/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, February 21, 2013

.

ရေထုညစ်ညမ်းမှုများ ရှိလာသော ကန်တော်ကြီးကန်ရေပြင် သန့်ရှင်းမှု လုပ်ငန်းများအတွက် မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းတွင် ထည့်သွင်းရေးဆွဲမည်

ကန်တော်ကြီးအား ဖေဖော်ဝါရီ ၁၈ ရက်နေ့က တွေ့ရစဉ်

ရေထုညစ်ညမ်းမှုများ ရှိလာသော ကန်တော်ကြီး ကန်ရေပြင်သန့်ရှင်းရေး လုပ်ငန်းအချို့ကို လက်ရှိ ပြုလုပ်လျက်ရှိပြီး ၂၀၁၃ ခုနှစ် အကုန်တွင် အပြီးရေးဆွဲမည့် မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းတွင်လည်း ကန်တော်ကြီးရေပြင် သန့်ရှင်းရေးလုပ်ငန်းများအား ထည့်သွင်းရေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရေနှင့်သန့်ရှင်းမှု ဌာနမှ သိရသည်။

ကန်တော်ကြီး ပတ်ဝန်းကျင်မှ ကန်ဧရိယာထဲသို့ ၀င်ရောက်လာသော ရေဆိုးရေညစ်များကြောင့် ကန်ရေပြင် ညစ်ညမ်းမှု ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရသည်။

"ကန်တော်ကြီးကန်ရေပြင် ကြည်လင်သန့်ရှင်းအောင် ရှင်းလင်းမှုအချို့ လုပ်ခဲ့ပါတယ်။ ကန်တော်ကြီးထဲကို ပတ်ဝန်းကျင်က ၀င်လာတဲ့ ရေတွေကြောင့် ရေထုညစ်ညမ်းမှု ဖြစ်ပေါ်စေတာပါ။ အဲဒီအတွက် ရန်ကုန်မြို့ပြ စီမံကိန်းမှာလည်း ကန်တော်ကြီးသန့်ရှင်းရေး လုပ်ငန်းတွေ လုပ်ဖို့အတွက် ထည့်သွင်းရေးဆွဲသွား မှာ ဖြစ်ပါတယ်" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရေနှင့်သန့်ရှင်းမှုဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထြို့ပင် နာဂစ်မုန်တိုင်းအတွင်း နစ်မြှုပ်သွားခဲ့သော ကန်ရေပြင် သန့်စင်အောင် ပြုလုပ်ပေးသည့် ရေပန်း ကိုလည်း ပြန်လည်အသုံးပြုနိုင်ရန် ဆယ်ယူထားပြီးဖြစ်ကြောင်း သိရသည်။

ကန်တော်ကြီးရှိ စားသောက်ဆိုင်များမှ စွန့်ပစ်သော ရေဆိုးများကြောင့်လည်း ရေပြင်ညစ်ညမ်းနေရ၍ စားသောက်ဆိုင်များ ထပ်မံတိုးချဲ့ တည်ဆောက်ခြင်းကို ၂၀၀၅ ခုနှစ်က ကန့်သတ်ထားခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။ ကန်တော်ကြီးရေပြင် ဧရိယာမှာ ဧက ၁၅၀ ခန့်ရှိပြီး ၁၈၁၂ ခုနှစ်နောက်ပိုင်း ရန်ကုန်မြို့တွင် သောက်သုံးရေရှားပါး၍ သောက်သုံးရေကန်အဖြစ် အသုံးပြုခဲ့ရသည်ဟု သိရသည်။

EMG

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။