/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Saturday, April 6, 2013

.

အမျိုးသားကျန်းမာရေးကွန်ယက်(NLD) အလှူငွေ သိန်းလေးထောင်ခန့်လက်ခံရရှိ


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အမျိုးသားကျန်းမာရေးကွန်ယက်ဖွဲ့စည်းရာတွင် အလှူငွေ သိန်း ၄ ထောင်ခန့် လက်ခံရရှိခဲ့ကြောင်း ၎င်းကွန်ယက်၏ ဘဏ္ဍရေးနှင့် ရန်ပုံငွေ ရှာဖွေရေးကော်မတီ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်းထံမှ သိရသည်။


မြန်မာငွေ သိန်း ၃၈၂၆ သိန်း၊ အမေရိကန်ဒေါ်လာ ၁၆၄၀၀ ၊ ယမ်းငွေ ၁ သိန်းကို လှူဒါန်းမှုအသီးသီးမှ အမျိုးသားကျန်းမာရေးကွန်ယက်အတွက် ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါ အမျိုးသား ကျန်းမာရေး ကွန်ယက် (NLD)ကို ၂၀၁၃ ဖေဖော်ဝါရီ ၉ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း၊ ဒု ဥက္ကဌ (၁) ဒေါက်တာသန်းအေး၊ ၊ ဒု ဥက္ကဌ (၂ )ဒေါက်တာ ရွှေပုံ၊၊ ဒု ဥက္ကဌ (၃) ဒေါက်တာ မြသော်၊ အတွင်းရေးမှူး ဒေါက်တာ ကျော်စွာဦး နှင့် အဖွဲ့ဝင် ၉ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်းသိရသည်။

အမျိုးသားကျန်းမာရေးကွန်ယက် (NLD) ဖွဲ့စည်းရခြင်းသည် မြန်မာနိုင်ငံ အမျိုးသားကျန်းမာရေး အဆင့် အတန်းတိုးတက်မြင့်မားစေပြီး ကူညီဆောင်ရွက်နိုင်ရန် ဖြစ်ကြောင်း NLD ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။