/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, February 21, 2013

.

(၂၇)ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲကြီး ကျင်းပရန် အချိန် နီးကပ် လာပြီဖြစ် ပြင်ဆင်ရေး လုပ်ငန်း များကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်

(၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ကမကထ (Sponsor) ပြုမည့် အဖွဲ့ များ၊ ကြော်ငြာ၊ မော်တော်ယာဉ်နှင့် ဆုတံဆိပ် များနှင့် စပ်လျဉ်းသည့် ညှိနှိုင်း အစည်း အဝေးကို ယမန်နေ့က ကျင်းပရာ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲကြီး ကျင်းပရန် အချိန် နီးကပ်လာပြီ ဖြစ်၍ ပြင်ဆင်ရေး လုပ်ငန်းများကို အရှိန်အ ဟုန် မြှင့် တင် ဆောင်ရွက်ကြရန်၊ ယခု အစည်း အဝေးတွင် အားကစား ပြိုင်ပွဲနှင့် ဆက်စပ်နေသည့် လုပ်ငန်း အဝဝ၌ ကမကထ ပြုမည့် နိုင်ငံတကာ လုပ်ငန်းရှင် များအား ရှာဖွေရမည့် နည်းလမ်းများကို ဆွေးနွေးရန်နှင့် ဘဏ္ဍာငွေ ရှာဖွေခြင်း၊ သုံးစွဲခြင်း လုပ်ငန်းအားလုံး ပွင့်လင်း မြင်သာမှု ရှိရန် ပြောကြား ခဲ့ကြောင်း သိရသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက အားကစားပွဲ လုပ်ငန်းများတွင် နိုင်ငံတကာ ကမကထ ပြုသူ လုပ်ငန်းရှင် များအား တင်ဒါ ဖိတ်ခေါ်မည့် အစီအစဉ် များကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် တက်ရောက် လာကြသူ များက ဆွေးနွေးကြပြီး ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။