/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, May 17, 2013

.

(၃၈)ကြိမ်မြောက် ၀န်ကြီးဌာနပေါင်းစုံ စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ



အားကစား ၀န်ကြီးဌာန ၊ အားကစား နှင့် ကာယ ပညာ ဦးစီးဌာန နှင့် မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ ချုပ် တို့ ပူးပေါင်း ကျင်းပသော ၂၀၁၃ ခုနှစ် ၏ (၃၈) ကြိမ်မြောက် ၀န်ကြီးဌာန ပေါင်းစုံ စစ်တုရင် ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ အောင်ဆန်း အားကစား ပြိုင်ကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစား ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


ဖွင့်ပွဲ အခမ်းအနား တွင် မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းအောင် က နှုတ်ခွန်းဆက် အမှာစကား ပြောကြားပြီး အားကစား နှင့် ကာယပညာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်ဝင်း နှင့် ဦးဝင်းအောင် တို့မှ ပြိုင်ပွဲ၏ ပထမဦးဆုံး ရွှေ့ကွက်အား ရွှေ့၍ ဖွင့်လှစ် ပေးကြသည်။ ထို့နောက် ၀န်ကြီးဌာန ပေါင်းစုံမှ ကိုယ်စားပြု အားကစား သမားများက သတ်မှတ် ထိုင်ခုံများတွင် အသီးသီး နေရာယူ၍ ပွဲစဉ် သတ်မှတ် အချိန်များ အတိုင်း ပြိုင်ပွဲ ပထမနေ့ အစီအစဉ် အဖြစ် ဆက်လက် ကျင်းပ ခဲ့သည်။

အဆိုပါ ပြိုင်ပွဲကို အမျိုးအစား ၄ မျိုး ကျင်းပရာ အသင်းလိုက် ပြိုင်ပွဲ ၊ ပထမတန်း အဖြစ် (၆)သင်း ၊ ဒုတိယတန်း (၇)သင်း ၊ တတိယတန်း (၁၅)သင်း နှင့် အမြန်ရွှေ့ အသင်း (၁၂) သင်းတို့ မှ ပြိုင်ပွဲဝင် ဦးရေ ၁၅၆ ဦး ပါဝင် ယှဉ်ပြိုင် ကြသည်။ လာမည့် မေလ ၂၂ ရက်နေ့ အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ ၉ ရက်ကြာ ယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်း သိရှိရသည်။


Credit : http://pyichit-thar.blogspot.com/2013/05/blog-post_6901.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။