/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Saturday, April 6, 2013

.

ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် ဒီဧပြီ ဂျူမုံလာမည်..


ဧပြီလ၆ရက်၊ နေ့ခင် ၁နာရီက ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ရုံးခန်း၌ ပြုလုပ်သည့် အစည်းအဝေးမှ ဒေါ်အောင်ဆန်းစုကြည် နေအိမ်၌ ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကား ဖြစ်မြောက်ရေးအဖွဲ့နှင့် ကိုရီးယားရုပ်ရှင် မင်းသားဂျူမုံတို့ မှဧပြီ၂၃မှာ တွေ့ဆုံရန်ရှိကြောင်းကို ထုတ်ပြန်ပါသည်။


ယင်းအစည်းအဝေး၏ ထုတ်ပြန်ချက်များတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ကြားချက်အရ ကိုရီးယားမှ လာရောက်မည့် မင်းသားဂျူမုံနှင့် ဒါရိုက်တာတို့ထံမှ ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရေးအကြံဉာဏ်များ ရယူနိုင်ရန်တွေ့ဆုံဖို့ရှိကြောင်း၊ ဗိုလ်ချုပ် အောင်ဆန်းရုပ်ရှင် ဇာတ်ကားအတွက် ဇာတ်ညွှန်း လုံးဝပြီးစီး သွားပြီ ဖြစ်ကြောင်း၊ ဇာတ်ညွှန်းကို နောက်ဆုံးအဆင့် ပြင်ဆင်တည်းဖြတ်ပြီး ပါက လုပ်ဆောင်ရမည့် အခန်းကဏ္ဍကို တစ်ခုပြီးတစ်ခုစတင်တော့မှာ ဖြစ်ကြောင်း၊ ဗိုလ်ချုပ်နှင့်ဒေါ်ခင်ကြည်နေရာ အတွက် သရုပ်ဆောင်များကို မေလဆန်းမှာစကားပြောနှင့်အမူအရာကို သင်ပေးမည်ဖြစ် ကြောင်း ကိုဇော်သက်ထွေးက ထုတ်ပြန်ပြောကြား ပေးပါသည်။ 

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။