/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, April 23, 2013

.

ဝန်ကြီးဦးအောင်မင်းကခိုင်အောင်ကျော် ( နယူးယောက် )ကိုအလုပ်တခုပေး

နိုင်ငံတကာရောက် ရခိုင်လူမျိုးများက ကိုရဲမင်းဦးကို လွှတ်ပေးဖို့  သမ္မတဦးသိန်းစိန်ကို အိတ်ဖွင့်ပေးစာ ပေးနေစဉ်

အမေရိကပြည်ထောင်စု နယူးယောက်မြို့ မှာ မြန်မာနိုင်ငံအစိုးရ၀န်ကြီး ဦးအောင်မင်း-လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အားဦးစီးဋ္ဌါန ၀န်ကြီး ဦးခင်ရီ-ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး-နယူးယောက်သံအမတ် ဦးကျော်တင့်တို့ က မြန်မာမိသားစုတွေနဲ့  -၂၂-၄-၂၀၁၃- နေ့ လည်-၁-နာရီခန့် မှာ ကုလသမ္မဂ ရုံးချုပ်ရှေ့ -United Palaza -အဆောက်အဦးမှာ တွေ့ ဆုံပွဲလုပ်ခဲ့ ပါတယ် ။ အဲဒီလိုတွေ့ ဆုံပွဲ ပြုလုပ်ရာမှာ မြန်မာ အစိုးရ၀န်ကြီးများကို တောင်းဆိုဆန္ဒပြတဲ့  ရခိုင်လူမျိုးတွေက အိတ်ဖွင့်ပေးစာ တစောင်ကို ထုတ်ပြန်ပေး ပါတယ် ။


ကျွန်တော်က နိုင်ငံတကာရောက် ရခိုင်လူမျိုးများရဲ့  အိတ်ဖွင့်ပေးစာကို ပြည်ထောင်စုသမ္မတရုံးဝန်ကြီး ဦးအောင်မင်းကို အခန်းအနားအပြီးမှာ သူကတဆင့် သမ္မတဦးသိန်းစိန်ဆီ ပေးဖတ်စေဖို့  မေတ္တာရပ်ခံပြီး ပေးလိုက်တာဖြစ်ပါတယ် ။ ဒီစာမှာ အဓိကဖေါ်ပြထားတာကတော့ စီးပွါးရေးတက္ကသိုလ်ကျောင်းသား ကိုရဲမင်းဦးကို မတရားဖမ်းဆီးတာနဲ့  ပါတ်သက်ပြီး ချက်ချင်းလွှတ်ပေးဖို့ ၊ ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေကို တိကျထိရောက်အောင် ဆောင်ရွက်ပေးဖို့  ၊ ၉၆၉-ကို ၀န်းရံပေးဖို့  ၊ OIC- ကို လုံးဝလက်မခံဖို့ နဲ့  ခိုးဝင်ဘင်္ဂလီကုလားလူမျိုးတွေအတွက် အဆောက်အဦးတွေ ဆောက်ပေးတာကို မပြုလုပ်ဖို့  တင်ပြတောင်းဆိုထားတာဖြစ်ပါတယ် ။


ကျွန်တော်က အိတ်ဖွင့်ပေးစာပေးပြီး ၀န်ကြီးဦးအောင်မင်းနဲ့  လက်ဆွဲနုတ်ဆက် စကားပြောပြီးတဲ့ အခါ သူနဲ့ ကျွန်တော် စကားပြောကြတယ် ။

“ ဒီစာက သမ္မတဦးသိန်းစိန်ကို အောက်မှာဆန္ဒပြနေတဲ့  ရခိုင်လူမျိုးတွေက အိတ်ဖွင့်ပေးတဲ့ စာပါ ၊ ကျေးဇူးပြုလို့  ပေးပေးပါ ခင်ဗျား “

“ ခင်ဗျားက ကျနော့်ကို အလုပ်ပေးတယ်ဆိုတော့ ခင်ဗျားကိုလဲ ကျနော်က အလုပ်တခုပေးရမယ် “

ကျနော်က ပြန်ပြောလိုက်တယ်

“ ဘာအလုပ်လဲ ဗျာ “

“ ခင်ဗျားက ဘင်္ဂလီတွေကို ထောက်ခံနေတဲ့  လော်ဘီတွေ လုပ်နေတဲ့  လူတွေကို ပြန်လည်ပြီး တုန့် ပြန် ရေးပေးပါ ၊ ကျနော်တို့ လဲ ဗုဒ္ဒဘာသာဝင်တွေပါဘဲဗျာ “

“ ဟုတ်ကဲ့ - ကျနော်လဲ ရေးနေပါတယ် “

ခိုင်အောင်ကျော် ( နယူးယောက် )

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။