အဘပြောတဲ့ ကချင်ပြည်နယ်ကို ကချင်တွေပဲ အုပ်ချုပ်ဆိုတာ လက်နက်ကိုင်ထားတဲ့ ကေအိုင်အေလို့ ခေါ် တဲ့ ကချင်တွေကို ပြောတာလား။ ပင်လုံမတိုင်ခင်က နယ်နိမိတ်တွေကို ပြန်ခွဲအုံးမှာလား။
ချင်းပြည်နယ်ကို ချင်းတွေ အုပ်ချုပ်ပြီး ကချင်က တစ်ပုံကို ခွဲပေးရမယ် ဆိုတာ နှစ်ပေါင်း ၂၀ ကျော် နိုင် ငံခြား ရောက်ပြီး အခုမှ ပြန်လာတဲ့ ချင်းတွေကို ပြောတာလား။
ကရင်ပြည်နယ်ကို ကရင်တွေပဲ အုပ်ချုပ်ဆိုရင် ကရင်ပြည်နယ်က မြိုင်ကြီးငူနဲ့ အခြား အထူးဒေသတွေ၊ ဘား အံ နဲ့ မြို့ပေါ် ဒေသတွေကို ခွဲပြီး အုပ်ချုပ်ဖို့ ပြောတာလား။ ဧရာဝတီက ကရင်တွေကကော။ စောဘ ဦးကြီး ပြောခဲ့ တဲ့ ကရင်နယ်နိမိတ်ကကော။
ရှမ်းပြည်နယ်ကို ရှမ်းတွေပဲ အုပ်ချုပ်ဆိုတာက ၀၊ ကိုးကန့်၊ SSA တောင်မြောက် တွေကို ပိုင်းပြီး အုပ်ချုပ်ဖို့ ပြော တာ လား။
ရခိုင်ပြည်နယ်ကို ရခိုင်တွေပဲ အုပ်ချုပ်ဆိုတာ ဟို လူ သန်းနဲ့ချီလာတဲ့ ဘင်္ဂလီတွေနေရာကော ပါရဲ့လား။
ဒါဖြင့် ဗမာပြည်ကို ဗမာတွေပဲ အုပ်ချုပ်ဖို့ ဘယ်ဟာကို ဗမာလို့ သတ်မှတ်မှာလဲ။
မန္တလေးကို မန္တလေးသားတွေပဲ အုပ်ချုပ်စေမှာလား။ ရန်ကုန်ဆို ရန်ကုန်၊ စစ်ကိုင်းဆို စစ်ကိုင်း အဲလိုလား။
အဘ တစ်ယောက်ထဲနဲ့ မရဘူး ဆိုတဲ့စကားကိုတော့ ကျွန်တော် ယုံပါတယ်။
ဒါပေမယ့် မရှင်းလို့ပါ အဘရယ်။
Credit : Here

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။