/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Sunday, April 7, 2013

.

ဦးသန့်အိမ် ရန်ကုန်မှာဖွင့်လှစ်


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တာဝန်ကို ၁၉၆၁ ခုနှစ်ကနေ ၁၉၇၁ ခုနှစ်အထိ တာဝန်ယူခဲ့သူ ဦးသန့် ရန်ကုန်မြို့မှာနေထိုင်ခဲ့တဲ့ နေအိမ်ကို တနင်္ဂနွေနေ့က ဖွင့်လှစ်ခဲ့ပါတယ်။ ဝင်ဒါမီယာ Crescent လမ်း လို့ အများသိကြတဲ့ ပန်းဝါလမ်းက နေအိမ်ကို အကြိုဖွင့်လှစ်ခဲ့တာဖြစ်ပြီး နောင်မှာ အများပြည်သူ လာရောက် ကြည်ရှုနိုင်မယ့် ပြတိုက်အဖြစ် ပြသနိုင်ဖို့ ပြင်ဆင်နေတယ်လို့ ရန်ကုန်မြို့ပြအမွေအနှစ် စောင့်ရှောက်ရေး အဖွဲ့နဲ့ ဦးသန့်အိမ်စောင့်ရှောက်ရေး အဖွဲ့က ပြောပါတယ်။


တတိယမြောက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တာဝန်ကို မယူခင် ဝန်ကြီးချုပ်ဦးနုရဲ့ အမြဲတမ်းအတွင်းဝန် တာဝန်ကို ထမ်းဆောင်နေစဉ် ၁၉၅၁ ခုနှစ်ကနေ ၁၉၅၇ ခုနှစ်အထိ ဦးသန့်ဟာ အခုပန်းဝါလို့ ခေါ်နေတဲ့လမ်းထဲက အိမ်မှာ နေထိုင်ခဲ့တာဖြစ်ပါတယ်။ အရင်က လျစ်လျူရှုထားတဲ့အတွက် ယိုယွင်းနေတဲ့ ဦးသန့်ရဲ့အိမ်ကို Yangon Heritage Trust ရန်ကုန်မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေးအဖွဲ့က ဦးစီးပြီး ပြန်လည်ပြင်ဆင်ခဲ့တာပါ။

ဦးသန့်ရဲ့ဘဝနဲ့ သူလုပ်ကိုင်ခဲ့တဲ့ အလုပ်တာဝန်တွေကို ပြန်လည် အမှတ်ရစေဖို့ ပြတိုက်အသေးစား တခုနဲ့ အတူ အများပြည်သူ အသုံးပြုနိုင်တဲ့နေရာတခုအဖြစ် ပြောင်းလဲဖို့ ရည်ရွယ်လုပ်ခဲ့ တာဖြစ်တဲ့အကြောင်း အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာသန့်မြင့်ဦးက ပြောပါတယ်။ လမယ့်လတွေအတွင်း ဦးသန့်ပြတိုက်ကို ဖွင့်လှစ်မယ်လို့ မျှော်လင့်တဲ့ အကြောင်းကိုလည်း ဦးသန့်အိမ်ဖွင့်ပွဲနဲ့ ပတ်သက်တဲ့ ကြေညာချက် ထဲမှာ ဖော်ပြထားပါတယ်။

စနေနေ့က ဦးသန့်အိမ်ဖွင့်ပွဲကို အစိုးရဝန်ကြီးတချို့အပြင် သံတမန်တွေ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။