
    တောင်ယူထားတာလေ။စည်ပင်ကလည်း လမ်းဘေးဈေး
    သည်လေးတွေကိုတော့ အမိအ၇ လိုက်ဖမ်းတတ်ပြီး။ပလက်ဖေါင်း ပြောင်ခိုးတာကိုတော့အိပ်ပျော်နေတယ်။)

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။