/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Sunday, March 31, 2013

.

ကိုရီးယားနိုင်ငံတွင် စကတ်အတို ဝတ်ဆင်ခြင်းကို ဒဏ်တပ်မည်

တောင်ကိုရီးယားနိုင်ငံတွင် ယခုရက်သတ္တပတ် အတွင်း၌ အမျိုးသမီးများ အဝတ်အစား အဖော် အချွတ်နှင့် ပတ်သက်သော ဥပဒေတစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့ရာ လူထုကြား၌ အငြင်းပွားမှု များ ဖြစ်ပေါ်နေသည်။


ကိုရီးယားနိုင်ငံရှိ အမျိုးသမီးများက အများပြည်သူ ရှေ့တွင် ပေါင်ပေါ်စကတ်ကို ဝတ်ဆင်လျှင်သော် လည်းကောင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းများကို အလွန်အမင်းဖော်ပြလျှင်သော်လည်းကောင်း ကိုရီးယား ငွေဝမ် ၅၀,၀၀၀ ဒဏ်ကြေးငွေပေးဆောင် ရမည်ဟု သိရသည်။


အဆိုပါ ဥပဒေသစ်ကို တောင်ကိုရီးယားနိုင်ငံ၏ ပထမဆုံးအမျိုးသမီးသမ္မတဖြစ်သူ ပက်ဂွမ်ဟေးကသူမ၏ ပထမဆုံးဝန်ကြီးများ တွေ့ဆုံ အစည်းအဝေး၌ အတည်ပြု ပေးလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ဥပဒေအပေါ် ခေတ်နောက် ပြန်ဆွဲသောဥပဒေဟုလည်းကောင်း၊ အာဏာရှင်ဆန်သောဥပဒေဟု လည်းကောင်း အမျိုးမျိုး ဝေဖန် ကြကြောင်း သိရသည်။

ပက်ဂွမ်းဟေး၏ အဖေဖြစ်သူ ပတ်ချုံဟီး တောင်ကိုရီးယားနိုင်ငံကို ၁၉၇၀ ပြည့်နှစ်များက အုပ်ချုပ်စဉ် ကလည်း အလားတူဥပဒေမျိုး ပြဌာန်းခဲ့ဖူးသည်ဟုသိရသည်။ စကတ်တိုဝတ်ဆင်ခြင်းသည် ကိုရီးယား အမျိုးသမီးများနှင့် ဆိုတော်များအကြားတွင် အလွန်ခေတ်စားနေသော ဖက်ရှင်တစ်ခု ဖြစ်သည်။

Myawady News

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။