/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Sunday, March 31, 2013

.

တရားမ၀င် ကျွန်းသစ် တံခါးရွက် နှင့် ကျွန်းပွတ်လုံးများ ကျပ်သိန်း ၈၉၀ ကျော်ဖိုး ဖမ်းဆီးရမိ


တရားမ၀င် သစ်ထုတ်လုပ်မှု နှင့် ရောင်းဝယ်မှု လုပ်ငန်းများ လျော့နည်း ကျဆင်းရေး အတွက် တာဝန်ရှိသူ များမှ ကြိုးပမ်း ဆောင်ရွက်လျက် ရှိရာ မတ်လ ၂၈ ရက်နေ့ ညနေ ၃ နာရီ အချန်က ပဲခူးတိုင်း ဒေသကြီး ရေတာရှည်မြို့ တောင်ဘက် ရန်ကုန် - မန္တလေး ပြည်ထောင်စု လမ်းမကြီး ဘေးတွင် တရားမ၀င် ကျွန်းသစ် တံခါးရွက်များ အရွယ်စုံ ၃၅ တန်ကျော် ၊ ကာလတန်ဖိုး ကျပ်သိန်း ၈၉၀ ဒသမ ၇၇၅၀ ကို ပိုင်ရှင်မဲ့ ဖမ်းဆီ ရမိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ရေတာရှည် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဥာဏ်ဝင်း နှင့် မြို့နယ် သစ်တော ဦးစီးဌာနမှ တာဝန်ရှိသူ များက မိမိမြို့နယ် အတွင်း တရားမ၀င် သစ်ထုတ်လုပ် ရောင်းဝယ်မှုများ မရှိစေရေး အတွက် သတင်းအရ ရေတာရှည်မြို့ တောင်ဘက် ရန်ကုန် - မန္တလေး ပြည်ထောင်စု လမ်းမကြီး ၊ မိုင်တိုင် အမှတ် ၁၈၈/၀ နှင့် ၁၈၈/၂ အကြား ကားလမ်း အရှေ့ဘက် ၊ အနောက်ဘက် တွင် ကားပေါ်မှ ပစ်ချခဲ့သည့် ကျွန်းတံခါးရွက် ၂၄၃၀ ချပ် ( ၃၅ ဒသမ ၃၅၃၈ တန် ) ကျွန်းပွတ်လုံး ၂၃၁ လုံး ( ၀ ဒသမ ၂၇၇၂ တန် ) စုစုပေါင်း ၃၅ ဒသမ ၆၃၁ တန် ၊ ကာလတန်ဖိုး ကျပ်သိန်း ၈၉၀ ဒသမ ၇၇၅၀ အား ပိုင်ရှင်မဲ့ တွေ့ရှိရ၍ ရေတာရှည် မြို့နယ် သစ်တော ဦးစီးဌာန တွင် ထိန်းသိမ်း ထားရှိကြောင်း သိရပြီး ယခုအခါ တရားမ၀င် ကျွန်းသစ်များ သယ်ဆောင်မှု မရှိစေရေး အတွက် ရေတာရှည် မြို့နယ် နှင့် တောင်ငူ မြို့နယ် များတွင် သက်ဆိုင်ရာ တာဝန်ရှိ သူများမှ စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။


Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။