/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Sunday, May 5, 2013

.

ဒီကေဘီအေကိုပေးထားတဲ့ ရာဇသံအချိန်ကျော် နောက်ဆုံးအခြေအနေ

မေလ ၄ ရက်နေ့ ၁၂ နာရီ နောက်ဆုံးထား ထွက် ခွာ ပေးဖို့ အစိုးရစစ်တပ်ရဲ့ ရာဇသံ အချိန်ကျော် သွားပေမယ့် ဒီကေဘီအေနဲ့ အစိုးရ တပ်တွေနဲ့ကြား အနီးကပ်နေရာယူ ရင်ဆိုင်နေကြ ပြီး တင်းမာနေတဲ့ အနေအထားကိုရောက်ရှိနေ ပါတယ်။


နှစ်ဖက်တင်းမာနေတဲ့ အနေအထားကို ဦးအောင်မင်း ဦးဆောင်တဲ့ Myanmar Peace Center (MPC) မှ တာဝန်ရှိသူတဦးက ၂၄ နာရီအတွင်း ဖြစ်နေတဲ့ ပြဿနာကို လာရောက် ဖြေရှင်းပေးမှာဖြစ်ကြောင်းနဲ့ အစိုးရတပ်တွေက ဒီကေဘီအေကို အနီးကပ်စောင့်ကြည့် နေရာယူ ထားကြောင့် ဒီကေဘီအေ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးဆန်းအောင်က အခုလိုပြောကြားလာပါတယ်..


“အခြေအနေကတော့ Peace Center က ဒေါက်တာတဦး ဖုန်းဆက်လာတယ်။ ၂၄ နာရီအတွင်း ပြဿနာ ကို လာရှင်းပေးမယ်လို့ ဖုန်းနဲ့ဆက်သွယ်လာတယ်။ Peace Center ကတော့ ကျနော်တို့ကို စစ်တပ်က ဖယ်ခိုင်းသလိုမျိုး မလုပ်ခိုင်းဘူး။ ပြဿနာကို ရှင်းပေးမယ်ပဲပြောတယ်။ အစိုးရတပ်တွေကတော့ မြဝတီမြို့ ထဲမှာ လိုက်လှည့်နေတယ်။ နောက်တခုက သောင်ရင်းမြစ်တလျောက် က နယ်စပ်ဖြတ်ကူးဂိတ် ၁ ဂိတ် ကနေ ဗိုလ်မှူးတိုက်ဂါး တည်ရှိတဲ့ KNLA ငြိမ်းချမ်းရေးကောင်စီ နယ်စပ်ဖြတ်ကူးဂိတ်အထိ တောက်လျောက်နေရာယူထားကြတယ်။ ပစ်ကျင်းတွေတူးထားတယ်။ အဓိကဖယ်ခိုင်းထားတဲ့ ဟတ်ကြီးရေကာတာလုပ်မယ့် နေရာအနီးက ဒီကေဘီအေ တပ်တွေကိုတော့ အစိုးရတပ်တွေ အနီးကပ်နေရာယူထားတယ်။ ဆက်တိုးရင်တော့ တိုက်ပွဲတွေဖြစ်လာဖို့ရှိတယ်။”

မေလ ၂ ရက်နေ့ကနေ ၄ ရက်နေ့ နေ့လည် ၁၂ နာရီမထိုးခင်အတွင်း ကရင်ပြည်နယ် ဟတ်ကြီး ရေကာတာအနီးရှိ ဒီကေဘီအေ ကလို့ထူးလား ဗျူဟာမှူးဆီစာရေးကာ ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်း နယ်မြေရှင်းလင်းဖို့အကြောင်းပြပြီး ဒီကေဘီအေ တပ်တွေကို နယ်မြေတွင်းက ထွက်ခွာခိုင်းတဲ့ အစိုးရ စစ်တပ်ရဲ့ ရာဇသံပေးခဲ့ပြီးနောက်ပိုင်း နယ်မြေအတွင်း စစ်ရေးတင်းမာမှုတွေနဲ့ လူထုအတွင်း စိုးရိမ်ပူပန် မှုတွေ ဖြစ်ပေါ်လျက်ရှိပါတယ်။

Credit : Here

1 comment:

  1. ငြိမ်းချမ်းရေးအကြောင်းပြပြီး နယ်မြေလုနေရင်တော့ ထာဝရငြိမ်းချမ်းရေးအတွက် အကုန်ရှင်းပစ်သင့်တယ်

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။