/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Saturday, March 23, 2013

.

Google Play မြန်မာနိုင်ငံတွင် သုံး၍ရပြီ

မြန်မာနိုင်ငံ အင်တာနက် အသုံးပြုသူများမျှော်လင့်စောင့် စားနေသော Google Play ကို ယနေ့ နံက်မှစတင်၍ အသုံးပြု၍ ရပြီဖြစ်ကြောင်းသိရသည်။ ဂူးဂဲလ် အမှုဆောင်အရာရှိချုပ် Mr. Eric Schmidt မတ်လ ၂၂ရက်နေ့က မြန်မာနိုင်ငံ သို့ ရောက် ရှိလာခဲ့ပြီးနောက် ယခုကဲ့သို့ အသုံးပြုခွင့် ရရှိခဲ့ခြင်းဖြစ် သည်။ Mr. Eric Schmidt မလာမီ တစ်ရက်အလိုကလည်း Google.com.mm ဒိုမိန်းနှင့် အသုံးပြုခွင့်ရခဲ့ပြီးဖြစ်သည်။

ယင်းသတင်း ပတ်သက်ပြီး အန်းဒရွိုက်စနစ်သုံး ဂူးဂဲလ် အယ်ပလီကေး ရှင်းအသုံးပြုသူတစ်ဦးက " အရမ်းမိုက် ပါတယ်ဗျ၊ အရင်က ကျနော်တို့ အယ်ပလီကေးရှင်း တစ်ခု အသုံးပြုချင်ဆို Google Play က ကျွန်တော် နိုင်ငံအနေနှင့် သုံးမရတော့ သိပ်အဆင်မပြေပါဘူး၊ ဒီမနက်မှာတော့ ကျွန် တော်စမ်းသုံးကြည့်တော့ သုံးလို့ရတာတွေ့ရပါတယ် " ဟု ၎င်းကပြောသည်။

Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။