/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Saturday, March 23, 2013

.

မိတ္ထီလာ နောက်ဆုံးရသတင်း

"ဖြစ်စဉ်အတွင်း ဖမ်းဆီးထားသူ ၅၃ ဦးရှိပြီဖြစ်"

မတ်လ ၂၀ ရက်နေ့ကနေ မတ်လ ၂၃ ရက်နေ့အထိ လေးရက်အတွင်း မိတ္ထီလာ မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေမှာ မသင်္ကာသူ ၅၃ ဦးကို မိတ္ထီလာမြို့နယ်အတွင်းက သက်ဆိုင်ရာနယ်မြေ ရဲတပ်ဖွဲ့ စခန်း တွေမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့မှုးရုံးက ရဲအရာရှိတစ်ဦးက RFA ကိုဒီကနေ့ မနက်မှာ အတည်ပြုပြောကြားပါတယ်။

ရဲစခန်းတွေမှာ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ လူ ၅၃ ဦးအထဲမှာ မိတ္ထီလာမြို့ကမဟုတ်ဘဲအနီးအနားမြို့တွေ က ဒေသခံ တွေပါဝင်တယ်လို့လဲ အဲဒီအရာရှိက ပြောပါတယ်။

မိတ္ထီလာမြို့တွင်းမှာ ပစ္စည်းများကိုင်ဆောင် သွားလာနေတဲ့ မင်္သကာဖွယ်သူအချို့ကို စတင်ဖြစ် ပွား ရာ မတ်လ ၂၀ ရက်နေ့ကတည်းက စတင် ထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။

မနေ့က မတ်လ ၂၂ ရက်နေ့နေ့လယ်က စပြီး အဓိကရုဏ်းတွေ အဓိက ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့နယ် အမှတ်(၂)ရဲစခန်းနယ်မြေအတွင်းမှာ ယာယီစစ်ဆေးရေးဂိတ်တွေဖွင့်လှစ်ပြီး တုတ်၊ဓားကိုင်ဆောင်ပြီး မိတ္ထီလာမြို့တွင်း သွားလာနေသူအချို့မှာပါရှိတဲ့ တုတ်တွေ၊ဓားတွေကို သိမ်းဆည်းခဲ့တယ်လို့ မိတ္ထီလာ အမှတ်(၂)ရဲစခန်းက တာဝန်ရှိသူက RFA ကို မတ်လ ၂၂ ရက်နေ့ညနေက ပြောပါတယ်။

Credit : Here

2 comments:

  1. ဘယ်တော.အပြစ်ပေးမှားလဲ အေးချမ်းစွာနေလိုတဲ.လူတွေ၇ှိတယ်ဆိုတာနားလည်ပေးပါ

    ReplyDelete
  2. ဦးဝင်းထိန်းနဲ.ခင်ညွန်.ကိုပါဖမ်းပေးပါ ဘာသာေ၇းအေ၇ခြုံပြီး လူမျိုးေ၇းလုပ်တဲ.လူသတ်ဖို.လှုံဆော်တဲ.ဘုန်ကြီး 3ပါးကိုဘာအမြန်ဆုံးဖမ်းပေးပါ

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။