/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, May 17, 2013

.

ရန်ကုန်တိုင်းအတွက် ဖုန်းကတ် တသိန်းကျော် ရောင်းချပေးမည်

မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်းက ဒုတိယအကြိမ် ရောင်းချပေးမည့် တန်ဖိုးနည်း ဖုန်းဆင်းကတ်များကို ရန်ကုန်တိုင်း အတွင်း ၁၀၁,၀၀၀ ကျော် ရောင်းချပေးမည် ဖြစ်ကြောင်း မြန်မာ ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

“မေ ၂၀ ရက်မှာ မြန်မာစီးပွားရေးကော်ပိုရေးရှင်းကေ၇ာင်းချပေးမဲ့စင်းကတ်တွေထဲက ရန်ကုန်တိုင်း ဒေသကြီး အတွက်ဖုန်းစင်းကတ် ၁၀၁,၂၁၉ ကတ်ကို ရောင်းချပေးမှာဖြစ်ပါတယ်” ဟု မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှာ တာဝန်ရှိသူတဦးက ဆိုသည်။


ကျပ် ၁,၅၀၀ တန် CDMA 800 Mhz ဖုန်းကတ်များကို ဧပြီလအတွင်းက စတင်ရောင်းချခဲ့ရာ ရန်ကုန်တိုင်း အတွင်း ၁၁၀,၀၀၀ ကျော် ရောင်းချပေးခဲ့ပြီးကြောင်းလည်း ၎င်းက ဆိုသည်။

အဆိုပါ တန်ဖိုးနည်း ဖုန်းကတ်များကို ပြည်နယ်နှင့် တိုင်း လူဦးရေ အချိုးအစားအလိုက် ခွဲဝေရောင်းချမည် ဖြစ်သည်။

“လူဦးရေ ထူထပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ တယ်လီဖုန်း ဆင်းကတ် အများဆုံး ခွဲတမ်း ရရှိမှာဖြစ်ပြီး လူဦးရေ အနည်းဆုံး ချင်းပြည်နယ်မှာ အနည်းဆုံး ခွဲတမ်း ရရှိမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ချင်းပြည်နယ်မှာ CDMA-800MHz စနစ် တပ်ဆင်ထားခြင်း မရှိ၍ WCDMA (3G) ဖုန်းများကို အလားတူ ဈေးဖြင့် ရောင်းချပေးသွားမည် ဖြစ်သည်။

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တပ်ဆင်ထားသော တန်ဖိုးနည်း မိုဘိုင်းဖုန်း ၃၅၀,၀၀၀ ကို ပထမအသုတ် အဖြစ် ပြည်နယ်နှင့် တိုင်းအစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် ဧပြီလ ၂၄ ရက်မှ စတင် ရောင်းချပေးခဲ့ပြီး ဖြစ်သည်။

Credit : Mizzima

1 comment:

  1. ဖုန်းတွေများများနဲ့ဈေးပေါပေါချပေးတာတော့ကျေးဇူးတင်တယ်၊ Service နေရာတိုင်းမိအောင် လိုင်းမကြပ်အောင် လိုင်းမပူးအောင် အရင်လုပ်ပေးစေချင်တယ်။ ဘာလို့လဲဆိုတော့ ကြားရလား မကြားဘူးလားနဲ့တင် ဖုန်း bill က ၆၀% ကုန်နေလို့ပါ။

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။