/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Sunday, May 5, 2013

.

ငြိမ်းချမ်းရေး ဆွေးနွေးရန် ကေအိုင်အို ကမ်းလှမ်း

သတ်မှတ်ရက် အကြိမ်ကြိမ် ရွှေ့ဆိုင်း ခဲ့ရသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ပြည်တွင်းတွင် ပြုလုပ် နိုင်ရန် အတွက် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင် ရေးလုပ်ငန်း ကော်မတီကို ကေအိုင်အိုက ကမ်း လှမ်း ခဲ့ကြောင်း ငြိမ်းချမ်းရေး အကျိုးတော် ဆောင် များ ထံမှ သိရသည်။


ဆွေးနွေးပွဲတွင် ကေအိုင်အိုက လေ့လာသူ အဖြစ် ဖိတ်ကြား လိုသော အမေရိကန်၊ ဗြိတိန်၊တရုတ်၊ ကုလ သမဂ္ဂ အဖွဲ့အစည်း များနှင့် လက်နက်ကိုင် တိုင်းရင်းသား ကိုယ်စားလှယ်များကို အစိုးရ ငြိမ်းချမ်းရေး လုပ်ငန်း ကော်မတီက တာဝန်ယူ ဖိတ်ကြား ပေးရန် တောင်းဆို ထားကြောင်း ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးတော် ဆောင်များ ထံမှ သိရသည်။

"လေ့လာ သူတွေကို ဖိတ်ကြားဖို့ ညှိနှိုင်းတာ အဆင်မပြေရင် မေလအတွင်း ဆွေးနွေးဖို့ မဖြစ်နိုင်ဘူး"ဟု ငြိမ်းချမ်းရေး အကျိုးတော် ဆောင်တစ်ဦးက ဆိုသည်။ လေ့လာသူ ဖိတ်ကြားရေးကို ကေအိုင်အို က တောင်းဆို ထားသော်လည်း အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ အနေနှင့်မူ ဆွေးနွေး နေဆဲ ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

မြစ်ကြီးနား မြို့တွင် ဧပြီလ ၆ ရက် နေ့က တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန် စီစဉ် ထားသော်လည်း တရုတ်ပြည် သူ့ သမ္မတ နိုင်ငံက အမေရိကန်၊ ဗြိတိန်နှင့် အီးယူနိုင်ငံ များအား လေ့လာသူအဖြစ် ဖိတ်ကြားခြင်းကို ကန့်ကွက်သည့် အတွက် ရက်ရွှေ့ဆိုင်းလိုက် ရခြင်း ဖြစ်ကြောင်း ကချင်ပြည်နယ် လူမှုရေး အဖွဲ့အစည်း များက ကြေညာချက် ထုတ်ပြန် ခဲ့သော်လည်း မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံရုံးကမူ မှန်ကန်မှု မရှိကြောင်း ငြင်းဆို ထားသည်။

အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အို တို့သည် ဖေဖော်ဝါရီလ ၄ ရက်နေ့ တွင် တစ်ကြိမ်၊ မတ်လ ၁၁ ရက်နှင့် ၁၂ ရက်တွင် တစ်ကြိမ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရွှေလီမြို့ တွင် တွေ့ဆုံခဲ့ပြီး အပြုသဘော ဆောင်သော နှစ်ဦးနှစ်ဖက် သဘောတူညီမှု ကြေညာချက်များ ထုတ်ပြန် နိုင်ခဲ့ သည်။ 

The Voice News 

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။